မြန်မာ့နွေဦး

လဲချားမြို့နယ်အတွင်း စစ်ကောင်စီက PNO အပါအ၀င် ပြည်သူ့စစ်တွေခေါ်ယူ အင်အားဖြည့်

မဲခေါင် 11 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၁ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီက PNO ပအို၀်း ပြည်သူ့စစ် အပါအ၀င် ပြည်သူ့စစ်တွေ ခေါ်ယူ အင်အားဖြည့်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေထံက စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၁

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီက PNO ပအို၀်း ပြည်သူ့စစ် အပါအ၀င် ပြည်သူ့စစ်တွေ ခေါ်ယူ အင်အားဖြည့်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေထံက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ လဲချားမြို့နယ်ထဲကို ဆက်တိုက် အင်အားဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်သူ့စစ် အင်အား ၂၀၀ နဲ့ ၃၀၀ ကြား ဖြည့်တင်းထားတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“လဲချားမြို့အဝင် တိုက်ပွဲ ဖြစ်ခဲ့တဲ့ မက်လန်းကျေးရွာမှာက တိုက်ပွဲဖြစ်ပြီး နောက်ရက်မှာပဲ PNO ပြည်သူ့စစ်က vgo ကား ၂ စီးနဲ့ အင်အားဖြည့်တင်းထားတယ်လို့ သတင်းရတယ်။ သူတို့ကတော့ ၃၀ လောက်တော့ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်” အဲ့ဒီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ လက်အောက်ခံ ပြည်သူ့စစ်တွေဖြစ်တဲ့ နားရိုင်းပြည်သူ့စစ်၊ မတ်ကျန်ပြည်သူ့စစ်၊ SSS ပြည်သူ့စစ်တွေဆီက တစ်ဖွဲ့ကို တပ်သား အင်အား ၁၀၀ ဖြည့်တင်းပေးဖို့ အမိန့်ပေးထားတယ်လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“PNO ပြည်သူ့စစ်က ကား ၂ စီးနဲ့ ရောက်လာတယ်။ မတ်ကျန်၊ နားရိုင်း၊ SSS ပြည်သူ့စစ်လည်းပါတယ်။ သူတို့ အင်အားကတော့ ဘယ်လောက်ပါလဲ မသိရသေးဘူး။ ၂၀၀ ကျော်နဲ့ ၃၀၀ အောက် ရှိမယ်လို့တော့ ခန့်မှန်းထားပါတယ်” လို့ အဲ့ဒီ သတင်းရင်းမြစ်က ပြောပါတယ်။

အခုလို လဲချားမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အဆက်မပြတ် အင်အားဖြည့်တင်းနေတာကြောင့် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

“လဲချားမှာ နမ့်တိန်းချောင်း အနောက်ဘက်မှာ စစ်ကောင်စီ အင်အားက ၂၀၀ ကနေ ၃၀၀ ကြားရှိတယ်။ နမ့်တိန်းချောင်း အရှေ့ဘက်မှာလည်း အဲ့လောက်ပဲ။ အခုထပ်ဖြည့်တဲ့ ပြည်သူ့စစ် အင်အားနဲ့ဆိုရင်တော့ စုစုပေါင်း စစ်ကောင်စီ အင်အားက ၆၀၀ ကျော်ကျော်လောက် ရှိနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

စစ်ကောင်စီက လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ အင်အား ဆက်တိုက် ဖြည့်တင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပေမယ့် မဲခေါင် သတင်းဌာန အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လဲချားမြို့နယ်အတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ကို ဆက်သွယ် မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

သြဂုတ်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစ်စင်းနဲ့ လဲချားမြို့နယ်ပေါ်မှာ ခြိမ်းခြောက် ပျံသန်းခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီနဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂ ဖက် တပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံးမှုရှိခဲ့ပြီး ဒေသခံတွေ အခုထိ လဲချားမြို့ပေါ်မှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#လဲချားမြို့နယ်

#SSPP

#ပြည်သူ့စစ်

‌

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now