မဲခေါင်၊ မေ ၂၀
မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျပျောက်ဆုံးနေရာကနေ မေ ၂၀ ရက် မနက်ပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့ပေါင်းများစွာ လိုက်ရှာရာက တူရကီလုပ် အပူခြေရာခံဒရုန်း ရိုက်ကူးမှု ကနေ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ရပြီး လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ရိုက်တာနဲ့ အီရန် Mehr သတင်း အေဂျင်စီတို့က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
အီရန်လခြမ်းနီကယ်ဆယ်ရေးအဖွဲ့တင်ပြမှုမှာ ရဟတ်ယာဉ်ပျက်ကျပြီး ၁၂ နာရီလုံးလုံး အဆက်အသွယ်မရတော့ ဘဲ ရဟတ်ယာဉ်ပျက်ကို ၁ . ၂ မိုင်အကွာ ဒရုန်းကနေ ရိုက်ကူးတွေ့ရှိခဲ့တယ်လို့ဆိုပေမယ့် အီရန်အစိုးရရဲ့ ဆတ် ဆတ်ထိမခံတဲ့ အခြေအနေကြောင့် အသေစိတ်ကို ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရိုက်တာသတင်းဌာနက အီရန်အစိုးရ အရာရှိတစ်ဦးကိုယ်တိုင်က သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးရော၊ ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ တခြား အရာရှိတွေနဲ့ သက်တော်စောင့်အားလုံး တစ်ယောက်မှ အသက်မရှင်ခဲ့ဘူးလို့ ပြောဆိုကြောင်း ထုတ်ပြန် ရေးသားခဲ့ပါတယ်။
Mehr သတင်းအေဂျင်စီက ရဟတ်ယာဉ်ပေါ် ပါသွားသမျှသူအားလုံးဟာ အာဏာနည်တွေဖြစ်တယ်လို့ ရေးသား ဖော်ပြခဲ့တဲ့အတွက် ရိုက်တာသတင်းတင်ပြမှုဟာလည်း သေချာသလောက်ရှိနေပါတယ်။ ရိုင်ဆီဟာ ၂၀၂၁ ခုနှစ် အီရန်ရွေးကောက်ပွဲမှာ သမ္မတရာထူးရရှိသွားခဲ့ပြီး အီရန်-အီရတ်စစ်ပွဲတုန်းက နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီပြီး အစုလိုက် အပြုံလိုက်ကွက်မြက်ခဲ့လို့ ၁၉၈၈ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုခံခဲ့ရသူဖြစ်ပါတယ်။
MKF – 001
Ref:Reuter








