မြန်မာ့နွေဦး

CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမယ့်သတင်း အိန္ဒိယအစိုးရ ကြိုတင်သိရှိပေမယ့် အကူအညီမပေးခဲ့

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ CNF ဌာနချုပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရမယ့် သတင်းကို အိန္ဒိယ အစိုးရက ကြိုတင်သိရှိပေမယ့် အကူအညီ မပေးခဲ့ဘူးလို့ Chinland Information Center-CIC က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

CNF ဌာနချုပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရမယ့် သတင်းကို အိန္ဒိယ အစိုးရက ကြိုတင်သိရှိပေမယ့် အကူအညီ မပေးခဲ့ဘူးလို့ Chinland Information Center-CIC က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ်၊ ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက် ခိုက်မှုမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဗုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပုံကို CNF/A ပညာရှင်တွေ သုံးသပ်ရေးဆွဲ ထားတာကို ကိုးကားပြီး CIC က ဓာတ်ပုံ သက်သေတွေနဲ့အတူ မနေ့က ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယမြေပေါ်ကို ဗုံး ၂ လုံး ကျရောက်ခဲ့ ရုံသာမကအိန္ဒိယ ဝေဟင်နယ်အတွင်းကို စစ်ကောင်စီရဲ့ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ပုံကို CNF/A ပညာရှင်တွေ သုံးသပ် ရေးဆွဲထားတာကို CIC ကရခဲ့ပြီး ပြန်လည် ကိုးကားထားတာ ဖြစ်ပါတယ်။

အိန္ဒိယ ကားလမ်းအနီး ကျရောက် ပေါက်ကွဲခဲ့တဲ့ ဗုံးထိခဲ့တဲ့ ကားအပါအဝင် လူသွားလမ်းဘေးရှိ ကျိုးကျခဲ့တဲ့ သစ်ပင် သစ်ကိုင်းတွေရဲ့ တည်နေရာတွေ၊ ဗုံးပေါက်ကွဲပုံ၊ တိုက်လေယဉ် အမျိုးအစား စတာတွေကို အခြေခံပြီး ပုံကို ရေးဆွဲထားတာဖြစ်ကာ အဲ့ဒီ အချက်တွေကို အခြေခံပြီး စစ်ကောင်စီတပ်က လွဲချော်ခဲ့တဲ့ ပစ်မှတ်ဟာ စက်ချုပ်ဌာန ဖြစ်နိုင်တယ်ဆိုတာ သက်သေပြထားတဲ့ ပုံဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် “လက်ရှိတွင် အိန္ဒိယအစိုးရမှ ၎င်းတို့မြေပေါ်သို့ ဗုံးကျရာက်ခဲ့မှုအပေါ် အရေးယူခြင်း တစုံတရာ မရှိသည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်မည့်သတင်းကို ကြိုတင်သိရှိခဲ့ပါလျက် အသိပေး ကူညီခြင်း မပြုလုပ်ခဲ့ဟု သိရှိရပါသည်” လို့ CIC ကဖော်ပြပါတယ်။

CNF ဌာနချုပ်ကို စစ်ကောင်စီက အခုလ ၁၀ ရက်နေ့ ည‌နေ ၄ နာရီ ၃၅ မိနစ်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီ တိုက်ခိုက် မှုကြောင့် CNF ရဲမေ ၂ ဦး အပါအဝင် စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ပါတယ်။

Camp Victoria ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အမျိုးသားရေး တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ရဲမေ ၅ ဦးအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို CNF/CNA က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-CIC ထုတ်ပြန်ထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေ။
MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now