Others

ပထမဆုံး ပုဂ္ဂလိကပိုင်ဆိုင်မှုကို တော်လှန်ရေးရံပုံငွေအဖြစ် မဲရောင်းချနေတဲ့ Project The Key

မဲခေါင် 5 Jun - 2024
ပထမဆုံး ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တဲ့ ရှမ်းပြည်အတွင်းက ဟိုတယ်တစ်ခုကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး “မမများနဲ့ပွဲကမယ်”က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

မဲခေါင်၊ ဇွန် ၅

ပထမဆုံး ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တဲ့ ရှမ်းပြည်အတွင်းက ဟိုတယ်တစ်ခုကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး “Ride Behind Kalaw”၊ “Pencelo” နဲ့ “မမများနဲ့ပွဲကမယ်” တို့က ပူးတွဲဦးဆောင်ပြုလုပ်ပါတယ်။

အဲ့ဒီပရောဂျက်ကို The Key လို့အမည်ပေးထားပြီး ဇွန်လတစ်လလုံး မဲစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မဲဖောက်ပေးမယ့်ဟိုတယ်ကို ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့အခြေစိုက် နာမည်ကြီး Adventure ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Ride Behind Kalaw က ပိုင်ဆိုင်တာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်တွင်းက ပိုင်ဆိုင်မှုတွေကို ရောင်းချပေးရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ရှိပိုင်ဆိုင်ထားတဲ့ မြေနေရာ၊ အိမ်တို့ကို ရောင်းချခဲ့ဖူးပေမယ့် အခုလို ပုဂ္ဂလိကပိုင်ပစ္စည်းကို ပြည်သူတစ်​ဦးအနေနဲ့ လှူဒါန်းတဲ့ပိုင်ဆိုင်မှုမျိုးဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပရောဂျက်ကို တာဝန်ယူပေးနေတဲ့ “မမများနဲ့ပွဲကမယ်” အဖွဲ့ဆီက သိရပါတယ်။

ပရောဂျက် The Key ကို Raffle Ticket နဲ့ရောင်းချနေတာဖြစ်ပြီး လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၁၀၀ ရှိပါတယ်။ အခြားနိုင်ငံများမှဝယ်ယူလိုပါက ငွေလဲနှုန်းအတိုင်းပေးဝယ်ရမယ်လို့ သိရပါတယ်။ ပရောဂျက်စတင်ပြီး ဒီနေ့အထိ မျှော်လင့်ထားတာထက် ဝယ်ယူသူများတယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်း အပြောင်းအလဲကို “မမများနဲ့ပွဲကမယ်” နဲ့ Ride Behind Kalaw ဖေ့စ်ဘွတ်ပေ့ချ်တွေမှာ နေ့စဥ်တင်ပေးနေတယ်လို့ ဆိုပါတယ်။

ကံထူးရှင်ကို မူလက တစ်ဦးထဲသာ ဖောက်ပေးဖို့ရွေးချယ်ထားခဲ့ပေမယ့် ပရောဂျက်ဖြစ်မြောက်ရေးမှာပါဝင်တဲ့ အဖွဲ့ဝင်တွေ Fundraiser တွေရဲ့ သဘောတူညီချက်အရ ၅ ဦး မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။ ပထမဆုအနေနဲ့ ပိုင်ဆိုင်မှု ၃၀%၊ ဒုတိယဆုရှင်အား ၂၀%၊ တတိယဆုရှင်ကို ၁၀%၊ အထူးဆုအား ၅% နဲ့ နှစ်သိမ့်ဆုရှင်ကိုတော့ ၃% နှုန်းစီ ခွဲပေးသွားမယ်လို့ သိရပါတယ်။

ပိုင်ဆိုင်မှုခွဲဝေတာ၊ လွှဲပြောင်းတာ စတဲ့ ဥပဒေရေးရာကိစ္စတွေအတွက် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်က ဆောင်ရွက်ပေးသွားမယ် လို့ဆိုပါတယ်။ ပိုင်ဆိုင်မှုလွှဲပြောင်းရေးကိုတော့ တော်လှန်ရေးကာလအလွန် ပြည်သူတင်မြောက်တဲ့ အစိုးရတက်ပြီး ခိုင်မာတဲ့ဥပဒေပေါ်ပေါက်လာချိန်မှ လွှဲပေးသွားမယ်လို့ ဆိုပါတယ်။

မဲပေါက်သူအနေနဲ့ မိမိသေဆုံးသွားချိန်တွင်လည်းကောင်း၊ အခြားသူအားလွှဲပြောင်းပေးစေလိုလျှင်လည်းကောင်း တခါတည်း ပရောဂျက်တာဝန်ယူထားသူတွေနဲ့ တခါတည်းဆွေးနွေးပြီး ဥပဒေအရ ကတိကဝတ်ပြုနိုင်အောင်လည်း စီစဥ်ထားတယ်လို့ “မမများနဲ့ပွဲကမယ်” ဘုတ်အဖွဲ့တာဝန်ရှိသူ မဂူးက ဖြေကြားထားပါတယ်။

The Key ပရောဂျက်ကနေ မဲဖောက်ပေးမယ့် ဟိုတယ်ဟာ ရှမ်းပြည်အတွင်းက ခရီးသွားလုပ်ငန်းတွင်ကျယ်တဲ့ ဒေသမှာရှိပြီး ဟိုတယ်တန်ကြေးဟာ ၂၀၂၀ ခုနှစ်ကုန်ကာလပိုင်း ပေါက်ဈေးအရ ဒေါ်လာ ၁.၅ သန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ချိတ်ပိတ်ထားပါတယ်။

အဲ့တာကြောင့် ဒီပရောဂျက်မှာ အဆိုးဆုံးအခြေအနေ အနေနဲ့ ဟိုတယ်အဆောက်အဦကို နေရာအတိအကျ ကြေညာထားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က Ride Behind Kalaw ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို အချိန်မရွေးလာဖျက်ဆီးနိုင်တာကြောင့် မြေနေရာနဲ့ အောက်ခံဖောင်ဒေးရှင်းကိုပဲ မျှော်လင့်ထားကြဖို့ လိုတယ်လို့ဆိုပါတယ်။

ဟိုတယ်ပိုင်ရှင် ကိုအောင်ရဲပြည့်က “စစ်ကောင်စီက ကျနော်တို့ပိုင်ဆိုင်တဲ့ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးဖူးတယ်။ နောက် ဟိုတယ်ထဲက ရောင်းစားလို့ရသမျှ ကျွန်းပြားတွေ အဲကွန်းကကြေးပြားတွေကအစ ခွာပြီးရောင်းစားထားတယ်ဆိုတော့ ကျနော်ကတော့ အဆောက်အအုံကိုတော့ အာမမခံရဲဘူး။ ဖောင်ဒေးရှင်းတော့ ကျန်နိုင်တယ် နောက်တော့မြေနေရာပေါ့နော်။​မြေကတောင်စောင်းမှာဆိုတော့ ဟိုတယ်မျက်နှာစာက ၂ထပ်လို့ထင်ရပေမယ့် မြို့ထဲကလာရင် အထပ်မြင့်အဆောက်အအုံပါ။ မိုတယ်လို့ပဲနာမည်ပေးခဲ့ပေမယ့် တကယ်တော့ အဲ့အချိန်က ဟိုတယ်နှင့်ခရီးသွားလာရေးက သတ်မှတ်ထားတဲ့ ဟိုတယ်အခန်းသတ်မှတ်ချက်ထက်တောင် ကျနော်တို့အခန်းတွေက မြင့်ပါတယ်” လို့ မဲခေါင်ကိုပြောပြပါတယ်။

တော်လှန်ရေးအတွက် နောက်ဆုံးအနေနဲ့ သူ့ရဲ့တန်ဖိုးအကြီးဆုံးပိုင်ဆိုင်မှုကို ငွေအင်အားအလုံးအရင်း တော်လှန်ရေးကို စီးဆင်းဖို့ ရည်ရွယ်ပြီး အပြီးသတ်လှူဒါန်းဖို့ တစ်နှစ်ခန့်စဥ်းစား ဆုံးဖြတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ဟိုတယ်ရောင်းချငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကို သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့တွေဆီလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဒီ The Key ပရောဂျက်တည်ထောင်သူအဖြစ် Ride Behind Kalaw၊ ပရောဂျက်ဒါရိုက်တာအနေနဲ့ “မမများနဲ့ပွဲကမယ်” အဖွဲ့က တာဝန်ယူထားပြီး ပရောဂျက် ကိုယ်စားပြုပုဂ္ဂိုလ်(ambassdor)အနေနဲ့ မပန်ဆယ်လိုက တာဝန်ယူထားတာဖြစ်ပါတယ်။

CJ001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now