မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နောင်နွန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့၌ လိုငစင်မဲ့ယာဥ်တစ်စီး ဖမ်းဆီးရမိကြောင်း အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၁၄ ရက် နံနက်၊ ၁၀ နာရီခွဲခန့်ကဝမ်မိုင်ရပ်ကွက်၊ မိုင်းဖြတ်မြို့နေသူ အောင်ဇော်ခိုင်၊ မောင်းနှင်လာသည့် LEXUS-600 အမျိုးအစား အနက်ရောင် မော်တော်ယာဥ်အား စစ်ဆေးရာမှ သက်သေခံစာရွက်စာတမ်း၊ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ တရားဝင်မှတ်ပုံတင်ထားခြ င်း မရှိသည့် လိုင်စင်မဲ့ မော်တော်ယာဥ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လိုင်စင်မဲ့ယာဥ် မောင်းနှင်သူ အောင်ဇော်ခိုင် ၄ ၆နှစ်ကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၂၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ – ၈ အရ အရေးယူထားကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#လိုင်စင်မဲ့ကား
#ဖမ်းဆီး








