မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ယူကရိန်းအစိုးရဟာ ရုရှားသိမ်းပိုက်ထားတဲ့မြေတွေကို ပြန်တက်သိမ်းဖို့ အထူးမျိုးစောင့်တပ်အသစ်ဖြစ်တဲ့ မုန်တိုင်းတပ်ဖွဲ့ စစ်သားစုဆောင်းရေးလျှောက်လွှာခေါ်ရာမှာ ချက်ချင်း လျှောက်ထားသူ ၂၀၀၀၀ ကျော်ရှိလာခဲ့ပြီလို့ အသိပေးကြေညာပါတယ်။
ယူကရိန်းအမျိုးစောင့်တပ် (The National Guard of Ukraine) က ချေမှုန်းရေးတပ်ဖွဲ့သစ် ထူထောင်ဖို့ www.storm.mvs.gov.ua ကနေ အွန်လိုင်းစစ်တပ်တစ်ရပ်ကောက်ခံမှုမှာ ၁၄၀၀၀ ကျော်လျှောက်ထားကြောင်း၊ အမျိုးစောင့်တပ်ကို စာရင်းပေးသူ ၅၇၀၀ ရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မျိုးစောင့်တပ် ပြောရေး ဆိုခွင့်ရှိသူ မူဇီချော့ခ်က ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။
နောက်တစ်ဆင့်အဖြစ် ချေမှုန်းရေးတပ်သားသစ်ရွေးချယ်မှုမှာ ဆေးစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းနဲ့ စာရွက်စာတမ်းပြန်လည်စစ်ဆေးခြင်းတွေ အမြန်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဆန်ခါတင်ရွေးချယ်ခံ မုန်တိုင်း တပ်ဖွဲ့ဝင်တွေဟာ လူဟန့်ခ်၊ ဒိုးနက်စ်၊ ခရိုင်းမီးယား စတဲ့ ရုရှားသိမ်းပိုက်ခံ နယ်မြေတွေကို ထိုးစစ်ဆင်ရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သွားရမှာဖြစ်တယ်လို့ ဆက်လက်ထုတ်ပြန်ပါတယ်။
အသက်ရင်းရဖို့များတဲ့ ချေမှုန်းရေးမုန်တိုင်းတပ်သားတွေအတွက် တည်ငြိမ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လစာနှုန်းထား၊ နေထိုင်ဖို့ အိမ်၊ ကုသမှုနဲ့ပြန်လည်သန်စွမ်းမှုကိစ္စရပ်တွေမှာ အစိုးရစားရိတ်ခံစားခွင့်၊ ဌာနဆိုင်ရာ တက္ကသိုလ်ပညာသင်ကြားခွင့်၊ စောလျှင်စွာ ပင်စင်စားအနားယူခွင့်၊ တခြား ထူးခြားထောက်ပံ့မှု အသီးသီးကို ခံစားခွင့်ပြုမယ်လို့လည်း ယူကရိန်းအမျိုးစောင့်တပ်က ထုတ်ပြန်ထားပါတယ်။
MKF – 001
Ref: macon
#MeKongNews
#ယူကရိန်း