မြန်မာ့နွေဦး

မီးခွက်စျေးမှာ စည်ပင်နဲ့ ရန်ဖြစ်တဲ့စျေးသည်တွေ ဖမ်းခံရပြီး အင်းစိန်ထောင်ကိုတန်းပို့

မဲခေါင် 22 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်စျေးတွင် စျေးရောင်းချနေတဲ့ စျေးသည်အချို့နဲ့ စည်ပင်ဝန်ထမ်းတွေ ဒီကနေ့မနက်ပိုင်းက ရန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရောက်ရှိလာပြီး စျေးသည်အချို့ကို ဖမ်းဆီးသွားပြီး အင်းစိန်ထောင်ကို တန်းပို့လိုက်တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်စျေးတွင် စျေးရောင်းချနေတဲ့ စျေးသည်အချို့နဲ့ စည်ပင်ဝန်ထမ်းတွေ ဒီကနေ့မနက်ပိုင်းက ရန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရောက်ရှိလာပြီး စျေးသည်အချို့ကို ဖမ်းဆီးသွားပြီး အင်းစိန်ထောင်ကို တန်းပို့လိုက်တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက မီးခွက်စျေးရှေ့တွင် ရောင်းချနေတဲ့ စျေးသည်အချို့နဲ့ စည်ပင်ဝန်ထမ်းတွေစကားများရန်ဖြစ်ကြပြီး စည်ပင်ဝန်ထမ်းတွေက စစ်ကောင်စီတပ်ကို လှမ်းခေါ်ခဲ့ပြီးနောက် စစ်သားနဲ့ ရဲတွေရောက်ရှိလာပြီး စျေးသည်အချို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“စျေးရှေ့မှာကျူးပြီးရောင်းတဲ့စျေးသည်တွေနဲ့ဖြစ်ကြတာ။ အရင်ကလည်းအဲ့လိုခဏခဏဖြစ်တယ်။ လင်မယားတွေလိုပေါ့ကွာ။ ဒီနေ့ကတော့စျေးသည်တစ်ယောက် ကိုက်လိုက်တာကစပြီးဖြစ်ကြတာလို့မြင်တဲ့သူကပြောတယ်။ ပြီးတော့ခွေးနဲ့ကိုင်တုတ်လို့စည်ပင်ကောင်တွေကမကျေနပ်ပဲစစ်ကောင်စီဖုန်းဆက်ပြီးလှမ်းခေါ်တာ။ စျေးသည်ဘယ်နှယောက်အဖမ်းခံရလဲတော့သေချာမသိရသေးဘူး။ အဖမ်းခံရတဲ့သူတွေရဲ့မိသားစုဝင်တွေဆက်သွယ်ကြတော့သူတို့ကိုအင်းစိန်ထောင်မှာဖမ်းထားတယ်လို့ပြောတယ်။ ကျန်တာတော့ဘာမှထပ်ပြီးမကြားသေးဘူး” လို့ သူကပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ဒီကနေ့မနက် ၉ နာရီကျော်ဝန်းကျင်က မီးခွက်စျေးရှေ့ဘိုးရာဇာလမ်ူမပေါ်တွင်ဖွင့်လှစ်ရောင်းချနေတဲ့ စျေးသည်အချို့နဲ့ စည်ပင်ဝန်ထမ်းတွေ ရန်ဖြစ်ခဲ့ပြီးနောက် အခြားစျေးသည်များလည်း ဆိုင်များပိတ်သိမ်းခဲ့ကြပြီး ဒီကနေ့ညနေပိုင်းမှာလည်း ပြန်ရောင်းချသူတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါမီးခွက်စျေးရှေ့တွင် စည်ပင်ဝန်ထမ်းများနဲ့ စျေးသည်များ မကြာခဏ စကားများရန်ဖြစ်ကြပေမယ့် ယခုကဲ့သို့ ချက်ခြင်းလာရောက်ဖမ်းဆီးမှုတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပုံ-မီးခွက်စျေး ပုံဟောင်း

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now