မြန်မာ့နွေဦး

ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ NUG ထုတ်ပြန်

မဲခေါင် 1 Mar - 2023
မဲခေါင်၊ မတ် ၁ ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁

ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ် Camp Victoria စခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့လို့ CNF ရဲဘော် ၃ ဦး၊ ရဲမေ ၂ ဦး ကျဆုံးခဲ့ပြီး ပြင်ပလူနာကုသဆောင်၊ ဆေး စတိုနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ ရှောင်တိမ်းနိုင်ခဲ့ပေမဲ့ ဆေးရုံ အနီးမှာ နေထိုင်တဲ့ ၆၂ နှစ်အရွယ် ဒေါ်ကြည် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကိုင်းတိုင်း၊ နွယ်အင်းကျေးရွာကို စစ်ကောင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း တစ်ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့သွားခဲ့တယ်လို့ NUG က ဆိုပါတယ်။

အရာတော်မြို့နယ်က မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့သလို အထက်တန်းကျောင်းနဲ့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆေးနဲ့ ဆေးပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း တောထဲမှာ မွေးလူနာ ကိုကုသပေးပြီး အုတ်ဖိုမြို့ကို ပြန်လာတဲ့ CDM သူနာပြု ဆရာမ ဒေါ်မေဇွန်မိုး ဟာ PDF ရဲဘော် ၂ ဦးနဲ့အတူ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ အနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီ ဖြစ်စဉ်မှာ PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီက ဖမ်းမိစဉ် တစ်ခါတည်း ပစ်သတ်ခဲ့ပြီး ဆရာမ ဒေါ်မေဇွန်မိုး ထွက်ပြေးပေမဲ့ စစ်တပ်က ပြန်မိသွားပြီး စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ကာ ဖော်ဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ထန်းပင်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ NUG ကဆိုပါတယ်။

အဆိုပါနေ့မှာပဲ ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဟာ ဇာတိ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာမှာ နေထိုင်စဉ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရကာ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်ကို ဖမ်းဆီးထားကာ နိုင်ငံအနှံ့က ဆေးရုံ၊ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဂျီနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်နေသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တာကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုံ့ချပြီး နိုင်ငံတကာ အနေနဲ့ အမြန်ဆုံး ထိရောက်စွာ တားဆီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးလုပ်သား၊ တော်လှန်ရေး ရဲဘော်၊အြ ပစ်မဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ကျဆုံးခဲ့ရမှုတွေကို တရာမျှတမှု ပြန်ရအောင် လုပ်ပေးမယ်လို့ NUG ကပြောပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now