မြန်မာ့နွေဦး

မြောက်ပိုင်းမဟာမိတ်တွေရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုတယ်လို့ NUG သမ္မတရုံးပြောခွင့်ရဆို

မဲခေါင် 27 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဒေသတစ်လျှောက် ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့၊ မနက်ပိုင်းမှာ စတင်ခဲ့တဲ့ တအောင်းအမျိုးသား တပ်မတော် TNLA၊ ကိုးကန့် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုတယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက မဲခေါင်သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဒေသတစ်လျှောက် ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့၊ မနက်ပိုင်းမှာ စတင်ခဲ့တဲ့ တအောင်းအမျိုးသား တပ်မတော် TNLA၊ ကိုးကန့် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုတယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက မဲခေါင်သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နဲ့ ရက္ခိုင် (ULA/AA) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ်တပ် တွေဟာ ဒီနေ့မနက်ပိုင်းကစပြီး Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကိုစတင်တယ်လို့ ကြေညာခဲ့ပြီး စစ်ကောင်စီ တပ်တွေကို နေရာအနှံ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပါ။

“တော်လှန်ရေး အင်အားစုတွေ အကုန်လုံး NUG-PDF တွေရော အားလုံးက အတူတကွ တိုက်ပွဲဝင်နေကြတာ။ အတူတကွ တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ အမြဲတမ်းလည်း ထုတ်ဖော်ပြောကြားတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်တယ်။ ဒါကြောင့်လည်း အခုလို အောင်ပွဲတွေ ဆင်နေတာ အတွက်လည်း အင်မတန်မှ ဝမ်းသာပါတယ်။ ဒီထက်ပိုကြီးမားတဲ့ အောင်ပွဲတွေရဖို့ အတွက်လည်း အတူတကွ လက်တွဲပြီး ပြိုင်တူ တိုက်ပွဲဝင်သွားဖို့ အရေးကြီးတယ်” လို့ ဦးကျော်ဇောက ပြောပါတယ်။

ဒီကနေ့ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်-MNDAA က ဝင်ရောက်တိုက်ခိုက်ပြီး တမြို့လုံးနီးပါး ထိန်းချုပ်နိုင်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ထံက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက စပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မုံကိုး၊ ဖောင်းဆိုင်၊ မန်းယန်၊ နမ့်ခမ်း၊ စခန်းသစ်ကုန်း၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ မုံးစီး၊ သန္နီ ရေပူ၊ လားရှိုး ခမရ (၆၈) နဲ့ (၄၁)၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ ဒေသတွေက စစ်ကောင်စီစခန်းတွေကို မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

ရှမ်းမြောက် တိုက်ပွဲတွေ အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)–MDY PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် BPLA တို့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

NUG အနေနဲ့ MOD လက်အောက်ခံ PDF တပ်ဖွဲ့တွေ အပါအဝင် အခြား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်ကို ဆက်လက် တိုက်ပွဲဝင်မယ်လို့ ဦးကျော်ဇောက ပြောပါတယ်။

MK-009

#MekongNews

#မြောက်ပိုင်းမဟာမိတ်အဖွဲ့

#NUG

#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now