မြန်မာ့နွေဦး

ပြင်ဦးလွင် နားက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဉ်တွေ ပိတ်မိနေ

မဲခေါင် 18 Jan - 2023
မဲခေါင် ၊ ဇန်နဝါရီလ ၁၈ တရုတ်-မြန်မာ အဓိက ကုန်သွယ်မှုပြုနေတဲ့ လမ်းမပေါ်က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဥ်အစီးရေ ၅၀ ကျော်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

မဲခေါင် ၊ ဇန်နဝါရီလ ၁၈

တရုတ်-မြန်မာ အဓိက ကုန်သွယ်မှုပြုနေတဲ့ လမ်းမပေါ်က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဥ်အစီးရေ ၅၀ ကျော်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကုန်ပစ္စည်းသယ်ယူမှုကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်က နောင်ချိုမြို့ဘက်ကလာတဲ့ အဆင်း ကားအားလုံးကို ကုန်ကားနဲ့ အိမ်စီးကား မခွဲခြားဘဲ စစ်ဆေးခဲ့ပေမယ့် ဒီနေ့မှာတော့ ကုန်တင်ကားတွေကို အဓိကထားစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

“စက်နဲ့စစ်တဲ့အပြင် လူနဲ့ထပ်စစ်တော့ ပိုပြီး အချိန်ကကြာတယ်။ စက်ထဲကဖြတ်ပြီး ကားကွင်းထဲဝင်တဲ့ ကားပေါ်က ဂျက်ဖာတွေကို ဖောက်စစ်သံစူးနဲ့ ထိုးစစ်တာတွေလုပ်တယ်။ ကုန်ပစ္စည်းတွေကို အဓိကထား စစ်တယ်၊ စာရွက်စာတန်းပြရတာတော့ မရှိဘူး၊ စစ်တာကိုစောင့်ပြီးမှ ကားထွက်ရတော့ အနောက်မှာ ကုန်ကားအစီး ၅၀ လောက် ပိတ်မိစောင့်နေရတာပေါ့လို့” ကုန်တင်ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ကစပြီး ဝက်ဝံ X-ray စစ်ဆေးရေးဂိတ် ဟာ တင်းကြပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားလျက်ရှိပြီး အနည်းဆုံး ၄ နာရီကနေ ၈ နာရီအထိ ကြာတယ်လို့ သိရပါတယ်။

“အခုလိုစစ်ဆေးမှု တွေကြောင့် ကုန်တင်ပို့တဲ့ တန်ဆာခတွေကို အရင်လိုသတ်မှတ်နှုန်းနဲ့ ယူလို့မရတော့ဘူး လမ်းကြာချိန်ပါတွက်နေရပြီ၊ ၁ ရက်နဲ့ ရောက်တဲ့ခရီးက၊ ၂ ရက် လောက်ကြာနေတာဆိုတော့ တော်တော်အဆင်မပြေဘူး၊ ရပ်လိုက်သွားလိုက် လုပ်နေရတဲ့ အတွက် ဆီဖိုးက ပိုကုန်တယ်၊ ဖွင့်ဖေါက် စစ်ဆေးတာတွေကြောင့် ကုန်ပျက်စီးမှုတွေလည်း ရှိတယ်” လို့ မန္တလေး-မူဆယ် ကုန်​တင်ပို့ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကလည်း ပဲခူးတိုင်း၊ ဝေါ မြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန် အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်ခဲ့တဲ့အတွက် ကားတွေရာနဲ့ချီစောင့်ဆိုင်းရမှုကြောင့် ပြည်သူအများအဆင်မပြေမူတွေ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းအလိုက် အဓိကကျတဲ့နယ်နိမိတ်ထိစပ်တဲ့နေရာတွေ၊ အဓိကကျတဲ့ လမ်းပိုင်းတွေမှာ ခရီးသွားတွေနဲ့ ကုန်တင်ယာဉ်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now