Others

ဖယ်ခုံကို စစ်ဘေးရှောင်တွေ မပြန်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး

မဲခေါင် 21 Nov - 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်ကို စစ်ဘေးရှောင်တွေ လတ်တလော မပြန်ကြဖို့ တော်လှန်ရေး အင်အားစုတွေက ဒီနေ့ (နိုဝင်ဘာ ၂၁)မှာ သတိပေးလိုက်ပါတယ်။

ဖယ်ခုံကို စစ်ဘေးရှောင်တွေ မပြန်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး

မဲခေါင်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်ကို စစ်ဘေးရှောင်တွေ လတ်တလော မပြန်ကြဖို့ တော်လှန်ရေး အင်အားစုတွေက ဒီနေ့ (နိုဝင်ဘာ ၂၁)မှာ သတိပေးလိုက်ပါတယ်။

ဖယ်ခုံမြို့တွင်းမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် ၄၅ မိနစ်သာ ကွာဝေးတဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး မြေမြုပ်မိုင်း မရှင်းလင်းရသေးတဲ့အပြင် လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်လည်း ကျန်ရှိနေသေးတာကြောင့်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ကျနော်တို့ကတော့ သတိပေးစာတွေ တင်မယ်၊ မှာစရာရှိတာ လိုက်မှာမယ်၊ လိုင်းပေါ်တင်နေတာတွေ မယုံသင့်တာတွေမယုံဖို့ ပြောပေးမယ်၊ ဒီလောက်ပဲလုပ်ပေးလို့ရမယ်ပေါ့နော်၊ အဲဒါကိုမှ သူတို့ဖက်ကမရတော့ဘူး ခက်ခဲလာလို့ ပြန်ချင်တယ် ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့နော်” လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။

ဖယ်ခုံမြို့က စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းအဖွဲ့ရဲ့ အင်အား ၅၀၀ စစ်ကြောင်းဟာ တောလမ်းတွေကတဆင့် မိုးဗြဲမြို့ကို ရောက်ရှိပြီဖြစ်ပေမယ့် ဖယ်ခုံမြို့ကဆင့် စစ်ကူအင်အား နောက်ထပ် ပို့နိုင်ချေရှိပြီး လူသားဒိုင်းလည်း လုပ်နိုင်တယ်လို့လည်း မြေပြင်အရင်းအမြစ်က သုံးသပ်ပါတယ်။

“အရင်ကလည်း ပြန်ရင် သူတို့ ဖမ်းခေါ်တာပဲ၊ သူတို့ ခေါ်တယ်ဆိုတာက သူတို့ ထိန်းချုပ်နိုင်ကြောင်း ပြချင်တာပေါ့၊ တကယ်တမ်း ပြန်ရင်လည်း သူတို့ (စစ်ကောင်စီ)ဖက်က ဟုတ်တိပတိ လုံခြုံရေးမပေးနိုင်ပါဘူး၊ လွိုင်ကော်၊ နောင်ယားက တစ်ယောက်လည်း သူတို့ ပြန်ခေါ်တာ ပြန်တော့မိုင်းထိပြီး သေတယ်လေ”

စစ်ကောင်စီ ထောက်ခံသူ အုပ်စုက လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်ရှိ ကရင်နီပြည် အမည်ခံ ပေချ့်များ၊ ဂရုများမှာ ဖယ်ခုံမြို့ကို အမြန်ဆုံး ပြန်ကြဖို့အတွက် နေ့စဉ်တိုက်တွန်း ရေးသားနေပြီး ရောက်ရှိနေတဲ့ မြို့တွေမှာ ဖိအားပေးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

နေရပ်ပြန်မယ့် စစ်ဘေးရှောင်တွေအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီမှာ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာတောင်းခံပြီး အလွယ်တကူ ပြန်လို့ရမယ့်အပြင် လုံခြုံရေးအတွက်ကိုလည်း စစ်ကောင်စီရဲ့ စကခ-၇ ကဆောင်ရွက်ပေးသွားမယ်လို့ ဝါဒဖြန့်ထားတာပါ။

“ပင်လောင်းကတော့ ပြန်ခိုင်းပြီ၊ ညောင်ရွှေလည်း အရင်လတွေက ပြန်ခိုင်းတယ်၊ တဖက်ကလည်း ပြန်ခိုင်းတယ်၊ တဖက်ကလည်း ဒီမှာတော့ တိုက်ပွဲရှိသေးတယ် မပြန်ရသေးဘူး အဲလိုပေါ့နော်၊ ပြေလည်တဲ့သူလောက်ပဲ အဆင်ပြေတာပါ” လို့ ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်တွင်းမှာ အိမ်စောင့်ကျန်ရစ်သူ အမျိုးသားများနဲ့ သူခိုးအုပ်စုများ၊ တော်လှန်ရေး အင်အားစုများ အပါအဝင် လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သာကျန်ရှိပြီး နိုဝင်ဘာလ ၁၀ ရက်ဝန်းကျင်ကတည်းက ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။

နိုဝင်ဘာလ ၁၁ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာမှာ အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးကာ ပင်လောင်းမြို့နယ် အားကစားရုံမှာ ချုပ်နှောင်ထားပြီး အမျိုးသမီးတွေကို ပြန်ခွင့်ပြုပေမယ့် အမျိုးသားအားလုံးကို PNA က စစ်မှုထမ်းခေါ်ယူထားတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်က ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ လမ်းအတိုင်း စစ်အင်အား ဖြည့်တင်းနေသလို သူတို့ ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်တဲ့ ဆီဆိုင် – လွိုင်ကော်လမ်းကနေလည်း ကွေ့ပတ်ပြီး စစ်ကူပို့နေတဲ့အပြင် လွိုင်ကော် – ဘော်လခဲ – ဖားဆောင်းလမ်း အတိုင်းလည်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ မြေပြင်အရင်းအမြစ်တွေက ပြောပါတယ်။

MK-14
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now