မဲခေါင်၊ နိုင်ဝင်ဘာ ၁
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့အနီးက မန့်မိုင်ဆုတောင်းကုန်းဘက်မှာ ဒီနေ့ နိုင်ဝင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီကျော်အချိန်မှာ လက်နက်ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်မှာ ဒေသခံတွေက စိုးရိမ်နေကြပြီး လက်ရှိပစ်ခတ်မှုကို မည့်သည့်အဖွဲ့တွေနဲ့ ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ တိုက်ပွဲဖြစ်တာ ထင်တယ်။ လက်နက်သံတွေ နာရီဝက်လောက်ကြားရတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်မှာ ဒေသခံတွေက စိုးရိမ်ကြတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေကလည်း စိုးရိမ်စရာဖြစ်တယ်။ မူဆယ်ဘက်မှာတော့ လက်နက်သံတွေ ခဏခဏကြားရပေမဲ့ အခုပစ်ခတ်မှုက နာရီဝက်ဆိုတော့ တိုက်ပွဲဖြစ်ဖို့ကများတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်တဲ့ နေရာဟာ မန့်မိုင်ကချင်နှစ်ခြင်းဘုရားကျောင်း ဆုတောင်းတောင်ဘက်မှာ ဖြစ်ပြီးပြီး အဲ့ဒီနေရာမှာ KIA ၊ AA တပ်ဖွဲ့တို့ ရှိတယ်လို့ ဆိုပါတယ်။
မူဆယ်မြို့ထဲမှာ စစ်ကောင်စီတပ်၊ ပြည်သူစစ်တို့ ထိန်းချုပ်ထားသလို့ မူဆယ်မြို့အနီးတဝိုက်ကိုတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ SSPP တပ်တွေ နေရာယူထားတာတွေရှိနေတယ် သိရပါတယ်။
MK -011







