Others

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS ဖြေဆိုရာမှာ အသံလုံနားကြပ်တွေ အသုံးပြု IELTS on Paper Exam ဖြေဆိုရတော့မယ်လို့ Chindwin-PSB IELTS Test Centre မှဖော်ပြထားပါတယ်။

မဲခေါင်၊ မတ် ၂၃

မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS ဖြေဆိုရာမှာ အသံလုံနားကြပ်တွေ အသုံးပြု IELTS on Paper Exam ဖြေဆိုရတော့မယ်လို့ Chindwin-PSB IELTS Test Centre မှဖော်ပြထားပါတယ်။

IELTS ဖြေဆိုရာမှာ အပိုင်း ၄ ပိုင်းပါဝင်ပြီး ၂ ကြိမ် ဖြေဆိုရမှာဖြစ်ကာ Listening ၊ Reading နဲ့ Writing ကို တစ်ရက်တည်း ဖြေဆိုနိုင်ပြီး Speaking ကိုတော့ တစ်ပတ်အတွင်း ဖြေဆိုရတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။

စာမေးပွဲ ဖြေရာမှာ နည်း ၂ နည်းနဲ့ ဖြေဆိုနိုင်သလို စာရွက်နဲ့ ဖြေဆိုခြင်း-Paper Based IELTS test နဲ့ ကွန်ပြူတာနဲ့ ဖြေဆိုခြင်း-Computer Based IELTS test တို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော် IELTS ဖြေတုန်းက MICT ဝန်းထဲက ဟောခန်းထဲ လူအများကြီးနဲ့ အတူတူ ဖြေရတယ်။ Speaking ကတော့ တခြားရက်မှာ ဖြေဆိုရတာ အကြားစွမ်းရည် ဖြေတဲ့အခါ ပြဿနာက အသံချဲ့စက်တွေမှာ တချို့ဟာတွေက အဆင်မပြေဘူး။ ဝေးနေတာလည်းပါမယ်။ အသံအရည်အသွေးက တော်တော် အဆင်မပြေဘူး။ ဗလုံးဗထွေးလိုမျိုး ဖြစ်နေတော့ လိုက်နားထောင်ရင်း လွတ်ကုန်ရော။ အဲဒါနဲ့ Listening က ထင်သလောက် အမှတ် မရလိုက်ဘူး” လို့ ဖြေဆိုခဲ့တဲ့ ကျောင်းသား တစ်ဦးက ပြောပါတယ်။

IELTS ဖြေဆိုနိုင်မယ့် အမျိုးအစား ၂ မျိုးရှိပြီး IELTS Academic နဲ့ IELTS General Training ဖြစ်သလို ကျောင်းရွေးချယ်တာနဲ့ ပညာသင်ဆု ဖြေဆိုရာတွင် IELTS Academic ကို ရွေးချယ် ဖြေဆိုရတာ ဖြစ်ပါတယ်။

“အခု ပြည်တွင်းမှာဆို ပြည်ပထွက်ပြီး ပညာသင်ကြတဲ့ ကျောင်းသားတွေလည်း များလာတယ်။ အဲဒီတော့ ဘာသာစကား ကျွမ်းကျင်ဖို့ မဖြစ်မနေ လိုအပ်တယ်။ ဘယ်လို Test Preparation တွေ ပြင်ဆင်ရမလဲ။ ကိုယ် သွားမယ့် ပညာရေး လမ်းကြောင်းကို ရွေးချယ်ပြီး ဘယ်လိုပုံစံ လေ့လာရမလဲ ဆိုတာ သိထားဖို့ လိုအပ်တယ် ” လို့ ဆရာ တစ်ဦးက ပြောပါတယ်။

IELTS စာမေးပွဲဖြေဆိုရာမှာ British Council နဲ့ Chindwin-PSB ဆိုတဲ့ Test Center ၂ ခုရှိပြီး ဘယ် Test center မှာမဆို ဖြေဆိုနိုင်သလို အသိအမှတ်ပြုမှု အတူတူဖြစ်တယ်လို့ သိရပါတယ်။

အဖြေလွှာနဲ့ ဖြေဆိုရတဲ့ (IELTS on Paper) စာမေးပွဲကို ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တွေမှာ ဖြေဆိုနိုင်သလို ကွန်ပျူတာနဲ့ ဖြေဆိုရတဲ့ (IELTS on Computer) စာမေးပွဲကို လက်ရှိ ရန်ကုန်မြို့မှာ ဖြေဆိုနိုင်တယ်လို့ ပြည်တွင်း၊ ပြည်ပ ပညာရေး ဝန်ဆောင်မှု ပေးနေတဲ့သူ တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စကား စွမ်းရည် စစ်ဆေးမှုစနစ်-IELTS စာမေးပွဲ အရင်နှစ်က ၃ ဒသမ ၅ သန်းကျော် ကျင်းပ စစ်ဆေးခဲ့ပြီး အဖွဲ့အစည်းများ၊ အလုပ်ရှင်များ၊ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အာဏာပိုင်တွေနဲ့ တက္ကသိုလ်ကျောင်းပေါင်း တစ်သိန်းကျော်က လက်ခံထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now