Others

အွန်လိုင်း အသုံးမပြုရေး လုပ်ဆောင်နေတဲ့စစ်ကောင်စီက နယ်စပ်မှာ အွန်လိုင်းရောင်းဝယ်ရေးစနစ်တစ်ခု ဖေါ်ဆောင်နေ

မဲခေါင် 13 Dec - 2024
အွန်လိုင်း အသုံးမပြုရေး လုပ်ဆောင်နေတဲ့စစ်ကောင်စီက နယ်စပ်မှာ အွန်လိုင်းရောင်းဝယ်ရေးစနစ်တစ်ခု ဖေါ်ဆောင်နေ

အွန်လိုင်း အသုံးမပြုရေး လုပ်ဆောင်နေတဲ့စစ်ကောင်စီက နယ်စပ်မှာ အွန်လိုင်းရောင်းဝယ်ရေးစနစ်တစ်ခု ဖေါ်ဆောင်နေ

မဲခေါင်၊ ဒီဇင်ဘာ ၁၃

နိုင်ငံသားတွေ အွန်လိုင်းအသုံးမပြုနိုင်အောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီက ဖရဲ၊ သခွားအပါအဝင် ကုန်စိမ်းတွေကို မိုင်းလား-တာလော့ နယ်စပ်ရောင်းဝယ်ရေးမှာ အွန်လိုင်း မှတ်ပုံတင်စနစ်နဲ့ ရောင်းဝယ်ဖို့ စီစဉ်နေတာကြောင့် သစ်သီးဝလံကုန်သည်တွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကနေ အွန်လိုင်းမှတ်ပုံတင်စနစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှာ ပြောင်းလဲရောင်းချဖို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ၂၇ ရက်က ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

“ အွန်လိုင်းဆိုတာ လိုင်းကောင်းမှ အဆင်ပြေတာ၊ ခုကလိုင်းတွေကလည်းမကောင်း၊ VPN ကိုပါ တရားမဝင်ဘူး ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ပိတ်တာ ကန့်သတ်တာတွေ လုပ်ထားတာလေ၊ အဲဒါကို အွန်လိုင်းမှဆိုတော့ ဘယ်လိုလုပ် လွယ်ကူအဆင်ပြေနိုင်ပါ့မလဲ၊ အရင်ဆုံးလုပ်ရမှာက အင်တာနက်လိုင်းကောင်းပြီး အတားအဆီးတွေနည်းအောင် လုပ်ပေးရမှာ” လို့ မိုင်းလား ကုန်ပို့သီးနှံကုမ္ပဏီတစ်ခုက ပြောပါတယ်။

အွန်လိုင်း ရောင်းဝယ်ရေးကို စျေးနှိမ်မခံရစေဖို့၊ ငွေလိမ်လည်မခံရစေဖို့နဲ့ အခွန်ရဖို့ရည်ရွယ်ချက်တွေနဲ့ လုပ်တာလို့သိရပေမယ့် သီးနှံတွေအချိန်မီ လတ်လတ်ဆတ်ဆတ်ရောက်ရှိဖို့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

“ အွန်လိုင်းဆိုတာက စျေးမှန်ရပြီး စျေးနှိမ်မခံရပေမယ့် ကိုယ့်ဘက်ကလည်း အရည်အသွေး မှန်၊ ပစ္စည်းကောင်း အာမခံရမှာဆိုတော့ ခုလိုလမ်းခရီးကြာတာ၊ ရာသီဥတုကြောင့် အသီးအနှံအရည်အသွေးလျော့ကျတာတွေဆို မလွယ်ဘူး၊ မျက်မြင် ကြိုက်ရောင်းကြိုက်ဝယ်မဟုတ်တော့ဘူးပေါ့” လို့ မူဆယ်သီးသီးဝလံကုန်သည် တစ်ဦးက ပြောပါတယ်။

ကုန်သွယ်ရေးမှာ နိုင်ငံချင်းချိတ်ဆက်ရောင်းဝယ်မှုက နှစ်ဘက်ဘဏ်အကောင့်၊ အမှာစာ၊ အရည်အသွေး စိစစ်အတည်ပြုမှု၊ စံချိန်စံညွှန်းနဲ့သတ်မှတ်ကာလတွေအတွင်း ရောင်းဝယ်ကြရတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကတော့ နှစ်နိုင်ငံခွင့်ပြုကုန်ကို ကြိုက်ရောင်း၊ ကြိုက်ဝယ် ပြုကြတာလို့ သိရပါတယ်။

အွန်လိုင်းမှတ်ပုံတင်ဖို့ ကုမ္ပဏီစာရွက်စာတမ်းအပြည့်အစုံ၊ မှတ်ပုံတင်ကအစ ထောက်ခံချက်မျိုးစုံနဲ့ နေထိုင်ရာမြို့ကစစ်ကောင်စီရဲ့ ကုန်သွယ်ရေးဌာနမှာတင်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနမှာ အွန်လိုင်းရောင်းချခွင့် မှတ်ပုံတင်တဲ့ ကုမ္ပဏီတွေကိုလာမယ့် ဒီဇင်ဘာ ၂၁ရက် မှာ စတင်စစ်ဆေးပြီး ခွင့်ပြုမိန့်ရတဲ့ကုမ္ပဏီတွေကလာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ၁ရက်ကစပြီး ရောင်းချခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အခု လွယ်ဂျယ်ဖွင့်ပြီ မရှုတ်တဲ့ လွယ်ဂျယ်ဘက်ပဲ သွားရောင်းတော့မယ်၊ ဒီမှာက စာရွက်စာတမ်းကအစ ငွေပေးရတာအဆုံး အရမ်းရှုပ်တယ်” လို့ကျိုင်းတုံ-မိုင်းလား ပို့ သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

KIA သိမ်းထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို မနေ့ကတရုတ်ဘက်က ဖွင့်ခဲ့ပေမယ့် KIAဘက်ကတော့ ဒီနေ့မနက်မှ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဘက်က ရှမ်းမြောက်က နယ်စပ်ဂိတ်တွေကို ကန့်သတ်ချက်တွေနဲ့ မူဆယ်နဲ့ မိုင်းလားမှာဖွင့်ပေမယ့် အခြားနယ်စပ်ဂိတ်တွေကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

MK-012
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now