ဒေသတွင်းသတင်း

ဒေသအခြေပြု သတင်းမီဒီယာ ၉ ခုစုပေါင်းပြီး Burma Media Consortium (BMC) တည်ထောင်

မဲခေါင် 21 Jun - 2023
မဲခေါင်၊ ဇွန် ၂၁ မြန်မာနိုင်ငံတွင်းက ဒေသအခြေပြု သတင်းမီဒီယာ ၉ ဖွဲ့စုပေါင်းပြီး Burma Media Consortium - BMC ကို အခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ BMC က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇွန် ၂၁

မြန်မာနိုင်ငံတွင်းက ဒေသအခြေပြု သတင်းမီဒီယာ ၉ ဖွဲ့စုပေါင်းပြီး Burma Media Consortium – BMC ကို အခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ BMC က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာနဲ့ သတင်းထောက်တွေကို စစ်တပ်က ပြင်းထန်စွာ ဖိနှိပ်နေပြီး ဒေသအခြေစိုက် သတင်းဌာနတွေရဲ့ ရေရှည်ရပ်တည်နိုင်စွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေက ခြိမ်းခြောက်ခံနေရတယ်လို့ BMC က ဆိုပါတယ်။

အဲဒီ အခြေအနေတွေကို စုပေါင်းဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်း အခြေစိုက်မှု၊ သတင်းထုတ်လုပ်မှု၊ သတင်းစာပညာအပေါ် ရပ်တည်ခံယူမှုနဲ့ သတင်းဌာနလုပ်နိုင်စွမ်း စတာတွေ တူညီမှုရှိတဲ့ သတင်းဌာနတွေပေါင်းပြီး BMC ကိုတည်ထောင်တယ်လို့ သိရပါတယ်။

“စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး မီဒီယာဖိနှိပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ စစ်ကောင်စီရဲ့ မီဒီယာသမားတွေအပေါ် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ကျွန်တော်တို့သတင်းဌာနတွေမှာ မလုံခြုံမှု၊ ခြိမ်းခြောက်မှု၊ အနာဂါတ်မရေရာမှုတွေနဲ့ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရပါတယ်။ ဒီအခက်အခဲတွေကို အတူတကွစုပေါင်းရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်းအခြေပြု သတင်းဌာန ၉ ခု ပူးပေါင်းပြီး BMC အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်”ဟု BMC အဖွဲ့ဥက္ကဋ္ဌ ကိုဉာဏ်လင်းထက်က ဆိုပါတယ်။

စစ်တပ်ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုကြောင့် ဒေသတွင်းသတင်းတွေကို ရယူခြင်း၊ သတင်းအချက်အလက် စိစစ်ခြင်း၊ သတင်းထုတ်လုပ်ခြင်းတွေအပြင် သတင်းထောက်တွေရဲ့ အရည်အသွေး၊ သတင်းအရည်အသွေးနဲ့ သတင်းထုတ်လုပ်မှုအရည်အသွေးတွေ တိုးတက်အောင် လုပ်ဆောင်ရာမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့လည်း ကိုဉာဏ်လင်းထက်က ဆက်ပြောပါတယ်။

BMC အနေနဲ့ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် လွတ်လပ်စွာ ရယူခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အာမခံထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီထွန်းကားဖို့ကို ပန်းတိုင်အနေနဲ့သတ်မှတ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ သတင်းအချက်အလက်တွေကို ဆန်းသစ်တီထွင်ပြီး အချိန်နဲ့တပြေးညီတင်ဆက်နိုင်ဖို့၊ ကိုယ်စားပြုတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးထမ်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနဲ့စာပေတွေကို ထိန်းသိမ်းမြှင့်တင်ဖို့နဲ့ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေ ခိုင်မာအားကောင်လာအောင် အရေးဆိုမှုတွေ ထိရောက်စွာလုပ်ဆောင်ရာမှာ သတင်းထောက်နဲ့ သတင်းရဲ့စွမ်းဆောင်ရည်မြှင့်တင်ဖို့ရည်ရွယ်တယ်လို့ BMC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BMC မှာ ကချင်အခြေစိုက် The 74 Media၊ ရှမ်းမြောက်ပိုင်း အခြေစိုက် Shwe Phee Myay သတင်းအေဂျင်စီ၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်းအခြေစိုက် မဲခေါင်သတင်းဌာန၊ ချင်းအခြေစိုက် Zalen သတင်းဌာန၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက် Mandalay Free Press သတင်းဌာန၊ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသအခြေစိုက် Myaelatt Athan သတင်းဌာန၊ ရခိုင်အခြေစိုက် Western News၊ ဧရာဝတီတိုင်းအခြေစိုက် Ayeyawaddy Times သတင်းဌာနနှင့် တနင်္သာရီတိုင်း အခြေစိုက် Tanintharyi Times သတင်းဌာနတို့ပါဝင်တယ်လို့ သိရပါတယ်။

MK – 009

#MeKongNews

#BMC

#လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

#သတင်းလွတ်လပ်ခွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now