Others

စစ်ကောင်စီလက်နက်အင်အားတောင့်အောင် ပံ့ပိုးနေတဲ့အထဲ ဒီမိုကရေစီနိုင်ငံကြီးတွေပါဝင်နေတယ်လို့ဆို

မဲခေါင် 17 Jan - 2023
ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်နဲ့နည်းပညာကုန်ကြမ်းတွေ ပံ့ပိုးရောင်းချနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး ၁၃ နိုင်ငံရှိနေပြီး ဒီအထဲမှာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်နဲ့ အိန္ဒိယ နိုင်ငံတွေပါ ပါဝင် နေတယ်လို့ ဖော်ထုတ်တင်ပြသွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်နဲ့နည်းပညာကုန်ကြမ်းတွေ ပံ့ပိုးရောင်းချနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး ၁၃ နိုင်ငံရှိနေပြီး ဒီအထဲမှာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်နဲ့ အိန္ဒိယ နိုင်ငံတွေပါ ပါဝင် နေတယ်လို့ ဖော်ထုတ်တင်ပြသွားခဲ့ပါတယ်။

ဒီအစီရင်ခံစားကို ရေးသားပြုစုသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီပါဝင်သလို ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတ ကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ခရစ္စဆီဒိုတီနဲ့ မာဇူကီဒါရက်စ်မန်းတို့လည်းပါဝင်ရေးသားခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကတည်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ ပိတ်ပင်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထပ်မံလုပ် ဆောင်ခဲ့ပါတယ်။

ဒီလိုအချိန်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာပြည်သူတွေဟာ လက်လုပ်တူးမီးသေနတ်တွေနဲ့ အာဏာရှင်စစ်တပ်ကို ခုခံတော်လှန်နေရပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး ၁၃ နိုင်ငံကတော့ စစ်ကောင်စီကို ကိုယ်ကျိုးစီးပွားအတွက် လက်နက်၊ နည်းပညာ၊ ကုန်ကြမ်းစတာတွေကို နောက်ကွယ်က ရောင်းချ အကျိုးရှာနေကြောင်း ဒီအစီရင်ခံစာမှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဝင် အရပ်သားပြည်သူပေါင်း ၂၆၀၀ ကျော် သတ်ဖြတ်ခံရတယ်လို့ဆိုပေ မယ့်တကယ်တမ်း ဒီထက် ၁၀ မက များပြားကြောင်း နိုင်ငံတကာက ယုံကြည်ထားပါတယ်။ 

ဘီဘီစီမြန်မာပိုင်း သတင်းတင်ဆက်သူက လက်ရှိမှာ စစ်ကောင်စီဟာ ခုခံတော်လှန်သူတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူ တွေကို ဒီလပိုင်း၊ ဒီရက်သတ္တပတ်ပိုင်းထဲ သာလွန်အင်အားသုံးပြီး အကြမ်းဖက် တိုက်ခိုက်လာကြောင်း၊ ခုခံသူတွေ ဘက်မှာ လေကြောင်းတိုက်ခိုက်နိုင်စွမ်းမရှိတဲ့ကြားက မကြာခင် အင်အားအလုံးအရင်းသုံးပြီး အမြစ်ဖြတ်ချေမှုန်း တာတွေလည်း လုပ်လာနိုင်တယ်လို့ သုံးသပ်ခဲ့တယ်။

ဒီအစီရင်ခံစာကို မြန်မာစစ်သားဟောင်းတွေနဲ့အင်တာဗျူးမှု၊ ဂြိုလ်တုထောက်လှမ်းရေးစက်တွေကနေ လက်နက် စက်ရုံတွေကို လေ့လာမှု၊ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ ပြည်တွင်းထုတ်လက်နက်တွေနဲ့ သတ် ဖြတ်ခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ဓာတ်ပုံတွေ၊ ပီဒီအက်ဖ်ခုခံစစ်ပွဲတွေမှာ သုံးလို့ကျန်ခဲ့တဲ့ လက်နက်သဲလွန်စတွေ၊ စစ်ကိုင်းက ကလေးစာသင်ကျောင်းကို လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး  သွေးချောင်းစီး သတ်ဖြတ်မှုက ကျန် ရစ်ခဲ့တဲ့ ဗုံး၊ လက်နက်၊ ဒုံးကျည်အပိုင်းအစတွေကနေ လေ့လာပြီး ဘယ်က ထုတ်တာ၊ ဘယ်နိုင်ငံရဲ့ ကုန်ကြမ်း၊ ဘယ်နည်းပညာစတာတွေကို လေ့လာအဖြေထုတ်ခဲ့တာဖြစ်တယ်လို့ ယန်ဟီးလီက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အစီရင်ခံစားရေးသားတဲ့ ခရစ္စဆီဒိုတီက အနီးစပ်ဆုံး စစ်ကိုင်းဒေသက ကလေးစာသင်ကျောင်းနဲ့ ရွာတွေမှာ မြန်မာစစ်ကောင်စီသုံးခဲ့တဲ့ လက်နက်ခဲယမ်းတွေကို လေ့လာခွဲခြမ်းစိတ်ဖြာလိုက်တော့ ဘယ်က ထုတ်တာလဲဆို တာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ တချို့သော စစ်ကောင်စီသုံးလက်နက်ခဲယမ်းတွေက ဩစတြေးလျကလာ တယ်။ အဆင့်မြင့်တိကျတဲ့စက်တွေကနေ ထုတ်ထားတာ။ ဩစတြေးလျ GFM Steyr ထုတ် လက်နက်ခဲယမ်း တွေကို နေရာတော်တော်များများမှာ စကစက သုံးသွားတာတွေ့ရတယ်။ ဒီစက်ယန္တယားတွေကို ပြန်လည်မွမ်းမံ ပြင်ဆင်မှုလုပ်ရင် ထိုင်ဝမ်ကို သင်္ဘောတင်ပြီးပို့တယ်။ အဲဒီကို GFM Steyr က နည်းပညာရှင်တွေက သွားပြင်ဆင် မွမ်းမံပေးပြီ မြန်မာနိုင်ငံက စစ်ကောင်စီက ပြန်သယ်ပြီး သုံးတယ်။ ဒီကုမ္ပဏီက သူတို့ စစ်လက်နက်ပစ္စည်းတွေကို စစ်ကောင်စီက ပြည်တွင်းပဋိပက္ခမှာ သုံးနေတယ်ဆိုတာ သိလားမသိဘူးလားတောင် မပြောတတ်ဘူး” လို့ ရှင်းလင်းပြောကြားခဲ့တယ်။

ဒီသတင်းနဲ့ပတ်သက်လို့ GFM Steyr  ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတော့ တစ်စုံတစ်ရာပြန်လည် ဖြေကြား ခြင်းမရှိခဲ့ပါဘူး။ ဒီအစီရင်ခံစာထဲမှာ စကက ပြည်တွင်းမှာသုံးနေတဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပံ့ကူညီနေ မှု အကြောင်းတွေကို အတိုချုံ့အဖြစ် အခုလိုဖော်ပြထားပါတယ်။

– လက်နက်ထုတ်ဖို့ ကုန်ကြမ်းတွေဖြစ်တဲ့ ကြေးနီနဲ့သံတွေကို တရုတ်ကနေတစ်ဆင့် စင်ကာပူကိုပို့ပြီး စစ်ကောင်စီ ကို ပေးပို့တယ်။

– သင်္ဘောခရီးစဉ်လေ့လာစုံစမ်းသိရှိရမှုနဲ့ မြန်မာစစ်တပ်အရာရှိဟောင်းတွေရဲ့ အင်တာဗျူးတွေကို ခြုံငုံ သုံးသပ်မှုအရ စနက်တန်နဲ့ လျှပ်စစ်ဖောက်ခွဲစက်စတဲ့ စစ်လက်နက်ပစ္စည်းတွေကို အိန္ဒိယက ကုမ္ပဏီ တွေနဲ့ရုရှားနိုင်ငံတွေက တင်ပို့တယ်။

– ဒီနေ့ လက်နက်စက်ရုံပေါင်း ၂၅ ခုရှိတဲ့ စစ်ကောင်စီရဲ့ပြည်တွင်းလက်နက်စက်ရုံတွေက စက်ပစ္စည်း တွေကို ဂျာမနီ၊ အမေရိကန်၊ ယူကရိန်း၊ ဂျပန်နိုင်ငံတွေက ထောက်ပံ့ပေးထားပြီး ဆော့ဖ်ဝဲလ် စနစ် တွေကိုတော့ မူလပထမ အစ္စရေးနဲ့ပြင်သစ်ထုတ် နည်းပညာတွေက ပံ့ပိုးပေးထားတယ်။

– ဒီလက်နက်နဲ့ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီထံ ပို့ဖို့ ကြားခံနိုင်ငံအဖြစ် စင်ကာပူကုမ္ပဏီတွေက စီမံခန့်ခွဲလုပ်ဆောင်ပေးနေတယ် လို့ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က လက်နက်ထုတ်စက်ရုံ ၆ ရုံသာရှိပေမယ့် ဒီနေ့ ၂၅ ရုံအထိ ရှိလာခြင်းဟာ အထက်ပါ ပံ့ပိုးမှုတွေကြောင့်ဖြစ်ပြီး မြန်မာလက်နက်စစ်ရုံတွေဟာ ဘယ်တုန်းကမှ ပြည်ပကို လက်နက်ရောင်းချတာမရှိဘဲ ပြည်တွင်းမှာပဲ ကိုယ့်ပြည်သူတွေကိုပြန်သတ်တဲ့လက်နက်တွေအဖြစ် အင်အားပိုမိုကြီးထွားလာတာဖြစ်ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံဟာလည်း ၂၀၁၉ ခုနှစ်က လက်နက်ကုန်စည်ပြပွဲအဖြစ် မြန်မာစစ်ကောင်စီကို ကျည်ဆန်၊ ဗုံး၊ လက်ပစ်ဗုံး၊ စတာတွေကို ရောင်းချခဲ့တာ မြင်သာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆီဒိုတီက ပြည်ပကုမ္ပဏီတွေဟာ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်မှာ တာဝန်ထမ်းခဲ့တဲ့ ရှေ့နေလည်းဖြစ် လူ့အခွင့် အရေးသမားလည်းဖြစ်တဲ့ ဆီဒိုတီက မြန်မာနိုင်ငံသားတွေ သေကြေခံစားနေကြရမှုအတွက် ကိုယ်ကျိုးရှာနေ တဲ့ ပြည်ပကုမ္ပဏီတွေဟာ လုံးလုံး တာဝန်ခံရပါလိမ့်မယ်” လို့ သတိပေးပြောကြားပါတယ်။

မစ္စယန်ဟီးလီကလည်း ကုလသမဂ္ဂရဲ့ စစ်ကောင်စီကို လက်နက်ရောင်းချခွင့်ပိတ်ဆို့ဖို့ အဆိုပြုကြိုးစားမှုတွေဟာ ဘာမှ မထိရောက်ကြောင်း၊ စစ်ကောင်စီဟာ ဘယ်တုန်းကမှ ပြည်ပနိုင်ငံနဲ့တိုက်ခိုက်ဖို့ အကြံအစည်မရှိ၊ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း လက်နက် ထုတ်လုပ်ရောင်းချတာလည်းမရှိဘဲနဲ့ ပြည်တွင်းမှာအာဏာတည်မြဲရေးတစ်ခုတည်းအတွက် ရှေးရှုပြီး လက်နက် အင်အားအများအပြားထုတ်လုပ်သုံးစွဲလို့ ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေတာသာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ 

MKF – 001

Ref:BBC

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now