ကမ္ဘာ့သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင် 17 Aug - 2026
မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လူ တစ်ဦး သေဆုံးခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးဆုံး အွန်လိုင်းလက်လီ အရောင်းလုပ်ငန်းကြီး၏ ဂိုထောင်တစ်ခု မီးလောင်ခဲ့သည်။ မကြာသေးမီသီတင်းပတ်များတွင် ယူကရိန်းကို တိုးမြှင့်တိုက်ခိုက်လာခဲ့သော ရုရှားက ရိုမေးနီးယားနယ်စပ်အနီး ဒင်ညုမြစ်ပေါ်မှ ယူကရိန်း၏ သီးနှံတင်ပို့သော အကြီးဆုံးဆိပ်ကမ်းကို ပြီးခဲ့သည့် သီတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်။ ယူကရိန်းကလည်း ရေနံချက်စက်ရုံများအပါအဝင် ရုရှားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ပြီး နှစ်ဖက်စလုံးက ပင်လယ်နက်မှ သင်္ဘောများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

မဲခေါင်၊ ဩဂုတ် ၁၇

ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လူ တစ်ဦး သေဆုံးခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးဆုံး အွန်လိုင်းလက်လီ အရောင်းလုပ်ငန်းကြီး၏ ဂိုထောင်တစ်ခု မီးလောင်ခဲ့သည်။

မကြာသေးမီသီတင်းပတ်များတွင် ယူကရိန်းကို တိုးမြှင့်တိုက်ခိုက်လာခဲ့သော ရုရှားက ရိုမေးနီးယားနယ်စပ်အနီး ဒင်ညုမြစ်ပေါ်မှ ယူကရိန်း၏ သီးနှံတင်ပို့သော အကြီးဆုံးဆိပ်ကမ်းကို ပြီးခဲ့သည့် သီတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်။

ယူကရိန်းကလည်း ရေနံချက်စက်ရုံများအပါအဝင် ရုရှားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ပြီး နှစ်ဖက်စလုံးက ပင်လယ်နက်မှ သင်္ဘောများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

ယခု နောက်ဆုံးဖြစ်ပေါ်လာသော တိုက်ခိုက်မှု၌ ယူကရိန်းသမ္မတ ဇီလန်စကီး၏ မွေးရပ်မြေ ကရစ်ဗီရီး စက်မှုမြို့ရှိ ယူကရိန်းနိုင်ငံ၏ အကြီးဆုံး သံမဏိစက်ရုံကို ရုရှားတပ်ဖွဲ့များက ပစ်မှတ်ထားခဲ့ကြသည်။

ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားကြသည်။

ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စက်ရုံ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ် အချို့ကိုလည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။

ထိုအတောအတွင်း ရုရှားတို့၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကိဗ်မြို့တော် ခရိုင် ၂ ခုတွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောကြားပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော် စစ်အုပ်ချုပ်ရေးအဖွဲ့ က ပြောသည်။

နောက်ဆုံးတိုက်ခိုက်မှုများ၌ နိုင်ငံတစ်ဝန်းတွင် ယူကရိန်းဒရုန်း ၈၂၂ စင်းကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ပွဲစတင်ပြီးနောက် ယူကရိန်းတို့၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု တစ်ခုအတွင်း အသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်းနှင့် အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီးဗိုရိုဘျော့ဗ် က ပြောသည်။

မော်စကိုမြို့ တောင်ဘက် ၂၈ မိုင်အကွာတွင်ရှိသော ရုရှား၏ အကြီးဆုံး အွန်လိုင်းလက်လီအရောင်းလုပ်ငန်းကြီး Wildberries ၏ ကြီးမားသော ဂိုထောင်တစ်ခု မီးလောင်ကျွမ်းပြီး မီးခိုးလုံးများတက်နေသည်ကို တိုက်ခိုက်မှုဖြစ်ပြီးနောက် ရိုက်တာသတင်းဌာနက ရိုက်ကူးထားသော ဗီဒီယိုတွင်မြင်တွေ့ရသည်။

အေးကျော်
Ref:Reuters
#MeKongNews
#ယူကရိန်း
#သံမဏိစက်ရုံ
#ရုရှား
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now