နေ့စဥ်သတင်း

မူဆယ်တွင် ကိုးကန့်ခန့် အုပ်ချုပ်ရေးမှူးက ကျေးရွာပိုင်မြေ သိမ်းပြီး ပြည်သူကို တရားပြန်စွဲ

မဲခေါင် 3 Jul - 2026
မဲခေါင်၊ ဇူလိုင် ၃ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် ကိုးကန့်တပ်ဖွဲ့ – MNDAA က ပြန်လည် ခန့်အပ်ထားသည့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးဟောင်းက ကျေးရွာပိုင်မြေကို သိမ်းပြီး ဒေသခံပြည်သူကိုလည်း ထပ်မံ တရားစွဲဆိုနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့က မူဆယ် ၁၀၅ မိုင်၊ မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဦးမောင်အေးဆိုသူသည် ၁၀၅ မိုင်ဒေသ အောက်နမ့်ဟွယ်ကျေးရွာပိုင်မြေကို ၎င်းပိုင်သည်ဟု ဆိုကာ သိမ်းယူနေသည့်အပြင် ဒေသခံပြည်သူကိုပါ ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်ရုံးတွင် တရားစွဲဆိုထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်မှ ကြူကုတ်(ပန်ဆိုင်း)သွားသည့် လမ်းမကြီးဘေးတွင်ရှိသည့် အောက်နမ့်ဟွယ်ကျေးရွာ၏ ကျေးရွာပိုင်ဘုံမြေကို

မဲခေါင်၊ ဇူလိုင် ၃

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် ကိုးကန့်တပ်ဖွဲ့ – MNDAA က ပြန်လည် ခန့်အပ်ထားသည့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးဟောင်းက ကျေးရွာပိုင်မြေကို သိမ်းပြီး ဒေသခံပြည်သူကိုလည်း ထပ်မံ တရားစွဲဆိုနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့က မူဆယ် ၁၀၅ မိုင်၊ မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဦးမောင်အေးဆိုသူသည် ၁၀၅ မိုင်ဒေသ အောက်နမ့်ဟွယ်ကျေးရွာပိုင်မြေကို ၎င်းပိုင်သည်ဟု ဆိုကာ သိမ်းယူနေသည့်အပြင် ဒေသခံပြည်သူကိုပါ ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်ရုံးတွင် တရားစွဲဆိုထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

မူဆယ်မြို့နယ်၊ ၁၀၅ မိုင်မှ ကြူကုတ်(ပန်ဆိုင်း)သွားသည့် လမ်းမကြီးဘေးတွင်ရှိသည့် အောက်နမ့်ဟွယ်ကျေးရွာ၏ ကျေးရွာပိုင်ဘုံမြေကို ဒေသခံများက တရွာလုံး၏ သဘောတူညီချက်ဖြင့် ရွာရံပုံငွေရရှိရေး ကျောက်ထုတ်လုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ၁၀၅ မိုင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်အေးက ၎င်းပိုင်မြေဖြစ်ကြောင်း ပြောဆိုကာ တားမြစ်လာခဲ့ခြင်းဖြစ်သည်။

“ကျေးရွာရန်ပုံငွေ ရှိအောင်လို့ ရွာကနေပြီး ကျောက်ထုတ်ဖို့ လုပ်တဲ့အခါမှ အဲဒီ‌မြေ ရွာမပိုင်တော့ဘူး သူပိုင်တဲ့မြေ ဖြစ်သွားပြီဆိုပြီးတော့ အုပ်ချုပ်ရေးမှူးက လာတားတယ်။ အမှန်က ဒီမြေက အများပိုင်မြေဆိုတာ တစ်ရွာလုံးသိတယ်။ ရပ်မိရပ်ဖတွေကလည်း ကျေးရွာပိုင်မြေလို့ ပြောတယ်။ ရွာရန်ပုံငွေအတွက်ဆို စုပြီး လုပ်လို့ရတယ်လို့ ခွင့်ပြုထားတယ်။ ဒါကို အုပ်ချုပ်ရေးမှူးက သက်သက်လာပြီး အာဏာပါဝါနဲ့ သူပိုင်တယ်ဆိုပြီး သိမ်းနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူး ဦးမောင်အေးက အောက်နမ့်ဟွယ်ကျေးရွာ လူငယ်ခေါင်းဆောင်များကို ၁၀၅ မိုင်ရှိ မဟာမိတ်အုပ်ချုပ်ရေးကော်မတီရုံးတွင် တရားစွဲဆိုစာတင်ထားသဖြင့် အုပ်ချုပ်ရေးရုံးက ကျေးရွာဥက္ကများကို ခေါ်ယူကာ စာရွက်စာတမ်းများ ပြင်ဆင်ထားကြရန် အချိန် ၂ ပတ် ချိန်းဆိုထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဦးမောင်အေးသည် နမ့်ဟွမ်ကျေးရွာသားဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်စဉ်ကလည်း အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဖြစ်ကာ ကိုးကန့်တပ်က ထိန်းချုပ်သည့် အခါတွင်လည်း ကိုးကန့်တပ်ဖွဲ့က အုပ်ချုပ်ရေးမှူး ရာထူး ဆက်ပေးထားသူ ဖြစ်သည်။

“စကစတုန်းကလည်း သူကအုပ်ချုပ်ရေးမှူးပဲ၊ အခုကိုးကန့်ထိန်းတော့လည်း သူ့ကိုပဲ အုပ်ချုပ်ရေးမှူး ဆက်ပေးထားတယ်။ အခုအမှုနဲ့ ပတ်သက်ပြီးတော့ မနေ့ကလည်း ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် အုပ်ချုပ်ရေးကော်မတီက ခေါ်ပြီး အစည်းအဝေးလုပ်တာ ညီနောင်မဟာမိတ်အဖွဲ့ကလည်း ဒေသခံတွေပြောတာကို သိပ်နားမထောင်ပဲ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဘက်ကိုပဲ လိုက်ပြောနေတယ်။ ညီနောင်မဟာမိတ်ရုံးဆိုပေမယ့် အကုန်လုံးက ကိုးကန့်တပ်ကပဲ။ တအာင်းတပ်က ဒီမှာ မရှိတော့ဘူး။ အုပ်ချုပ်ရေးက အဓိက ကိုးကန့်ပဲ ကိုင်တာလေ။ တရားမျှတမှု ရဖို့တော့ မလွယ်တော့တဲ့ အခြေအနေမှာရှိနေတယ်။

အခုဆို အုပ်ချုပ်ရေးမှူးက ကိုးကန့်တပ်ကအားကိုးနဲ့ ရွာကိုတောင် ပြန်ခြိမ်းခြောက်နေတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးသည် လက်ရှိတွင် နမ့်ဟွယ်ကျေးရွာမှ လူငယ်ခေါင်းဆောင်များကို ကိုးကန့်တပ်ဖွဲ့ – MNDAA နှင့် အာရက္ခတပ်တော် – AA တို့ ပူးတွဲထိန်းချုပ်သည့် ၁၀၅ မိုင်ရှိ အုပ်ချုပ်ရေးကော်မတီထံတွင် တရားစွဲစာတင်ထားပြီး ကျေးရွာကိုလည်း ခြိမ်းခြောက်မှု ပြုလုပ်နေသည်။

တစ်ဧကခွဲ့ခန့်ရှိသည့် ယင်းမြေနေရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက ကျေးရွာပိုင်မြေဖြစ်ပြီး မည်သူကိုမှ ရောင်းချဖူးခြင်း မရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#မူဆယ်
#ကိုးကန့်
#အုပ်ချုပ်ရေးမှူး
#ကျေးရွာပိုင်မြေ
#တရားပြန်စွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now