Others

၇၂နှစ် အရွယ် ထိုင်းအဘွားအို ဘတ် ၁၂သန်း ထီပေါက်ပေမယ့် ဆန်မုန့်ပဲ ဆက်ရောင်းမယ်လို့ဆို

မဲခေါင် 17 Feb - 2023
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထွက်တဲ့ ထိုင်းထီမှာ ဘတ် ၁၂ သန်းကံထူးသွားတဲ့ အသက် ၇၂နှစ်အရွယ် ထိုင်းအဘွားအိုဟာ ငွေကြေးချမ်းသာသွားပေမယ့် ထိုင်းရိုးရာဆန်မုန့် ရောင်းချတဲ့ အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဖွင့်ဟလာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထွက်တဲ့ ထိုင်းထီမှာ ဘတ် ၁၂ သန်းကံထူးသွားတဲ့ အသက် ၇၂နှစ်အရွယ် ထိုင်းအဘွားအိုဟာ ငွေကြေးချမ်းသာသွားပေမယ့် ထိုင်းရိုးရာဆန်မုန့် ရောင်းချတဲ့ အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဖွင့်ဟလာပါတယ်။

ဘတ် ၁၂ သန်းထီကို ထိုင်းနိုင်ငံမြောက်ပိုင်း အက်တာရာဒစ်ခရိုင်က ဖမ်းဖတ်ပီလာချန်းဆိုတဲ့ အဘွားအို ကံထူးသွားတာဖြစ်ပြီး ပထမ ထီပေါက်မှန်းမသိပေမယ့် မူးန်((Mueang) ခရိုင်၊ ခွန်းနိုင်စျေးထဲမှာ ဆန်မုန့်ရောင်းနေရင်း ဘေးကအသိစျေးသည်တွေ ထီတိုက်တော့မှ သူ့ထီလက်မှတ်ပေါက်မှန်းသိလို့ အဖွားအို ပျော်လွန်းလို့ ကခုန်အော်ခဲ့ပါတယ်။

အဘွားအိုက ထီထွက်မယ့်မနက်ကမှ လက်ယားနေလို့ သူရောင်းနေတဲ့စျေးထဲက ထီဆိုင်ကိုသွားပြီး ထီ ၂စောင်ထိုးခဲ့ရာက ဘတ် ၁၂ သန်းကံထူးတာဖြစ်ပါတယ်။

သူ့မြေးလေးရဲ့ ၂၅ နှစ်မြောက်မွေးနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့လို့ ၁၇ နဲ့ ဆုံးတဲ့နံပါတ် ရှာထိုးရင်း ကံထူးသွားတာ ဖြစ်ကြောင်း၊ တစ်သက်လုံး မိသားစုကို ထိုင်းရိုးရာ ဆန်မုန့်လုပ်ရောင်းရင်းကျွေးမွေးလာရလို့ ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်လို့ ဝမ်းသာအားရပြောသွားခဲ့ပါတယ်။

“လောလောဆယ် ကျွန်မချစ်ရတဲ့ သားတွေ၊ မြေးတွေကို အကုန်အိမ်ပြန်ခေါ်မယ်။ ဆွေမျိုးတွေအားလုံးက ဘန်ကောက်မှာ။ အရင်ဆုံး အကြွေးတွေဆပ်မယ်။ ပြီးရင် တစ်သက်လုံး စျေးထဲဆိုင်ငှားပြီး ဆန်မုန့်ရောင်းလာရတဲ့အတွက် ကိုယ်ပိုင်ဆိုင်လေးဝယ်ပြီး ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်။ တစ်ဘ၀လုံး ဒီအလုပ်နဲ့ မိသားစုကို ကျွေးမွေးလာခဲ့တာဖြစ်လို့ စျေးရောင်းတဲ့အလုပ်ကို မစွန့်လွှတ်နိုင်ဘူး။ ကလေးတွေအားလုံးကို ဒီငွေတွေခွဲပေးခဲ့မယ်” လို့ အဘွားက ဝမ်းသာအားရပြောပါတယ်။

၁၆ ရက်နေ့ထွက်တဲ့ ထိုင်းထီပေါက်ဂဏန်းတွေထဲမှာ ၁၇ စောင်တွဲ ဘတ် ၄၂ သန်းပေါက်သူလဲရှိခဲ့သေးပေမယ့် ဆုလာမထုတ်သေးလို့ ဘယ်သူမှန်းမသိရသေးကြောင်းလည်း ဒေသခံမီဒီယာတွေက ဆိုပါတယ်။

MKF – 001
Ref: thethaiger

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now