မဲခေါင်၊ မတ် ၁၀
ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။
မော်စကို၊ စဗက်လော့ဗ်စ်ဒေသနဲ့ ယီကာရာတင်ဘာ့ဂ်မြို့တွေက ရုပ်မြင်သံကြားစက်တွေ၊ ရေဒီယိုတွေ အားလုံးမှာ နျူကလီးယား တိုက်ခိုက်မှု သတိပေးချက်အဖြစ် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေ သောက်ထားကြပါ၊ ဓာတ်ငွေ့ကာ Mask တွေ တပ်ထားကြပါ၊ အနီးဆုံးက အကာအကွယ် နေရာတွေကို သွားကြပါလို့ မက်ဆေ့ချ်တွေ၊ သတိပေးဥဩသံတွေ ထွက်ပေါ်လာခဲ့လို့ ဒီလို ဝရုန်းသုန်းကား ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
အန္တရာယ် အချက်ပေးသံတွေ၊ မက်ဆေ့ချ်တွေကြောင့် လူတွေဟာ ဓာတ်ရောင်ခြည်သင့်မှုတချို့ကို အကာအကွယ် ပေးနိုင်တဲ့ ပိုတက်ဆီယံအိုင်အိုဒိုက် ဆေးလုံးတွေကို အလုအယက် သောက်သုံး၊ ဝယ်ယူမှုတွေဖြစ်ခဲ့ပြီး နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက Hacker တွေ လုပ်ကြံပြီး သတင်းမှားတွေ ထုတ်ပြန်သွားတာ ဖြစ်တယ်လို့ ရှင်းလင်း ချက်ထုတ်ပြန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ရုရှားမှာ ဒီလို ဗရုပ်ကျမှုတွေ၊ Hack ခံရမှုတွေနဲ့ အန္တရာယ် သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီး ဒီတစ်ကြိမ်ကတော့ ဓာတ်ရောင်ခြည်သင့်ဆေးတွေသောက်ဖို့ ပထမဆုံးအကြိမ် Hack ပြီး ဝရုန်း သုန်းကားဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။
Ref: dailystar
MKF-001
#MeKongNews
#ရုရှား
#နျူကလီးယား
#ဓာတ်ရောင်ခြည်သင့်ကာကွယ်ဆေး