မြန်မာ့နွေဦး

မူဆယ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာရ

မဲခေါင် 3 Aug - 2023
မဲခေါင်၊ ဩဂုတ် ၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဇယ်လန့်ရွာ အရှေ့ဘက်ရှိ ရသေ့တောင်မှာ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်ကစပြီး စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာရ ကြောင်း ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဇယ်လန့်ရွာ အရှေ့ဘက်ရှိ ရသေ့တောင်မှာ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်ကစပြီး စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာရ ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ ၁၀၅ မိုင်က‌ ကနေ ဇယ်လန့်ဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ် တုံခန်အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရကာ ထိခိုက်မှုတွေရှိလို့ ၁၀၅ မိုင်တပ်က လက်နက်ကြီး ပစ်ကူရာက ဘုန်းကြီးကျောင်းထဲ တည့်တည့် ကျတာလို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“လက်နက်က ဘုန်းကြီးကျောင်းမှာ လာကျကွဲတာ။ ဘုန်းကြီး တစ်ပါး ထိသွားတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးက စစ်ကောင်စီတပ်တွေရှိတဲ့ အနီးနား ၂ နေရာခန့်ကိုလည်း လာရောက် ပစ်ခတ်သွားတာ ရှိတယ်လို့ ဆိုပါတယ်။

၁၀၅ မိုင် ဘော်လုံးကွင်းမှာလည်း လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲတာပြီး စာသင်ကျောင်း အနောက်ဘက် တစ်လုံး ကွဲရာ အလယ်တန်းအရွယ် မိန်းကလေး တစ်ဦးနဲ့ နမ္မတူနွားခြံ အနီးက လူနေအိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံး ကျကွဲကာ အမျိုးသမီး တစ်ဦးတို့ ထိခိုက် ဒဏ်ရာရတာလို့ သူက ပြောပါတယ်။

“၂ ယောက်ထိသွားတယ်။ မိန်းကလေးပဲ။ အခု ဆေးရုံမှာ” လို့ ၁၀၅ မိုင် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မနေ့က ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေပြီး ဇယ်လန့် အနီးက ရသေ့တောင်ဘက်မှာတော့ TNLA တွေက စစ်ကောင်စီတပ်ဖွဲ့ကို အမဲလိုက်သလို အော်ဟစ် မောင်းထုတ် ပစ်ခတ်နေတယ်လို့ ရှေ့တန်း သတင်း ရင်းမြစ်က ပြောပါတယ်။

“ပလောင်တွေ အောင်ပွဲ ခံနေတာ။ အော်သံတွေ ကြားနေရတယ်။ မှိုရသလို အော်နေတာ။ ဘယ်လောက်တောင် အောင်ပွဲ ခံရလဲ မသိဘူး” လို့ သူက ပြောပါတယ်။

ဒါ့ အပြင် မနေ့ ညနေပိုင်းမှာ ‌၁၀၅ မိုင် ကနေ လားရှိုးဘက် အထွက် မော်တောင်းရွာ အနီးဝန်းကျင်လည်း တိုက်ပွဲ ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေပိုင်း မူဆယ်-လားရှိုး လမ်းမပေါ်ရှိ ဆွမ်လုံရွာအနီး တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေတာကြောင့် နမ့်အွမ်ရွာနားက ကောင်းဝိန်းရွာထဲ လက်နက်ကြီး ကျလာလို့ ကောင်းဝိန်းရွာက ဒေသခံတွေ အားလုံး နမ့်အွမ်ရွာထဲ တိမ်းရှောင်လာကြတယ်လို့ နမ့်အွမ် ရွာခံ တစ်ဦးက ပြောပါတယ်။

မူဆယ် နဲ့ နမ့်ခမ်းမြို့ကြား၊ ဇယ်လန့်ရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်နီးပါး ဖြစ်ပွားနေပါတယ်။

CJ-008

#MeKongNews

#မူဆယ်_နမ့်ခမ်း

#TNLA

#၁၀၅_မိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now