Others

မြန်မာ၊ ကမ္ဘောဒီးယား လူမှောင်ခိုသမားများနဲ့ ဖိလစ်ပိုင် လ၀က အရာထမ်းများ ပူးပေါင်းနေဟု ထုတ်ပြန်

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ ဖိလစ်ပိုင်နိုင်ငံသား လူငယ်နဲ့ အမျိုးသမီးငယ်အချို့ဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူမှောင်ခိုသမားတွေလက်ထဲရောက်ရှိခဲ့ခြင်းက လူဝင်မှုကြီးကြပ်ရေးအရာရှိ ၃ ဦး ပါဝင် ပူးပေါင်းခဲ့တယ်လို့ သံသယရှိကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနာဆန်ဒိုဗယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

ဖိလစ်ပိုင်နိုင်ငံသား လူငယ်နဲ့ အမျိုးသမီးငယ်အချို့ဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူမှောင်ခိုသမားတွေလက်ထဲရောက်ရှိခဲ့ခြင်းက လူဝင်မှုကြီးကြပ်ရေးအရာရှိ ၃ ဦး ပါဝင် ပူးပေါင်းခဲ့တယ်လို့ သံသယရှိကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနာဆန်ဒိုဗယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လဝကတာဝန်ရှိသူတွေဟာ တရုတ်လူလိမ် လူမှောင်ခိုကူးဂိုဏ်းတွေနဲ့ပတ်သက်ကြောင်း သတင်းထွက်လာပြီးကတည်းက ဖိလစ်ပိုင်လွှတ်တော်အမတ် ရီဆာဟွန်တီဗားရို့စ်က အစိုးရရဲ့ မေးမြန်းမှု တစ်စုံတစ်ရာမခံရဘဲ နိုင်ငံထဲက ထွက်သွားချင်သူတွေအတွက် တစ်ဦးကို ဖိလစ်ပိုင် ပီဆိုငွေ ၇၅၀၀၀ ကနေ ၁၀၀၀၀၀ အထိ လ၀က အရာရှိတွေကို ပေးရကြောင်း စီအိုင်အေက ဖော်ထုတ်ခဲ့ပါတယ်။

ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနာဆန်ဒိုဗယ် က “အပြီးသတ်ကောက်ချက်ချဖို့ စောလွန်းနေသေးပေမယ့် ကနဦးစုံစမ်းစစ်ဆေးမှုတွေ အရ ဌာနရဲ့ တာဝန်ရှိသူသုံးဦးဟာ လူမှောင်ခိုဂိုဏ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သိရတယ်။ နှစ်ယောက်က နီနွိုင်အာကွီနိုနိုင်ငံတကာလေဆိပ်မှာ တာဝန်ချထားသူတွေဖြစ်ပြီး နောက်တစ်ဦးက ကလက်ခ် နိုင်ငံတကာလေဆိပ်မှာ တာဝန်ချထားပေးသူဖြစ်တယ်။ စုံစမ်းမှုတွေပိုမိုချောမွေ့စေဖို့ ဒီသုံးယောက်ကို အလုပ် တာဝန်ရပ်ဆဲထားပါတယ်” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီလူတွေဟာ တရုတ် ဒုစရိုက်ဂိုဏ်း သားတွေအတွက် ခရစ်ပတို ငွေကြေးလဲလှယ်မှုကိုပါ ပူးပေါင်းလုပ်ဆောင်ပြီး လူမှောင်ခိုမှုမှာ ပတ်သက်ပါဝင် နေခဲ့ကြတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ဒီအမှုကို လက်ရှိမှာ ဖိလစ်ပိုင်တရားရေးဌာနကို အပြီးသတ်လွှဲအပ်လိုက်ပြီဖြစ်ကြောင်းလည်း ဆန်ဒိုဗယ်က အသိပေးပြောကြားသွားပါတယ်။

၂၀၂၂ ခုနှစ် ဖိလစ်ပိုင် လူမှောင်ခိုကူးခြင်း အစီရင်ခံစာမှာ ကလေးငယ်အပါအဝင် ဖိလစ်ပိုင်နိုင်ငံသူ နိုင်ငံသား ၆၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ လူမှောင်ခိုကူးခံရပြီး လိင်ကျွန်၊ အဓမ္မ အလုပ် ခိုင်းစေခံရမှုနဲ့ ဆိုက်ဘာ လိမ်လည်ခိုင်းမှုတွေကို မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အများဆုံး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။

Ref: globalnation.inquire
MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now