မဲခေါင် မေ ၂၄
ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်အတွင်းမှာ ပထမဆုံးပြုလုပ်တဲ့ သင်တန်းဖြစ်ပြီးတော့ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဥ် ၃ ဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းအမှတ်စဥ် ၃ သင်တန်းဆင်း အခမ်းအနားကို တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေးစိန်ခေါ်မှုအခက်အခဲနဲ့ မိုခါမုန်တိုင်းကြားမှ ယခု မေလ၂၀ရက်မှသာ ရခိုင်ပြည်တွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာပြီး ယခင် အပတ်စဥ်တွေဖြစ်တဲ့ (၁)နဲ့(၂)ကို ကချင်ပြည်မှာ ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



အခု အပါတ်စဉ် ၃ ကိုတော့ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ သင်တန်းသား ၃၂၆ယောက်နဲ့ စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းအမှတ်စဥ် ၄ နဲ့ အခြေခံစစ်သင်တန်းများကို လာမယ့် ကာလများမှာ ဖွင်လှစ်သွားမှာဖြစ်ပြီးတော့ ပြည်သူများထံသို့အသိပေးသွားမယ်လို့ AAက ပြောပါတယ်။
ဒေသတွင်းနေထိုင်ကြတဲ့ လူငယ်များအနေနဲ့ အမျိုးသားရေးအသိစိတ်၊ မွေးရာပါအသိစိတ်နဲ့ သမိုင်းပေးတာဝန်ကို အာရက္ခတပ်တော်မှာစစ်မှုထမ်းပြီး ဒေသအတွက်တာဝန်ယူလိုတဲ့သူများအနေနဲ့ နီးစပ်ရာစစ်ဒေသများကတဆင့်စုံစမ်းပြီး တည်ဆောက်ရေး၊ ကာကွယ်ရေး၊ တည်တံရေးလုပ်ငန်းများမှာ ပါဝင်နိုင်တယ်လို့ AAကတိုက်တွန်းထားပါတယ်။
CJ 015








