မြဝတီဘက်မှ မော်တော်ယာဥ်များ မဲဆောက်တွင် စက်သုံးဆီလာဖြည့်နေရ
မဲခေါင်၊ ဖေဖော်ဝါရီ ၆
မြ၀တီ၊ ဘုရားသုံးဆူနှင့်တာချီလိတ်ဘက်သို့ ပေးထားသည့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ထိုင်းဘက်က ဖြတ်တောက်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက် မနက်မိုးလင်းကတည်းက ဆီဝယ်မရတော့သည့် မြ၀တီဘက်မှ မြန်မာကားများ အမှတ် (၁) ချစ်ကြည်ရေးတံတားမှ မဲဆောက်ဆီဆိုင်များတွင် စက်သုံးဆီ ဝယ်ယူမှု များပြားနေသည်။
မြ၀တီမြို့တွင် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရေးအတွက် လျှပ်စစ်မီးသာမက လောင်စာဆီပါ ဖြတ်တောက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်ည ရွှေကုက္ကိုလ်မြို့တွင်း မီးလင်းထိန်မှု ၄၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ရွှေကုက္ကိုလ်နှင့် KK Park တို့တွင် မီးများ ယခင် လောက် လင်းထိန်မှုမရှိတော့သော်လည်း မီးစက်ကြီးများဖြင့် ဆက်လက် လည်ပတ်နေမှုမှာ လောင်စာဆီ ဖြတ်တောက်ခြင်းကြောင့် ၇ ရက်တစ်ပတ်မျှ အကြာတွင် အလုံးစုံ မှောင်မည်းသွားမည်ဟု ထိုင်းအာဏာပိုင်များဘက် မှ မျှော်လင့်ထားကြသည်။
မြ၀တီမြို့တွင် ချက်ချင်း စက်သုံးဆီများ ဝယ်ယူမရတော့သည့်အတွက် ဖေဖော်ဝါရီ ၆ ရက်မနက် အမှတ် (၁) ချစ်ကြည်ရေးတံတားဖွင့်သည်နှင့် မြန်မာနံပါတ်ပြားအနက်ဖြင့် ကားများစွာ မဲဆောက်သို့ ဝင်ရောက်လာပြီး ထိုင်း ဓာတ်ဆီဆိုင်များတွင် လောင်စာဆီများ အများအပြားဝယ်ယူမှု ပြုလုပ်နေကြရခြင်းဖြစ်သည်။
Ref: The Reporters
ကိုကလင်း
#MeKongNews
Photo- Reporter








