Others

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

မဲခေါင် 2 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တို့ မနေ့က နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တို့ မနေ့က နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁ နာရီမှာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံး အဖွဲ့ဝင် Maé Robbine တို့ဟာ ပြင်သစ် အောက်လွှတ်တော်မှာ ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ရဲ့ ဥက္ကဌ အောက်လွှတ်တော်အမတ် Mr Alain David နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက မြန်မာ့ နွေဦးတော်လှန်ရေး တိုးတက်မှု အခြေအနေတွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့လမ်းပြမြေပုံ အပါအဝင် မြန်မာ လူထုရဲ့ နွေဦး တော်လှန်ရေးမှာ အရေးကြီး ပါဝင်နေမှုတွေကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီနဲ့ ပြင်သစ် အောက်လွှတ်တော်တို့ တရားဝင် တွေ့ဆုံ ချိတ်ဆက်လုပ်ဆောင်ဖို့ တင်ပြချက်ကို လက်ခံပြီး တွေ့ဆုံဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ်တွေက အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနဲ့ နိုင်ငံတကာက လက်မခံကြဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ်ကဖွဲ့က ပြင်သစ် အောက်လွှတ်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ပြင်သစ်စာနယ်ဇင်း သမားတွေ ပြင်သစ်ရောက် မြန်မာတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

MK-003

#MeKongNews

#ပြင်သစ်အောက်လွှတ်တော်

#နွေဦးတော်လှန်ရေး

#လမ်းပြမြေပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now