စစ်ရေးသတင်း

စစ်ကောင်စီနဲ့ တရုတ်က ရှမ်းမြောက်ကို ဖြတ်၅ဖြတ် ပိတ်ဆို့နေ

မဲခေါင် 7 Oct - 2024
ရှမ်းပြည်မြောက်ပိုင်းကို စစ်ကောင်စီက လောင်စာဆီ၊ ဆေးဝါးနဲ့ ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ တင်ပို့မှုကိုပိတ်ဆို့တာ၊ လူအဝင်အထွက်ကို တားမြစ်ပိတ်ဆို့တာတွေ အခုအောက်တိုဘာလ အစ ရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၇

ရှမ်းပြည်မြောက်ပိုင်းကို စစ်ကောင်စီက လောင်စာဆီ၊ ဆေးဝါးနဲ့ ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ တင်ပို့မှုကိုပိတ်ဆို့တာ၊ လူအဝင်အထွက်ကို တားမြစ်ပိတ်ဆို့တာတွေ အခုအောက်တိုဘာလ အစ ရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တရုတ်ဘက်ကလည်း MNDAA နဲ့ ကိုးကန့်ဒေသကို ဖြတ် ၅ဖြတ်လုပ်နေပြီး ထိစပ်နေတဲ့ တရုတ်နယ်စပ်ဂိတ်တွေကို တင်းကြပ်စွာ ပိတ်ဆို့ထားသလို စစ်ကောင်စီကလည်း ရှမ်းပြည်မြောက်ပိုင်း တခြားဒေသတွေကို လုပ်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

“စက်သုံးဆီ ထောက်ခံစာမှာ သယ်ယူခွင့်ပြုတဲ့မြို့မှအပ ကျန်နေရာခွင့်မပြုလို့ပါတယ်။ (ထောက်ခံစာကို) ထွေအုပ်နဲ့စစ်တပ်ဆီက ယူရတာ”လို့ မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်က အခကြေးငွေနဲ့ရော စစ်ဘေးရှောင်ကူညီတာအနေနဲ့ရော ပြေးဆွဲနေကြတဲ့ကားတွေ အခုဆို မိုင်းကိုင်- မိုင်းရယ်လမ်းမှာ အသွားအလာမရှိသလောက်ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

အခုလို ပိတ်ဆို့တာတွေအပြင် အင်တောနဲ့ ရပ်စောက်ဘက်မှာတော့ စစ်ဆေးရေး/လုံခြုံရေးဂိတ်တာဝန်ကျ တပ်နဲ့ရဲတွေကပဲ ငွေကြေးအဆမတန်တောင်းတာတွေရှိတယ်လို့ ခရီးသွားတွေဆီက စုံစမ်းသိရပါတယ်။

“ပြောမနေနဲ့ဆရာရေ ၁၂လက်မ ၁ပေ၊ ၃ပေ ၁ဂိတ် လို့ ပြောရအောင် ဂိတ်တွေများပြီး မပေးရင် ပြန်လှည့်ခိုင်းတာ၊ လုံးဝ အဆင်မပြေရင် လူကုန်ကူးပုဒ်မတပ်ပြီး ဖမ်းထောင်ချတာတွေ လုပ်လာနေတာ၊ အရမ်းကို ဆိုးနေပြီ”လို့ ရှမ်းပြည်မြောက်ပိုင်းသွား ယာဥ်မောင်းတစ်ဦးကမဲခေါင်ကို ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဘက်သွားတဲ့ ယာဉ်လိုင်းက ယာဥ်မောင်းတစ်ဦး ဆမ္မဆယ်ကွင်းလမ်းဂိတ်မှာ ညှိနှိုင်းအဆင်မပြေလို့ လူကုန်ကူးပုဒ်မနဲ့ ထောင်၆လ၊ ကားပေါ်က လူတွေကထောင်၃လ စီရင်ချက်ချခံရတာရှိတယ်လို့ ပြောပါတယ်။

ပြင်ဦးလွင်အတက် ၁၆မိုင်ကအစ နတ်စင်ဂိတ်၊ အနီးစခန်းရဲကင်း၊ ၂၃မိုင် ဇီးပင်ကြီးကနေ ၁၃/သမားတွေကို အကြောင်းအမျိုးမျိုးပြ ကြန့်ကြာအောင်လုပ်ပြီး ငွေတောင်းကာ ဝက်ဝံရှောင်ကွင်းလမ်း ဆမ္မဆယ်မှာ ကားစီးရေ၅၀ခန့်ကို တားစစ်ကာ လွှတ်မပေးဘဲ ည၁၂နာရီခန့်မှာ လွှတ်ပေးတာမျိုးတွေ ပြုလုပ်တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

“မေမြို့လမ်းက ၁၃/ဆိုရစ်တယ်။ ရပ်စောက်ဘက်ကျတော့ ၁၃/မဟုတ်ရင် လုံးဝရစ်တယ်။ ပါးစပ်ထဲရှိတဲ့အတိုင်းတောင်းတာ။ အသက် ၁၈ ကနေ ၃၅ နှစ်ကြားဆို ပိုဆိုး ပိုတောင်းတာ၊ မပေးရင် ဆွဲချထားလိုက်တာ၊ ကျနော်ကတော့ ၁၃/မဟုတ်ရင် မတင်တော့ဘူး။ စောင့်လဲမစောင့်နိုင်သလို တာဝန်လဲ မယူနိုင်ဘူး”လို့ မန္တလေး-မူဆယ် ကားသမား၁ဦးက ပြောပါတယ်။

စစ်ကောင်စီဂိတ်တွေကို ကျော်သွားပြီးနောက် PDF ဂိတ်တွေမှာတော့ လူစာရင်းတိုက်စစ်တာကလွဲလို့ ငွေတောင်းတာမရှိသလို ကိုးကန့်တပ်တွေလဲ ဘာမှ မမေးဘူးလို့ သိရပါတယ်။

TNLAဂိတ်တွေမှာတော့ ၁နှစ်စာ ကျပ်၁သိန်းခွဲဆောင်ထားတဲ့ ဖြတ်ပိုင်းပြနိုင်ရင် သွားလာခွင့်ပြုပြီး မပြနိုင်ရင်တော့ အခွန်ဆောင်ရတယ်လို့ သိရပါတယ်။

“မပြနိုင်ရင်တော့ ဆောင်ရတယ်၊ အဲ့ပြေစာကို မပျောက်ပျက်အောင် သေချာသိမ်းရတာ၊ ထပ်ဆောင်ရရင် ငွေကုန်မှာလေ”လို့ ပြောပါတယ်။

နမ့်လန် ၉မိုင်ခွဲက မန်းမွန်းနားမှာ စစ်တပ်က ည၁၂နာရီလောက်မှ လွှတ်ပေးလို့ ပစ်ခတ်မှုတွေကြား ကားမှန်တွေကွဲပြီး ဒဏ်ရာရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ မန္တလေး-လားရှိုးကားခ လူတစ်ဦး ၃သိန်းရှိနေပြီး အပြန်လူမရရင် ဂိတ်တွေပေးရလို့ တွက်ချေမကိုက်တော့သလို လားရှိုးမှာလည်း ဗုံးတွေရက်ဆက်ကြဲနေလို့ မြို့တွင်းမနားရဲဘဲ ရသမျှ လူနဲ့ ပြန်ထွက်နေကြကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။

ကျောက်မဲ၊ လားရှိူးမြို့တွေမှာ ဆက်သွယ်ရေးလိုင်းတွေ မရသလို စက်သုံးဆီကအစကုန်စျေးနှုန်းတွေ ကြီးမြင့်နေတာအပြင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကို ဒေသခံပြည်သူတွေ ခံစားနေရတယ်လို့ သိရပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ကံသာရပ် ယမ်းမီးလောင်မှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယခု အောက်တိုဘာလ ၁၆ရက်နေ့၌ တာချီလိတ်မြို့၊ အာခါဈေးအနီးတဝိုက်တွင် ကား ၂စီးဖြင့် ပေါ်တာဆွဲသွားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now