Others

ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်း ဒုတိယအကြိမ် ဗုံးကြဲခံရမှု သေဆုံးမရှိ၊ ထိခိုက်ပျက်စီးမှုရှိ

မဲခေါင် 18 Nov - 2024
ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိရွာက ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်း ဒုတိယအကြိမ် ဗုံးကြဲခံရမှု သေဆုံးမရှိ၊ ထိခိုက်ပျက်စီးမှုရှိ

မဲခေါင်၊ နိုဝင်ဘာ ၁၈

ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိရွာက ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဘန်ကောက်စစ်ရှောင်စခန်း နေရာအဟောင်းကိုပဲ ဒီမနက် ၁၁နာရီခွဲမှာ ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံးဖြင့် တစ်ကြိမ်၊ ပေါင် ၂၀၀ ဗုံးသီးဖြင့် တစ်ခါကြဲလျှင် နှစ်ကြိမ်နှုန်းဖြင့် စုစုပေါင်း ဗုံး ငါးလုံးကို သုံးကြိမ်ခွဲ ကြဲချခဲ့တယ်လို့ အမှတ် ၁၀၀၇ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် -၂ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုံးကြဲမှုကြောင့် စခန်းအနီးက ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ စပါးကျီ၊ နေအိမ်အများအပြားနဲ့ စစ်ရှောင်တဲတွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

လူထိခိုက်မှုအနေနဲ့ ငါးဦးအထိ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိနိုင်တယ်လို့ သွားရောက်ကူညီနေသူတွေ ဆီကသိရပါတယ်။

ပထမအကြိမ် ဗုံးကြဲမှု ဖြစ်စဉ်နောက်ပိုင်း စစ်ဘေးရှောင်အများစုက တခြားသို့နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြပေမယ့် ရွှေ့ပြောင်းရန် အခက်အခဲရှိတဲ့ တချို့စစ်ဘေးရှောင်တွေက အဲ့နေရာမှာပဲ ဆက်လက်နေထိုင်နေတာလို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ဖယ်ခုံဒေသခံ အမျိုးသမီးတစ်ဦးက မဲခေါင်ကိုအခုလို ပြောပြပါတယ်။

“စစ်ရှောင်စခန်းက အရင်တခါအကြဲခံရပြီး နေရာရွှေ့ထားတယ်၊ ဒါပေမယ့် တချို့စစ်ရှောင်တွေက အဲ့မှာကျန်နေသေးတာ” လို့ သူကဆိုပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာသူတွေကို ဆေးရုံပို့ကုသပေးနေပြီး နောက်တကြိမ် လေကြောင်းလာတိုက်ခိုက်မှာကို စိုးရိမ်နေကြပါတယ်။ ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေကို ရှင်းလင်းတာတွေ မလုပ်ရဲသေးဘူးလို့ သိရပါတယ်။

ဒေသခံစစ်ရှောင်ပြည်သူနဲ့ ဒေသခံတွေက စစ်ကောင်စီအနေနဲ့ ဒီ ဘန်ကောက်စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ မကြာခဏ လေကြောင်းကနေ ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို မသိရဘူး စဉ်းစားမရဘူးလို့ ဆိုပါတယ်။

ပုံ-ဒုတိယအကြိမ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံ၊ ဘန်ကောက်စစ်ရှောင်စခန်းတဝိုက် ပျက်စီးမှုအနေအထား
CJ-001
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now