မဲခေါင် ၊ ဇွန် ၁၂
စစ်ကောင်စီရဲ့အာဏာသိမ်းပြီးကတည်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ ကရင်နီဒေသက စစ်ရှောင်စခန်းတွေဟာ သုံးနှစ်နီးပါးရှိလာပြီးတော့ အခုမိုးတွင်းကာလမှာ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေရှိတယ်လို့ ကူညီဆောင်ရွက်သူတွေကပြောပါတယ်။
စစ်ရှောင်စခန်းတွေအတွက် လိုအပ်နေတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ထိုင်းဘက်ကနေတဆင့် ဝယ်ယူရတာဖြစ်ပြီး မိုးတွင်းကာလဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာပြီး ဝယ်ယူသည့် ဆေးဝါးဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆေးဝါးလိုအပ်ချက် အခက်အခဲတွေဖြစ်ပေါ်နေတာပါ။
“ဆေးရရှိမှုကလည်းမလွယ်ဘူး ကုန်စျေးနှုန်းမြင့်တက်တာနဲ့အတူ ဆေးတွေရဲ့ စျေးနှုန်းကလဲအရမ်းကြီးတယ်။ နယ်မြေလမ်းပန်းဆက်သွယ်ရေး အခြေအနေအရဆေးဝါးတွေ ငွေရှိရင်တောင်မှသယ်ယူဖို့တောင်အခက်အခဲကြုံရတယ်လို့”လို့ စစ်ဘေးရှောင်တွေကို ကူညီသူတစ်ဦးကပြောပါတယ်။
ဝေးလံတဲ့စစ်ရှောင်စခန်းတွေကို သွားရောက်ကူညီဖို့အတွက် လမ်းပန်းဆက်သွယ်ရေးအရ သွားရောက်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်နေပြီး မိုးတွင်းကာလအဖြစ်များတဲ့ ဌက်ဖျားရောဂါနဲ့ အခြား ရောဂါတွေကို ဆေးဝါးထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေကြေးအရကြိုတင်ပြင်ဆင်မှု မပြုလုပ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
“လိုအပ်တဲ့ဆေးဝါးတွေရရှိဖို့လဲအမျိုးမျိုး ကြံဆောင်နေရတာပေါ့ ကြိုးစားနေရတယ်။ဆေးဝါးတွေနဲ့ပတ်သတ်ပြီးတော့ ဆေးဝန်ထမ်းတွေအနေနဲ့ ကြိုးစားတာရှိသလို ကွန်တော်တို့လို ကူညီရေးအဖွဲ့တွေကလည်းဆေးဝါးရရှိဖို့လုပ်နေတာမျိုးတွေရှိတယ်။ ဌက်ဖျားကအဓိကပေါ့နော် ဌက်ဖျားကလဲတော်တော်လေးကို ဆေးဝါးရရှိမှုတော်တော်ခက်ခဲနေတယ်။ ဌက်ဖျားဆေးပြတ်တာမျိုးတွေလဲ ကြုံရတယ်” လို့ ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေတွေကြောင့် စစ်ရှောင်စခန်းတွေကို ဆေးနဲ့ ဆေးပစ္စည်းအပြင် စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းနဲ့ အဆောက်အဦအတွက် ပြင်ဆင်စာရိတ်စတဲ့ အကူအညီထောက်ပံ့ပေးမှုတွေပေးဖို့ ခက်ခဲနေတဲ့အခြေအနေရှိပြီး တယ်လို့ သိရပါတယ်။
CJ-015








