စစ်ရေးသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ မှာ အဓမ္မခေါ်ယူခြင်းခံရသူ အများစုပါဝင်

မဲခေါင် 21 Oct - 2024
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ကို ခေါ်ယူရာမှာ အဓမ္မခေါ်ယူခြင်း ခံရသူ အများစု ပါဝင်တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) တာဝန်ရှိသူက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၁

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ကို ခေါ်ယူရာမှာ အဓမ္မခေါ်ယူခြင်း ခံရသူ အများစု ပါဝင်တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) တာဝန်ရှိသူက ပြောပါတယ်။

အရင် အပတ်စဉ် ၁၊ ၂ ကလိုမျိုး မိမိဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေ မရှိတော့တဲ့အတွက် မဲနှိုက်တာ မပြုလုပ်တော့ဘဲ တိုက်ရိုက်ဆင့်ခေါ်စာနဲ့ ခေါ်ယူတာ၊ စစ်ဆေးရေးဂိတ်တွေမှာ စောင့်ဖမ်းပြီး ပေါ်တာဆွဲတာတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

“စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ ဒေသတွေက ပိုပြီးတော့ ခံရတာပေါ့နော်။ သူတို့ သတ်မှတ်တဲ့ အရေအတွက် ၄ ထောင်နဲ့ ၅ ထောင်သတ်မှတ်တဲ့အထဲမှာ ထိန်းချုပ်ဒေသက လျော့နည်းလာတော့ မဖြစ်မနေ ခေါ်ယူရတဲ့အထဲမှာ အတင်းအကြပ် ခေါ်ယူတာတွေ ဖြစ်လာတာပေါ့။ ဒါကြောင့်လည်း အပတ်စဉ် ၃၊ ၄၊ ၅ မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက အဓိက ခံရတာပေါ့နော်” လို့ BACS ရဲ့ သုတေသန တာဝန်ခံ ကိုမင်းထက်အောင်က ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၁ ကို ခေါ်ယူခဲ့စဉ်က စစ်တပ်ထောက်ခံသူ အများစုနဲ့ ၅ ‌ထောင်အရေအတွက် ပြည့်မီခဲ့ပေမယ့် အပတ်စဉ် ၂ ကစပြီး ခေါ်ယူဖို့ ခက်ခဲလာတာကြောင့် စစ်မှုထမ်း ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လျာထားချက်ဦးရေ ပြည့်မီဖို့ ဖိအားပေးခေါ်ယူခိုင်းထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကို ဖြေကြားထားပါတယ်။

“အပတ်စဉ် ၃ မှာဆိုရင် ပအိုဝ်းဘက်မှာ သင်တန်းကျောင်းအသစ် ဖွင့်ပြီးတော့ ရန်ကုန်တိုင်းက ခေါ်တဲ့လူတွေ အများဆုံး ပို့ထားတာမျိုး ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ နောက်ထပ်ခံရတာကတော့ ပဲခူးတိုင်း၊ မကွေးတိုင်း အရှေ့ခြမ်း၊ မန္တလေးတိုင်းပေါ့နော်။ ပြီးတော့ နေပြည်တော်လည်း ပါတာပေါ့” လို့ ကိုမင်းထက်အောင်က ဆက်ပြောပါတယ်။

စစ်ကောင်စီက အပတ်စဉ် ၃၊ ၄၊ ၅ ကို စုဆောင်းခဲ့ရာမှာ ပြည်သူ့စစ်မှုထမ်းတင် မကဘဲ အရင်ကတည်းက တပ်မတွေအလိုက် တပ်သားသစ်စုဆောင်းရတဲ့ လူသစ်စုဆောင်းရေး ကဏ္ဍကိုလည်း တစ်ပြိုင်နက် အကောင်အထည်ဖော်လာတယ်လို့ BACS ရဲ့ လေ့လာချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်နယ်မြေတင်မကဘဲ ပြည်ပနိုင်ငံတွေမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကိုလည်း အဓမ္မစစ်မှုထမ်း စေခိုင်းထားပြီး တိုက်ပွဲဖြစ်ပွားရာနဲ့ နီးစပ်ဒေသတွေမှာလည်း ပြည်သူ့စစ် ဖွဲ့စည်းနေတယ်လို့ ဆိုပါတယ်။

“ရှမ်းပြည်ဘက်မှာဆိုရင် စစ်မှုထမ်းပြဌာန်းပြီးမှ ပြည်သူ့စစ်တွေက ပိုပြီးစုဆောင်းလာတာ တွေ့ရတယ်ပေါ့နော်။ ဥပမာ PNO/ PNA ဆိုရင် သူတို့စုထားတာက စစ်တပ်ထက်တောင် များတယ်လို့ ပြောလို့ရတာပေါ့။ အဲတာတွေက အတင်းအကြပ် ခေါ်တာတွေ ရှိသလို တချို့ကြတော့လည်း သူတို့ဆီဝင်ရင် စစ်ကောင်စီရဲ့ စစ်မှုထမ်း မပါတော့ဘူးဆိုတာမျိုး မက်လုံးပေးထားတာကို တွေ့ရတယ်ပေါ့နော်” လို့ ကိုမင်းထက်အောင်က ရှင်းပြပါတယ်။

ဩဂုတ် ၁၆ ရက်နေ့တုန်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ထောက်ရှာကုန်းရွာမှာ စစ်ကောင်စီထောက်ခံသူ ပန်းရံလုပ်သား အယောက် ၁၀၀ ပေါ်တာဆွဲခံရပြီး ၄၅ ဦးကို စစ်မှုထမ်းခေါ်ယူခဲ့တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူရေးအဖွဲ့ကို ဖိအားပေးမှုကြော်င့် စစ်မှူထမ်း အပတ်စဉ် ၃၊ ၄၊ ၅ မှာ စုဆောင်းခံရသူဦးရေ ၂၁,၀၀၀ ထက်မနည်းရှိနိုင်ပြီး အပတ်စဉ်တခုမှာ အရင်အပတ်စဉ်တွေထက် လူဦးရေ ၂ ထောင်ခန့် ပိုနိုင်တယ်လို့ BACS က သုံးသပ်ထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ကံသာရပ် ယမ်းမီးလောင်မှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယခု အောက်တိုဘာလ ၁၆ရက်နေ့၌ တာချီလိတ်မြို့၊ အာခါဈေးအနီးတဝိုက်တွင် ကား ၂စီးဖြင့် ပေါ်တာဆွဲသွားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now