မြန်မာ့နွေဦး

ထိုင်းဘတ်ဈေး မြင့်တက်လာတာကြောင့် ပြန်လည်ရောင်းချသူကုန်သည်တွေ အခက်အခဲဖြစ်နေ

မဲခေါင် 22 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၂ ထိုင်းဘတ်ဈေး မြင့်တက်နေတာကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းသူကုန်သည်တွေ ပြန်လည်ရောင်းချရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်

မဲခေါင်၊ ဇန်နဝါရီလ ၂၂

ထိုင်းဘတ်ဈေး မြင့်တက်နေတာကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းသူကုန်သည်တွေ ပြန်လည်ရောင်းချရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တစ်ဘတ် ကို မြန်မာကျပ်ငွေ ၈၁ ကျပ်သာရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစမှာတော့ တစ်ဘတ် ကို ၈၃ ကျပ် ဖြစ်ပြီး ဒီနေ့မှာတော့ ၈၇ ကျပ် ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

“ဘတ်စျေးအတက်အကျက ကာလတိုဖြစ်ပျက်တတ်တဲ့သဘော ရှိပေမယ့် အခုနှစ်စကတည်းက တဖြည်းဖြည်းတက်လာတော့ ကုန်မှာတဲ့ရက်မှာ တဈေး၊ ကုန်ပို့မယ့်နေ့မှာ ဈေးတက်လာတော့ ဒီကကုန်သည်တွေက အမြတ်ထဲကပါကုန်တယ်။ ဈေးတက်လို့ တက်ပြီးရောင်းလို့ မရဘူး။ ကုန်ပြတ်လပ်မှု မရှိအောင်သာမှာပြီးရောင်းနေရပေမယ့် အခက်အခဲတွေရှိနေတယ်လို့” အွန်လိုင်းက ထိုင်းအ​ခြေခံစားသောက်ကုန် ရောင်းချနေသူတစ်ဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှ တင်သွင်းဖြန့်ချိလာတဲ့ ကုန်စည်တွေ ဈေးနှုန်း​မြင့်တက်မှုရှိနေတဲ့အပြင် လက်ရှိ ပြည်တွင်းလမ်းပန်ဆက်သွယ်ရေးအနေအထားကြောင့် တန်ဆာခတွေ ပိုဆောင်းပေးရကာ အမြတ်ကျန်မှုနည်းတယ်လို့လည်း သိရပါတယ်။

“လမ်းကြေးပေးဆောင်ရတာတွေကလည်း အရင်ထက် များတယ်။ ဒီကြားထဲ စစ်ဆေးရေးဂိတ်တွေက သီးသန့်ငွေပေးရတာတွေလည်း ရှိတော့ တန်ဆာခက အရင်ထက်ပိုဆောင်းပြီး တောင်းနေရတယ်။ အရင် ၁ သောင်းလောက်ဆို အခုက ၁ သောင်းခွဲလောက် တောင်းနေရတာမျိုး ပြီးတော့ လမ်းမှာ နယ်မြေ မအေးချမ်းလို့ ဖြတ်မရရင် ညအိပ်စောင့်ကတာတွေ၊ ဆီဈေးတွေကတက်လာတော့ ကိုယ်အမြတ်ကျန်အောင်လည်း မနည်းလုပ်ဆောင်နေရတယ်” လို့ နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေသူတစ်​ဦးက ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းက နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သတ်ပြီးကုန်သွယ်ရေးကို ဒေါ်လာ နဲ့သာ အရောင်းအဝယ်လုပ်ခိုင်းတာ၊ တင်ပို့မယ့်ကုန်ရဲ့ တန်ဖိုးငွေ ကြိုတင်သွင်းခိုင်းတာနဲ့ ပို့ကုန်သွင်းကုန်လိုင်စင်တွေ တင်းကျပ်မှုတွေကြောင့် အမေရိကန် ၁ ဒေါ်လာကို ၄၅၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၁ ဘတ် ကို ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ယွမ်ဈေးမှာလည်း ၁ ယွမ်ကို ၅၀၀ နီးပါးခန့် မြင့်တက်ခဲ့ပါသေးတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now