ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် ၇ နာရီ ၅ မိနစ်မှာ ချပ်သင်းတိုက်နယ် ဘောလုံးကွင်း အရှေ့ဘက်မှာ လဖက်ရည်သောက်ဖို့ ထွက်လာတဲ့ စစ်ဗိုလ် အပါအဝင် စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ၈ ဦးကို ဒေါင်းရာဇာအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
ထိခိုက်ခဲ့တဲ့ ၄ ဦးအနက် စစ်ဗိုလ် အပါအဝင် ၂ ဦး ဒဏ်ရာပြင်းထန်လို့ သေဆုံးနိုင်ပြီး နောက် ၂ ဦးကတော့ အသက် အန္တရာယ် မရှိတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရပါတယ်။