နေ့စဥ်သတင်း

ကျောက်မဲ နမ့်မီချောင်းအတွင်း ရေနစ်ပျောက်ဆုံးသည့်ကလေး ၁၈ ရက်အကြာတွင် အလောင်းပြန်တွေ့

မဲခေါင် 25 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသည့် ကလေးတစ်ဦးကို ၁၈ ရက်အကြာတွင်မှ အလောင်းပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ်ကလေးအပါအဝင် သူငယ်ချင်း ၃ ဦးသည် နမ်မီချောင်းအတွင်း ရေဆင်းချိုးရာမှ မောင်မျိုးမြင့်စိုင်း အသက်၁၅ နှစ်သည် ရေနစ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် ကလေးငယ်ကို ဒေသခံပြည်သူများက ရှာဖွေခဲ့သော်လည်း အစောပိုင်းတွင် ပြန်လည်တွေ့ရှိခြင်းမရှိခဲ့ပဲ ၁၈ ရက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့တွင်မှ သစ်ပင်တစ်ပင်အောက်တွင် အသက်သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ပြန်တွေ့ပြီ ရေနစ်မျောပေါသွားတဲ့ အောက်ဖက်မှာ ပြန်တွေ့တာ။

မဲခေါင်၊ ဩဂုတ် ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသည့် ကလေးတစ်ဦးကို ၁၈ ရက်အကြာတွင်မှ အလောင်းပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ်ကလေးအပါအဝင် သူငယ်ချင်း ၃ ဦးသည် နမ်မီချောင်းအတွင်း ရေဆင်းချိုးရာမှ မောင်မျိုးမြင့်စိုင်း အသက်၁၅ နှစ်သည် ရေနစ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် ကလေးငယ်ကို ဒေသခံပြည်သူများက ရှာဖွေခဲ့သော်လည်း အစောပိုင်းတွင် ပြန်လည်တွေ့ရှိခြင်းမရှိခဲ့ပဲ ၁၈ ရက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့တွင်မှ သစ်ပင်တစ်ပင်အောက်တွင် အသက်သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ပြန်တွေ့ပြီ ရေနစ်မျောပေါသွားတဲ့ အောက်ဖက်မှာ ပြန်တွေ့တာ။ ရေလည်း ကျသွားတော့ ၂၃ ရက်က ပြန်တွေ့တာ ချောင်းနားက သစ်ပင်အောက်မှာ အ‌လောင်းကို ပြန်တွေ့တာ”ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကလေး၏ အလောင်းကို ကျေးရွာတာဝန်ရှိသူများနှင့် TNLAရဲတပ်ဖွဲ့က ရှာတွေ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“TNLAက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး အလောင်းကို မီးသင်္ဂြိုလ်ပေးလိုက်ပြီ”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ဟဲခမ်းကျေးရွာအနီးတွင်ရှိသည့် ရွှေတွင်းတစ်ခု မြေပြိုမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းပါက ချောင်းရေများ အချိန်မရွေး မြင့်တက်လာနိုင်ခြင်း၊ တောင်ကျရေးများ စီးလာနိုင်ခြင်းတို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား ဂရုစိုက်ရန် လိုအပ်သည်။

#MeKongNews
#ရှမ်းမြောက်
#ကျောက်မဲ
#နမ့်မီချောင်း
#ကလေး
#ရေနစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now