မဲခေါင်၊ ဇန်နဝါရီ ၅
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒီလထဲ ဒေါ်နယ်ထရမ့်ကို သမ္မတရာထူး လွှဲပေးရမှာဖြစ်ပေမယ့် သူ့စီမံခန့်ခွဲရေးအဖွဲ့က အစ္စရေးထံ ဒေါ်လာ ၈ ဘီလီယံတန် လက်နက်တွေ ထောက်ပံ့ပေးပို့သွားဖို့ လွှတ်တော်ဆီ အဆိုပြုလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ရပ်က ဖော်ပြခဲ့ပါတယ်။
Axios မီဒီယာက ဇန်နဝါရီ ၃ ရက်နေ့မှာပဲ လက်နက်ကြီး၊ ဒုံးကျည်နဲ့ ဒရုန်းတွေကို ရဟတ်ယာဉ်၊ ဖိုက်တာဂျက်လေယာဉ်တွေပေါ်ကနေ ဖျက်ချဖို့သုံးတဲ့ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေ ပေးသွားဖို့ လွှတ်တော် ကို တင်သွင်းလိုက်တာဖြစ်ပြီး အထက်လွှတ်တော်ကပါ အတည်ပြုချက်ပေးနိုင်ခဲ့ရင် အတည်ဖြစ်ပြီလို့ ဖော်ပြသွားခဲ့ပါတယ်။
အမေရိကန်အစိုးရအဖွဲ့က ဒီသတင်းကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပေမယ့် ထိပ်တန်းအရာရှိတစ်ဦးက အစ္စရေးဟာ အီရန်နဲ့ အပေါင်းအပါအဖွဲ့အစည်းတွေ အစ္စရေးကို ရန်ပြုတိုက်ခိုက်နေကြမှုမှာ အစ္စရေးဘက်က နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ခွင့်ရှိလို့ လိုအပ်တာတွေကို ထောက်ပံ့ပေးသွားရေး လွှတ်တော်ဆီ အဆိုပြုလိုက်တာလို့ Axios မီဒီယာထံ ပြောသွား ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတနေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပြီး အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ၁၅ လကြာအထိ သံတမန်နည်းလည်းနဲ့ ငြိမ်းချမ်းရေးရဖို့ မဖြေရှင်းနိုင်သေးဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။
Ref: telegraphindia
MKF-001
#MeKongNews
#ဂျိူးဘိုင်ဒန်
#အစ္စရေး
#လက်နက်
#ထောက်ပံ့
#ဘီလီယံ








