မဲခေါင်၊ နိုဝင်ဘာ ၂၃
ရုရှားသမ္မတပူတင်ဟာ နိုဝင်ဘာ ၇ ရက်က ဆိုချီမှာကျင်းပတဲ့ Valdai ဖိုရမ်ကို တက်ရောက်ပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ၁၃ ရက်ကြာ ပျောက်နေခဲ့ပြီး ကရင်မလင်အစိုးရ ဆက်တိုက်ထုတ်ပြန်နေတဲ့ ပူတင်ရဲ့ အမှာစကားနဲ့ မိန်းခွန်းတွေဟာ ကြိုတင်ရိုက်ကူးထားတာတွေဖြစ်လို့ ပူတင် ကျန်းမာရေးဆိုးရွားနေတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။
လုံခြုံရေးဆိုင်ရာထောက်လှမ်းရေးသတင်းတွေတင်ဆက်တဲ့ တယ်လီဂရန်ချန်နယ် VChK-OGPU မှာ ပူတင် လူမြင်ကွင်းကနေ ပျောက်နေတာဟာ ဆေးကုသမှုခံယူနေရတာကြောင့်ဖြစ်ပြီး အလုပ်ပျက်ကွက်နေခဲ့ရာမှာ မှာကြားမှုတွေကို အထူးဆက်သွယ်မှုကြားခံစနစ်နဲ့သာ လုပ်ဆောင်နေလို့သာဖြစ်ကြောင်း၊ အထွေထွေ ကျန်းမာရေးတိုးတက်မှုဖြစ်စေဖို့ ဆေးစစ်ကုသနေတာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရုရှားအစိုးရက ပူတင်ကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းတွေကို အမြဲငြင်းဆိုနေခဲ့ပေမယ့် အောက်တိုဘာ လအတွင်းက မော်စကိုက ဆေးရုံတစ်ခုမှာ ပုံမှန်ဆေးစစ်ကုသမှုတွေ ခံယူနေကြောင်း အတည်ပြုထုတ်ပြန်ခဲ့ ပါတယ်။ ပူတင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုနဲ့ပတ်သက်တဲ့သတင်းတွေ ခုမှ ထွက်ပေါ်ခဲ့တာမဟုတ်ဘဲ အရင်က လည်း ကင်ဆာအထူးကုဆရာဝန်ကို လက်စွဲ ခေါ်ထားရကြောင်း၊ ပါကင်ဆန်ရောဂါ အစပိုင်းအဆင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကောလာဟလသတင်းစုံး ထွက်ပေါ်ခဲ့ဘူးပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က ပူတင်နဲ့ New People ပါတီခေါင်းဆောင် အလက်ဇီနီချာယက်ဗ်တို့ တွေ့ဆုံတဲ့ ရုပ်သံကို ရုရှားနိုင်ငံပိုင် ရုပ်သံမှာ ထုတ်ပြန်ခဲ့မှုဟာလည်း ကြိုတင်ရိုက်ကူးထားတဲ့ ရုပ်သံသာဖြစ်သလို ဒီရက်ပိုင်းထဲ ကရင်မလင်အစိုးရထုတ်ပြန်သမျှ ပူတင်ရဲ့ ရုပ်သံ အားလုံးဟာ ကြိုတင်ရိုက်ကူးပြီး ပြသနေခြင်းသာဖြစ်တယ်လို့ ဗြိတိန် Thesun သတင်းစာက သက်သေနဲ့ ထောက်ပြ ရေးသားသွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#မြင်ကွင်း
#ပူတင်
#ပျောက်နေ
#ကြိုတင်
#ကြံစည်
#အမေရိကန်








