မြန်မာ့နွေဦး

ဒီးမော့ဆို သဲတောင်ဒေသကို စစ်ကောင်စီ အင်အားထပ်ဖြည့်နေလို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်

မဲခေါင် 15 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၅ ကရင်နီပြည်နယ်၊ ဒီးမော့ဆို သဲတောင်‌ဒေသကို စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ အင်အားတွေ ထပ်ပို့‌နေတာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်မယ်လို့ လွိုင်ကော် PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆို သဲတောင်‌ဒေသကို စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ အင်အားတွေ ထပ်ပို့‌နေတာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်မယ်လို့ လွိုင်ကော် PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ ထဲက စစ်ကား ၄ စီး၊ အင်အား ၆၀ ခန့်ဟာ ဒီးမော့ဆို သဲတောင်ဒေသဘက်ကို ပြည်ထောင်စု လမ်းမကြီးက တစ်ဆင့် ဒီကနေ့ မနက်ပိုင်းမှာ အင်အား သွားဖြည့်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“အားလုံး အင်အား ၅၀ နဲ့ ၆၀ ကြား ဒကစ ထဲကနေ ထွက်သွားပြီး သဲတောင်ဘက်ကို ထွက်သွားတယ်။ အခုလေးတင် မနက်ပိုင်းလေးတင်ပဲ” လို့ သူကရှင်းပြပါတယ်။

သဲတောင်ဒေသမှာ ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက တပ်မ (၅၅) (၇၇) စစ်ကြောင်း ၃ ခု၊ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးရာမှာ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ ရက် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၃၀ ကနေ ၅၀ ကြား သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးတာကြောင့် အင်အား ထပ်ဖြည့်တာလို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) ဘယ်လောက်သေလဲဆိုတာ လောလောဆယ်တော့ အတည်မပြုနိုင်သေးပါဘူး။ အခု အင်အားလာဖြည့်ပုံအရ အဲ့လောက်နီးပါး သေလို့ လာဖြည့်တာလို့တော့ ထင်တယ်” လို့ သူက သုံးသပ် ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း မြို့နယ် တစ်ချို့ကို လက်လွှတ်ထားရပြီး အရေးပါတဲ့ လမ်းကြောင်းတွေကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတာကြောင့် စစ်လက်နက်၊ ရိက္ခာ သယ်ယူပို့ဆောင်မှု အကန့်အသတ် ဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကို ပြန်လည် ထိန်းချုပ်ဖို့ သယ်ယူပို့ဆောင်ရေးအရ အရေးပါတဲ့ ဒီးမော့ဆို-ဖရူဆို-လွိုင်ကော်-ပင်လောင်း-ဖယ်ခုံ စတဲ့ လမ်းပိုင်းတွေနဲ့ ပြည်ထောင်စု လမ်းမကြီးကို ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

၁၃ ရက် ကြာမြင့်နေပြီဖြစ်တဲ့ သဲတောင် တိုက်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်း အင်အား ထပ်ဖြည့်လာတာကြောင့် ဆက်လက် ဖြစ်ပွားလာနိုင်ပြီး ပြည်သူတွေ အနေနဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ သဲတောင်ဒေသ အပြင် ဒေါညင်းခူ-ထီးပေါ့ဆို လမ်းပိုင်းမှာ လုံး၀ ဖြတ်သန်း သွားလာမှု မပြုလုပ်ဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။

MK-007

#MekongNews

#ဒီးမော့ဆို

#ဒေါညင်းခူ-ထီးပေါ့ဆို

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now