မဲခေါင်၊ ဩဂုတ် ၁၅
ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသား ဆန္ဒပြမှုကနေ လူထုဆန္ဒပြမှုအသွင်ကူးပြောင်းပြီး အဓိကရုဏ်းအသွင်ပါဖြစ်ခဲ့ရာက လူပေါင်း ၅၆၀ ကျော် သေဆုံးမှုအတွက် အိန္ဒိယကို ထွက်ပြေးခိုလှုံသွားတဲ့ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို မကျေနပ်သူတစ်စုက ကုန်စုံဆိုင်ပိုင်ရှင်အပေါ် လူသတ်မှုနဲ့ အမှုဖွင့်တရားစွဲဆိုကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဟာဆီနာနဲ့ အာဏာရပါတီ အဝါမီလိဂ်ဦးဆောင်တဲ့အစိုးရဟာ ဘွဲ့ရ အစိုးရဝန်ထမ်း လျှောက်ထားခွင့်ခွဲတမ်းကို စစ်ပြန်ဟောင်းတွေရဲ့ သားသမီးတွေကို ဦးစားပေး ခန့်အပ်ရေး ကိုတာသတ်မှတ်ရာက ဖြစ်ပွားခဲ့တဲ့ ဒီအရေးအခင်းမှာ နောက်ဆုံး ဩဂုတ် ၅ ရက်နေ့က လူအသေအပျောက်အများဆုံးအဖြစ် နိုင်ငံတစ်ဝန်း ၂၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါပေမဲ့ ဩဂုတ် ၅ ရက်နေ့မှာ ဟာဆီနာနေအိမ်ကို ဆန္ဒပြသူတွေ ဝိုင်းရာမှာ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ ဟာဆီနာနဲ့မိသားစုကို အိန္ဒိယနိုင်ငံကို ပို့ဆောင်ပေးခဲ့ပြီး ဝန်ကြီးချုပ်ရာ ထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ မိုဟန်မက်ပါအရပ် နှိမ်နင်းမှုမှာ ကုန်စုံဆိုင်ပိုင်ရှင် အဘူဆာရတ် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အတွက် ဒီအရေးမကျေနပ်သူမဟာမက်ပါအရပ်သား အမီယာဟမ်ဇာ ရှာတီးလ်က ဟာဆီနာ အပြင် အဝါမီလိဂ်ပါတီ အထွေထွေအတွင်းရေးမှူး အိုဘိုင်ဒူကွာဒါ၊ ယခင် ပြည်ထဲ ရေးဝန်ကြီးနဲ့ ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးဟောင်း အယ်လ်မာမန်နဲ့ ဆန္ဒပြပြည်သူများစွာကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းသူခေါင်းဆောင် နောက်ထပ် ၆ ယောက်ကို ဒါကာ တရားရုံးမှာ အမှုဖွင့်တရားစွဲလိုက်တာလို့ ဒါကာထရိုင်ဗျူးသတင်း က ရေးသားဖော်ပြခဲ့ပါတယ်။
Ref: Dhaka Tribune
MKF-001








