မဲခေါင်၊ မတ် ၂၆
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့က ဖရန်ဆစ်စကော့ကီး တံတားကြီးဟာ မတ် ၂၆ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ကွန်တိန်နာသင်္ဘောကြီးတစ်စီး ဝင်တိုက်မိရာက ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
မေရီလန်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က တံတားပေါ်က ကားတွေ အတန်းလိုက်လည်း ပါတပ်စကိုမြစ်ထဲ ထိုးကျ သွားပြီး အနည်းဆုံး လူ ၇ ဦး မြစ်ထဲကျသွားလို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အားချင်းလုပ်ဆောင်နေ တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လ်တီမိုးခါးပတ်လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ဖရန်ဆစ်စကော့ကီး တံတားဟာ ၁ . ၆ မိုင် ရှည်လျှားပြီး ၄ လမ်းမောင်းစနစ်နဲ့ တည်ဆောက်ထားတာဖြစ်ကာ ကွန်တိန်နာသင်္ဘောကြီးရဲ့ ကော်လံတိုင်တွေကို ဝင်တိုက်မိရာ က ချက်ချင်း ပြိုကျသွားတာဖြစ်ကြောင်း ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ်။
ဘယ်လ်တီမိုး စီရင်စု အကြီး အကဲ ဂျွန်နီအိုဇောစကီးက ရေထဲ ကျရောက်သွားသူ အနည်းဆုံး ၇ ဦးရှိကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ် တွေ အားချင်းလုပ်ဆောင်နေကြောင်း၊ ရေထဲမှာ ဒီဆယ်ဆီတွေများစွာလည်း ပေါက်ကျနေလို့ သင်္ဘောနဲ့ တံတား နား မကပ်ကြဖို့ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: cbsnews
MKF-001