မဲခေါင်၊ အောက်တိုဘာ ၃၀
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၀) ဖွဲ့စည်း တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ရေးပြ ချီတက်တာ၊ အလံတော် အလေးပြုတာ၊ KNDF ရဲ့ သစ္စာအဓိဌာန် (၅) ချက်ရွတ်ဆိုတာ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းများကို အလေးပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။
KNDF တပ်ရင်း (၁၀) ၂ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် တပ်မတော်-KA တာဝန်ရှိသူများ၊ KNDF တာဝန်ရှိသူများ၊ တပ်ရင်းကို အမြဲတမ်း ထောက်ပို့နေသူများနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။
KNDF တပ်ရင်း (၁၀) ဟာ တော်လှန်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ၂ နှစ်အတွင်း ရဲဘော် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ရပါတယ်။
တပ်ရင်း စတင် ဖွဲ့စည်းချိန်ကနေ အခုအထိ ရပ်တည်နိုင်တာဟာ ပြည်သူများ၊ အလှူရှင်များရဲ့ အားကျိုးမာန်တက် အဖက်ဖက် ထောက်ပံ့ပေးမှုကြောင့် ဖြစ်ပြီး KNDF ရဲဘော်တွေဟာ ပြည်သူမှ ပေါက်ဖွားလာတဲ့ ပြည်သူ့ရဲဘော် ဖြစ်တာကြောင့် တော်လှန်ရေး ပြီးဆုံးတဲ့အထိ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CJ-002
#MekongNews
#ကရင်နီပြည်
#KNDF
#KA













