မြန်မာ့နွေဦး

အပစ်ရပ်စာချုပ် အခြေခံမူကို စစ်တပ် ဖျက်ဆီးလိုက်လို့ လိုက်နာစရာ မလိုတော့ဘူးလို့ KNU ပြော

မဲခေါင် 10 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၀ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်-NCA ရဲ့ အခြေခံမူတွေကို စစ်တပ်က ဖျက်ဆီး ပစ်လိုက်တာဖြစ်လို့ ဆက်ပြီး လိုက်နာစရာ မလိုတော့ဘူးလို့ KNU အထွေထွေ အတွင်းရေးမှူးက ပြောလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၀

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်-NCA ရဲ့ အခြေခံမူတွေကို စစ်တပ်က ဖျက်ဆီး ပစ်လိုက်တာဖြစ်လို့ ဆက်ပြီး လိုက်နာစရာ မလိုတော့ဘူးလို့ KNU အထွေထွေ အတွင်းရေးမှူးက ပြောလိုက်ပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ရဲ့ ပထမရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“NCA ရဲ့ အခန်း (၁) ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသား ဖြစ်ပါတယ်။ အဲ့ဒီ နှလုံးသားကို ဖျက်ဆီးလိုက်ပြီး ဖြစ်တာကြောင့် ဒီ NCA ဟာ မရှိတော့ပါဘူး။ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်း သော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်း သော်လည်းကောင်း ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး” လို့ ဖဒိုစောတာဒိုမူးက ဆိုပါတယ်။

NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ အဲဒီကာလ ဦးသိန်းစိန် အစိုးရတို့ကြား ပထမဆုံး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့က NCA လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

NCA စာချုပ်မှာ အခန်း (၇) ခန်း ပါဝင်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ရည်ရွယ်ချက် အပြင် ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအပြင် တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးကို အခြေခံတဲ့ နိုင်ငံရေး ဆန္ဒတွေကိုပါ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ NCA သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ ဒေသတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်တပ် ခေါင်းဆောင်က ဩဂုတ်လ ၇ ရက်နေ့ စစ်ကောင်စီ အဖွဲ့ဝင်သစ် တွေ့ဆုံပွဲမှာ EAO တချို့က NCA ကို မလိုက်နာဘဲ အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်ဆောင်ရွက်နေတာကြောင့် PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

CRPH၊ NUG နဲ့ PDF အဖွဲ့တွေဟာ လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး EAO အဖွဲ့ တချို့ရဲ့ ကူညီအားပေးမှုနဲ့ ထောက်ပံ့မှုတွေကြောင့် အခုလို ဖြစ်လာတာလို့ စစ်တပ်ခေါင်းဆောင်က ပြောတာပါ။

KNU အနေနဲ့ကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ NCA ကို ဆက်မလိုက်နာဖို့ တုန့်ပြန်ခဲ့တဲ့အပြင် စစ်တပ် အာဏာကို ရေရှည်တည်တံ့ရေးကို အခြေပြုတဲ့ လှုပ်ရှားမှုမှန်သမျှကို မလုပ်စေချင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အခြေခံထားတဲ့ ရွေးကောက်ပွဲ အသစ် မလုပ်သင့်ကြောင်းနဲ့ အဲ့ဒီလိုလုပ်တဲ့ ရွေးကောက်ပွဲတိုင်းဟာ အကောင်းထက် အဆိုးဘက်ကို ဦးတည်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြဿနာ ဖြေရှင်းတဲ့ နေရာမှာ ပိုပြီး ခက်ခဲရှုပ်ထွေးသွားစေနိုင်တယ်လို့ KNU အထွေထွေ အတွင်းရေးမှူးက ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် KNU ရဲ့မူဝါဒဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ စစ်အာဏာရှင် ကျဆုံးရေးနဲ့ ပြည်သူ အကျိုးစီးပွားနဲ့ အသက်အန္တရာယ် ကာကွယ်ရေးဖြစ်ပြီး လက်ရှိ အာဏာသိမ်းပြီးချိန်မှာ စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ကာကွယ်သွားမယ်လို့ KNU ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတမလာသော က ပြောပါတယ်။

MK–009

#Mekongnews

#NCA

#KNU

#ပဒိုစောတာဒိုမူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now