ဆောင်းပါး

အီဗရာဟင် ထရာအိုရေး

မဲခေါင် 28 Nov - 2026
~ CWM ~ ” လူတချို့က ဇိမ်ခံကား ၂၅ စီး၊ လုံးချင်းအိမ် အလုံး ၃၀ ပိုင်ဆိုင်ထားချိန်မှာ လူအများစုက အိမ်ခြေရာချေမရှိ၊ စားရမဲ့ သောက်ရမဲ့ အခြေအနေကို ရောက်နေတယ်။ လူတချို့က စည်းစိမ်ခံစားနေပြီး လူတချို့က ဒုက္ခခံစားနေရတယ်ဆိုရင် ဒါဟာ ပြဿနာပဲ။” ( အီဗရာဟင် ထရာအိုရေး ) ဒီ တနှစ် နှစ်နှစ်အတွင်းမှာပဲ ” အီဗရာဟင် ထရာအိုရေး” ဆိုတဲ့ အနောက်အာဖရိက က အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နာမည်ဟာ အာဖရိက ကို ကျော်လွန်ပြီး ကမ္ဘာမှာ လူသိများလာတယ်။ သူက အသက်(၃၈)နှစ်သာ ရှိသေးတဲ့ အနောက်အာဖရိက ဘာကီနာဖာဆိုနိုင်ငံရဲ့

~ CWM ~

” လူတချို့က ဇိမ်ခံကား ၂၅ စီး၊ လုံးချင်းအိမ် အလုံး ၃၀ ပိုင်ဆိုင်ထားချိန်မှာ လူအများစုက အိမ်ခြေရာချေမရှိ၊ စားရမဲ့ သောက်ရမဲ့ အခြေအနေကို ရောက်နေတယ်။ လူတချို့က စည်းစိမ်ခံစားနေပြီး လူတချို့က ဒုက္ခခံစားနေရတယ်ဆိုရင် ဒါဟာ ပြဿနာပဲ။”

( အီဗရာဟင် ထရာအိုရေး )

ဒီ တနှစ် နှစ်နှစ်အတွင်းမှာပဲ ” အီဗရာဟင် ထရာအိုရေး” ဆိုတဲ့ အနောက်အာဖရိက က အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နာမည်ဟာ အာဖရိက ကို ကျော်လွန်ပြီး ကမ္ဘာမှာ လူသိများလာတယ်။ သူက အသက်(၃၈)နှစ်သာ ရှိသေးတဲ့ အနောက်အာဖရိက ဘာကီနာဖာဆိုနိုင်ငံရဲ့ စစ်ခေါင်းဆောင်ပါ။ ဒီနေ့ ကမ္ဘာပေါ်မှာတော့ သူဟာ အသက်အငယ်ဆုံး ခေါင်းဆောင်တဦးလည်းဖြစ်တယ်။ အသက်ငယ်ရွယ်တဲ့ စစ်ခေါင်းဆောင်ဖြစ်ပေမယ့် သူဟာ ပြတ်သားတယ်။ ရဲ့ဝံ့တယ်။ အနောက်အုပ်စုကို ပြတ်ပြတ်သားသား အာခံတယ်။ အနောက်အုပ်စုရဲ့ နယ်ချဲ့စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တယ်။

၁၉၈၈ ခုနှစ် မတ်လမှာ မွေးဖွားခဲ့ပြီး အသက်(၃၈)နှစ်သာ ရှိသေးတဲ့ ထရာအိုရေးဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အာဏာသိမ်းပွဲအပြီးမှာ ဘာကီနာဖာဆိုရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင်ဖြစ်လာခဲ့သူပါ။ ကမ္ဘာမှာ မကြာခဏ စစ်အာဏာသိမ်းလေ့ရှိတာ အာဖရိကနိုင်ငံတွေပါ။ ဒီအထဲမှာ အနောက်အာဖရိက က ဘာကီနာဖာဆိုလည်း တနိုင်ငံ ပါဝင်ခဲ့တယ်။ ၂၀၂၀ နဲ့ ၂၀၂၃ ခုနှစ်အကြား အာဖရိကအလယ်ပိုင်း ဆူဒန်ကနေ နိုက်ဂျာ၊မာလီ၊ ဂီနီဘစ်ဆော၊ ဂီနီ၊ ဂါဘွန်၊ ချဒ်ကနေ အနောက်ဘက် ဆာဟဲဒေသ ဘာကီနာဖာဆိုအထိ အာဏာသိမ်းပွဲတွေ တောက်လျှောက် ဖြစ်ခဲ့လို့ အဲဒီဒေသတခုလုံးကို အာဖရိကရဲ့ Coup belt လို့တောင် ခေါ်ဝေါ်ခဲ့ကြတယ်။ ဆင်းရဲတဲ့အာဖရိကနိုင်ငံတွေမှာ အစိုးရတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့အတူ စစ်အာဏာသိမ်းပွဲတွေဟာ ထမင်းစားရေသောက်လို မကြာခဏ ဖြစ်ခဲ့တယ်။

ဘာကီနာဖာဆို ဆိုတဲ့ အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံငယ်ကလေးဟာလည်း ၂၀၂၂ ခုနှစ်အတွင်းမှာပဲ အာဏာသိမ်းပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်။ ပထမတကြိမ်က ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က အရပ်သားသမ္မတ ခရစ်ယာန် ကာဘိုရေနဲ့ ဝန်ကြီးချုပ်တို့ကို စစ်ခေါင်းဆောင် ပေါလ်ဟင်နရီ ဒါမီဘာက ဖမ်းဆီးပြီး ယာယီကြားဖြတ်အစိုးရဖွဲ့စည်းခဲ့တယ်။ စစ်ခေါင်းဆောင် ဒါမီဘာက (၈)လပဲ ကြားဖြတ်အစိုးရကို တာဝန်ယူခဲ့ရပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလမှာ ထရာအိုရေး ခေါင်းဆောင်တဲ့ စစ်အရာရှိငယ်တစုက သူ့ကိုဖယ်ရှားပြီး ထပ်မံ အာဏာသိမ်းခဲ့တယ်။ စစ်ခေါင်းဆောင် ဒါမီဘာဟာ အစ္စလာမ္မစ် စစ်သွေးကြွ သူပုန်တွေကို အပြီးသတ်နှိမ်နင်းမယ်လို့ ကတိပေးခဲ့ပေမယ့် အကောင်အထည်မပေါ်ဘဲ စစ်သွေးကြွတွေက နယ်မြေ ၄၀% အထိ တိုးချဲ့ သိမ်းပိုက်လာတဲ့အတွက် ဗိုလ်ကြီး ထရာအိုရေး ဦးဆောင်တဲ့ အရာရှိငယ်တွေက သူ့ကို ဖယ်ရှားလိုက်တာဖြစ်တယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်အတွင်း ဘာကီနာဖာဆိုမှာ အာဏာသိမ်းပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးအာဏာသိမ်းခဲ့တာကတော့ ထရာအိုရေး ဦးဆောင်တဲ့အဖွဲ့ဖြစ်တယ်။

အာဏာသိမ်းပြီးချိန်မှာ ထရာအိုရေးက အသက် (၃၄)နှစ်သာ ရှိသေးပြီး ကမ္ဘာမှာ အသက်အငယ်ဆုံး ခေါင်းဆောင်ဖြစ်လာတယ်။ လူငယ် စစ်ခေါင်းဆောင် ထရာအိုရေးဟာ အာဏာသိမ်းပြီး ပြီးချင်းမှာ နိုင်ငံထဲက ပြင်သစ်စစ်တပ်ကို မောင်းထုတ်လိုက်တယ်။ ပြင်သစ်နိုင်ငံနဲ့လည်း သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး ရုရှား၊ တူရကီ၊ တရုတ်တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်တယ်။ ECOWAS လို့ ခေါ်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က နှုတ်ထွက်ပြီး မာလီ၊ နိုင်ဂျာ တို့နဲ့ ပူးပေါင်းပြီး ဆာဟဲနိုင်ငံများ မဟာမိတ်အဖွဲ့ကို ထူထောင်တယ်။

အနောက်အုပ်စု နဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အာဖရိကနိုင်ငံများ ညီညွတ်ရေးနဲ့ အနောက်အုပ်စုရဲ့ထိန်းချုပ်မှုအောက်က အာဖရိကနိုင်ငံများ လွတ်မြောက်ရေးကို ဦးဆောင်ခဲ့တယ်။ ထရာအိုရေးဟာ အသက်ငယ်ရွယ်သေးတဲ့ စစ်ခေါင်းဆောင်ဖြစ်ပေမယ့် ပညာတတ်ပြီး နိုင်ငံရေးအမြင်ကျယ်သူဖြစ်တယ်။ သူဟာ ဘာကီနာဖာဆို အွာဂါဒိုဂိုတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဘာကီနာဖာဆို လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့တယ်။ ပြည်ပနိုင်ငံတွေမှာ စစ်သင်တန်းတက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ မာလီမှာ ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ အာဏာသိမ်းခေါင်းဆောင် ဒါမီဘာကို ထပ်ဆင့် အာဏာသိမ်းလိုက်ချိန်မှာ ထရာအိုရေးက ဗိုလ်ကြီးအဆင့်ပဲ ရှိသေးတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ရုရှား-အာဖရိက ထိပ်သီးညီလာခံကျင်းပတော့ ဘာကီနာဖာဆိုရဲ့ကြားဖြတ်အစိုးရခေါင်းဆောင် အသက်(၃၅)နှစ်သာရှိသေးတဲ့ ထရာအိုရေး မိန့်ခွန်းတက်ပြောတယ်။ သူ့ရဲ့ အနောက်အုပ်စု နယ်ချဲ့ဆန့်ကျင်ရေး ပြတ်သားတဲ့ မိန့်ခွန်းဟာ မီဒီယာတွေကတဆင့် လူသိများသွားတယ်။ သူဟာ ပီသတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ အနောက်နိုင်ငံများရဲ့ ရုပ်သေးဖြစ်နေတဲ့ အာဖရိကအစိုးရခေါင်းဆောင်တွေကို ဝေဖန်သွားခဲ့တယ်။ အနောက်အုပ်စု နယ်ချဲ့တွေဟာ အာဖရိကရဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ နှိုက်ယူသွားခဲ့ပြီး ကိုလိုနီပြု ကုပ်သွေးစုပ်ခဲ့တယ်လို့ ဆိုတယ်။

သူဟာ ဘယ်နေရာသွားသွား ကြက်သွေးရောင် ဘယ်ရီဦးထုပ်၊ ကျားသစ်ကွက် တိုက်ပွဲဝင် ပြောက်ကျားဝတ်စုံကို ဝတ်ဆင်လေ့ရှိတယ်။ အာဖရိက-ရုရှားညီလာခံမှာ မိန့်ခွန်းပြောတော့လည်း ဒီယူနီဖောင်းနဲ့ပဲ။ ဘာကီနာဖာဆို ဆိုတာ အနောက်အာဖရိကမှာ အိုင်ဗရီကို့စ်၊ မာလီ နိုင်ဂျာ၊ ဂါနာ အစရှိတဲ့နိုင်ငံတွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ပြင်သစ်လက်အောက်ခံ ကိုလိုနီဖြစ်ခဲ့တယ်။ လူဦးရေ ၂၄ သန်းရှိပြီး သယံဇာတပေါကြွယ်ပေမယ့် ပြည်တွင်းစစ်ကြောင့် ဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ အစ္စလာမ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့ JNIM နဲ့ ISSP တို့နဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အခြားအာဖရိကနိုင်ငံတွေလိုပဲ ဆင်းရဲတယ်။ ဘာကီနာဖာဆိုရဲ့ အဓိက သယံဇာတက ” ရွှေ” ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ရွှေ ၉၄ တန် ထွက်ခဲ့တယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဗိုလ်ကြီး အီဗရာဟင် ထရာအိုရေး ဦးဆောင်တဲ့ စစ်အရာရှိငယ်တွေက အာဏာသိမ်းစစ်ခေါင်းဆောင် အမီဘာကို ဖယ်ရှားလိုက်ချိန်က စလို့ ဘာကီနာဖာဆိုဟာ ပြောင်းလဲသွားတယ်။ ထရာအိုရေးဟာ အာဖရိကရဲ့ ချေဂွေဗာရားလို့ တင်စားခံရတဲ့ တော်လှန်ရေးခေါင်းဆောင် “သောမတ်စ် ဆန်ကာရာ”ကို အားကျနေသူဖြစ်တယ်။ ကြက်သွေးရောင် ဘယ်ရီဦးထုပ်နဲ့ တိုက်ပွဲဝင် ပြောက်ကျားဝတ်စုံကိုသာ အမြဲဝတ်ဆင်လေ့ရှိပြီး ဇိမ်ခံကားအကောင်းစားတွေ၊ မော်တော်ယာဉ်တန်းတွေ အသုံးပြုသွားလာလေ့မရှိဘူး။ သူအမြဲတမ်းစီးလေ့ရှိတဲ့ကားက ၂၀၁၁ ခုနှစ်ထုတ် လန်းရိုဗာ ကားပါ။ ထရာအိုရေးဟာ ခုချိန်ထိ စစ်တပ်မှာ ကပ္ပတိန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ရခဲ့တဲ့ လစာအတိုင်း လခ ရယူနေပြီး အသုံးစရိတ်လျှော့ချတဲ့အနေနဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ထမ်းလစာတွေကို လျှော့ချဖြတ်တောက်ခဲ့တယ်။

“လူတချို့ စားစရာမရှိ ဖြစ်နေချိန်မှာ လူတချို့ ချမ်းသာကြွယ်ဝပြီး ဇိမ်ခံနေတာဟာ ပြဿနာပါ” လို့ သူက ပြောတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ ပြင်သစ်စစ်တပ်တွေကို နိုင်ငံထဲကနေ မောင်းထုတ်လိုက်ပြီး ပြီးခဲ့တဲ့ ဇွန်လက ပြင်သစ်နိုင်ငံနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်တယ်။ ရွှေတွင်းတွေကို ပြည်သူပိုင်သိမ်းလိုက်ပြီး စက်တင်ဘာလက ဘာကီနာဖာဆိုရဲ့ ပထမဆုံး ” ရွှေသန့်စင်စက်ရုံ” ကို ဖွင့်လှစ်လိုက်တယ်။ ပြည်တွင်းမှာပဲ ရွှေကို သန့်စင်ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်တဲ့အတွက် အရင်ကထက် ရွှေထုတ်လုပ်မှု တိုးပွားလာတယ်။

၂၀၂၅ခုနှစ်မှာ ဘာကီနာဖာဆိုရဲ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ ၅.၃% ဖြစ်လာတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်တို့ကတောင် ဘာကီနာဖာဆိုရဲ့ မကြာမီက စီးပွားရေးတိုးတက်မှုကို အသိအမှတ်ပြုခဲ့ကြတယ်။

” လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ၂၀၂၅ ခုနှစ်မှာ ဘာကီနာဖာဆိုရဲ့ စီးပွားရေးဟာ ဆက်လက်အားကောင်းနေမယ်” လို့ အိုင်အမ်အက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

သိပ်မကြာသေးခင်ကပဲ ဘာကီနာဖာဆိုမှာ ဒေါ်လာ (၆၁)သန်းတန် နည်းပညာတက္ကသိုလ်တခုကို ဖွင့်လှစ်ခဲ့တယ်။ အရင်တုန်းက အဆင့်မြင့် အင်ဂျင်နီယာပညာတွေကို သင်ကြားဖို့ ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့ရာက ဘာကီနာဖာဆို လူငယ်တွေဟာ အဆင့်မြင့်နည်းပညာတွေကို အွာဂါဒိုဂို နည်းပညာတက္ကသိုလ်မှာပဲ သင်ကြားခွင့်ရပြီဖြစ်တယ်။

ထရာအိုရေးဟာ အာဖရိကနိုင်ငံတွေကြားမှာ လူကြိုက်များတဲ့ စစ်ခေါင်းဆောင် ဖြစ်လာတယ်။ အရင်က ကိုဖီအာနန် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှု လေ့ကျင့်ရေးဌာနမှာ တာဝန်ယူဖူးတဲ့ ပါမောက္ခ ကွေစီ အေနင်းဆိုသူက ထရာအိုရေးရဲ့ ပေါ်ပြူလာဖြစ်မှုဟာ အာဖရိကမှာ (အထူးသဖြင့် အနောက်အာဖရိကမှာ) ဖြစ်ပေါ်နေတဲ့ “နိုင်ငံရေးအရွေ့”ကို ထင်ဟပ်နေတယ်လို့ သုံးသပ်တယ်။

Afrobarometer ရဲ့ နိုင်ငံပေါင်း ၃၉ ခုမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်တမ်းအရ ဒီမိုကရေစီဟာ လူကြိုက်များတဲ့ အစိုးရပုံစံတခုအဖြစ် ရှိနေသေးပေမယ့် ဒီမိုကရေစီကို ထောက်ခံမှုဟာတဖြည်းဖြည်း ကျဆင်းလာနေတယ်လို့ ဆိုတယ်။ ဒီမိုကရေစီဟာ လူငယ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး။ အလုပ်အကိုင်၊ ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကို မပေးနိုင်တဲ့အခါ ထရာအိုရေးရဲ့ ပြုပြင်ပြောင်းလဲမှုက လူငယ်တွေရဲ့ စိတ်ဓါတ်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုတယ်။

“ဘာကီနာဖာဆိုဟာ ဒီမိုကရေစီနိုင်ငံမဟုတ်ဘူး။ တော်လှန်ရေးတရပ်ဆင်နွှဲနေတဲ့ နိုင်ငံဖြစ်တယ်။ တော်လှန်ရေးဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူး။ သတိရှိမှု၊ စွန့်စားမှုနဲ့ ရှင်သန်နိုင်စွမ်းပေါ် တည်ဆောက်ရတာဖြစ်တယ်” လို့ ထရာအိုရေးက ဆိုတယ်။

ပြည်တွင်းစစ်ဖြစ်နေဆဲ ဘာကီနာဖာဆိုမှာ လူဦးရေ ၃.၅ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်။ အာဏာသိမ်းပွဲတွေ မကြာခဏဖြစ်နေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတယ်။ ပြည်တွင်းစစ်၊ ဆင်းရဲနွမ်းပါးမှု၊ အကျင့်ပျက်ခြစားမှုတွေကြားထဲက လူငယ်စစ်ခေါင်းဆောင် ထရာအိုရေးရဲ့(အနောက်အာဖရိက) ဘာကီနာဖာဆိုနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကတော့ ထူးခြားနေတယ်။

လူငယ်စစ်ခေါင်းဆောင် ထရာအိုရေးရဲ့ ပြတ်သားတဲ့ မူဝါဒတွေကြောင့် နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေနဲ့ ယဉ်ပါးနေတဲ့ ဘာကီနာဖာဆိုမှာ အခွင့်ထူးခံ လူတန်းစားတချို့ဟာ သူ့ကို မကြိုက်ကြဘူး။ ဒီ လူတန်းစားတွေဟာ နိုင်ငံထဲမှာ လူတွေ ဆင်းရဲငတ်မွတ်ပြီး အဖက်ဖက်က အခြေအနေဆိုးရွားနေမှ သူတို့အတွက် အာဏာ နဲ့ ငွေကြေးကို တည်ဆောက်လို့ ရမယ်လို့ ယုံကြည်သူတွေ ဖြစ်တယ်။ ဒါ့ကြောင့်သူတို့ဟာ ထရာအိုရေးရဲ့ပြတ်သားတဲ့ မူဝါဒတွေကို မနှစ်သက်ကြဘူး။ အဖက်ဖက်က ယိုယွင်းအားနည်း နိမ့်ကျနေတဲ့နိုင်ငံအတွက် သဘာဝသယံဇာတတွေဟာ တခါးမရှိ ဓါးမရှိ ထုတ်ယူခွင့်ပြုထားသလို ဖြစ်နေခဲ့တယ်။

ထရာအိုရေး အာဏာရလာချိန်ကစလို့ အစစအရာရာဟာ ပြောင်းလဲသွားတယ်။ လုံခြုံမှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအမြင်နဲ့ နှစ်ပေါင်းများစွာ ဖွင့်ပေးထားတဲ့ တခါးတွေကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။

ဒါ့ကြောင့် ထရာအိုရေးအာဏာရလာချိန်ကစလို့ သူ့ကို ဆန့်ကျင်ကြသူတွေက နည်းလမ်းပေါင်းစုံနဲ့ ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတယ်။ (၂၀၂၂ ခုနှစ် စက်တင်ဘာလ ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်း မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု လေးကြိမ် ဖြစ်ခဲ့တယ်။)

ကြက်သွေးရောင် ဘယ်ရီဦးထုပ်၊ ကျားသစ်ကွက် တိုက်ပွဲဝင်ပြောက်ကျားစစ်ဝတ်စုံနဲ့ အမြဲမြင်တွေ့ရတတ်တဲ့ အသက်(၃၈)နှစ်သာ ရှိသေးတဲ့ ဘာကီနာဖာဆို ခေါင်းဆောင် ထရာအိုရေးဟာ တကယ်တော့ စစ်အာဏာရှင်တဦးပါ။ သူဟာ အာဖရိကတိုက်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတဲ့ နယ်ချဲ့တွေကို ဆန့်ကျင်သူ။ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို အနောက်အုပ်စုလွှမ်းမိုးမှုက လွတ်မြောက်စေလိုသူ။ လူငယ်စစ်ခေါင်းဆောင် ဖြစ်ပေမယ့် ကိုယ်ကျိုးအတ္တကို စွန့်ပြီး ဆင်းရဲတဲ့ နိုင်ငံငယ်ကို ကယ်တင်ဖို့ ကြိုးစားနေသူ။

သူဟာ စောင့်ကြည့်ရမယ့် အာဖရိက မျိုးချစ်လူငယ်ခေါင်းဆောင်လည်း ဖြစ်တယ်..။

#CWM ref: Why Burkina Faso’s junta leader has captured hearts and minds around the world.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဂျိုရှုဝါဝေါင်း စီရင်ချက်ကပြောသည့် တရုတ်၏ ဒီမိုကရေစီအပေါ် အကြောက်တရား

~ လင်းမောင် ~ ဟောင်ကောင်ကဲ့သို့ ကြီးမားသိသာသော နိုင်ငံရေးအသွင်ကူးပြောင်းမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသည့် မြို့ကြီးမှာ အနည်းငယ်သာ ရှိသည်။ တစ်ချိန်က လွတ်လပ်သော
ဆောင်းပါး

Why China Fears Democracy: The Joshua Wong Verdict Explained

~ Linn Maung ~ Few cities have witnessed such a dramatic political

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆန့်ကျင်ဘက် အခြေအနေများကြားမှ တရုတ်ပညာရေးကဏ္ဍ

~ လင်းမောင် ~ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ဝင်ခွင့် နေရာများအတွက် လိုအပ်ချက် ဆက်လက်မြင့်တက်နေချိန်မှာပင် မွေးဖွားနှုန်း ကျဆင်းလာမှုက ပညာရေးစနစ်၏ အောက်ခြေအဆင့် စာသင်ခန်းများကို ကျုံ့ဝင်သွားစေသဖြင့် ပညာရေးအရင်းအမြစ်များကို မည်သို့ခွဲဝေချထားမည်ကို ပေကျင်းအနေဖြင့် ပြန်လည်စဉ်းစားရန် ဖိအားပေးခံနေရသည်။ တရုတ်နိုင်ငံသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Fewer Children, More Universities: China’s Education Paradox

~ Linn Maung ~ Falling birth rates are shrinking classrooms at the lower end of the education system even as

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြစ်တင်ဝေဖန်မှုအသစ်များနှင့် ရင်ဆိုင်နေရသည့် ရှီကျင့်ဖျင်နှင့် ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီ

~ လင်းမောင် ~ သံတိုင်နောက်ရောက်နေသည့် သတင်းထောက်တစ်ဦး၊ ပိတ်သိမ်းရန် အတင်းအကျပ် ဖိအားပေးခံရသည့် သတင်းစာတစ်စောင်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အယ်ဒီတာတစ်ဦးနှင့် တိုးပွားလာနေသော တားမြစ်ခံအကြောင်းအရာများ စာရင်းကို ရှောင်ရှားကျော်လွှားနိုင်ရန် သင်ယူနေရသည့် သတင်းခန်းတစ်ခု။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping and Hong Kong leader John Lee face fresh press freedom rebuke as crackdown deepens

~ Linn Maung ~ A journalist behind bars, a newspaper forced to close, an editor facing a lengthy prison sentence

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီးပွားရေး အိပ်မက်ဆိုးအသစ်တစ်ခု ဖြစ်လာသည့် တရုတ်၏ AI အိပ်မက်

~ လင်းမောင် ~ နှစ်ပေါင်းများစွာကြာအောင် ပေကျင်းသည် ဉာဏ်ရည်တု (AI) ကို တရုတ်နိုင်ငံ ထွန်းတောက်လာမှု၏ နောက်ထပ် မဏ္ဍိုင်တစ်ခုအဖြစ် ပုံဖော်ခဲ့သည်။ AI သည် အိမ်ခြံမြေကဏ္ဍ ပြိုလဲမှုကို အစားထိုးဖြည့်ဆည်းပေးရန်၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s AI Dream Turns into a New Economic Nightmare

~ Linn Maung ~ For years, Beijing projected artificial intelligence as the next pillar of China’s rise. AI was supposed

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now