မဲခေါင်၊ ဇူလိုင် ၃
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်း – ကလောကားလမ်းမပေါ်တွင် ၁၂ ဘီးကား ယာဥ်မောင်းတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု ယနေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းက အောင်ပန်း – ကလောလမ်းခွဲT oll Gate အကျော်၌ ၁၂ ဘီး ယာဥ်၌ အမှတ် ၁ ရပ်ကွက် – ညောင်ရွှေမြို့နေသူယာဥ်မောင်းကိုလှိုင်မင်းဆိုသူသည်ကားမိုးကာချည်သောကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူက အခုတစ်ခေါက် ကုန်ဖိုး သိန်း ၁၅၀ အကုန် စလော့ဂိမ်း ရှုံးသွားတာ၊ စပယ်ယာဖိုး ၃ သိန်းပါ မချန်ဘူး”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။
ယင်းကားသည် ထိုနေရာသို့ နံနက် ၂ နာရီခွဲခန့်ကတည်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး ကားစပယ်ယာ အိပ်ပျော်နေသည့် အချိန်တွင် ဒရိုင်ဘာကသေကြောင်းကြံသွားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူကို အောင်ပန်းပရဟိတအသင်းမှ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#MeKongNews
#စလော့ဂိမ်း
#ယာဥ်မောင်း
#အောင်ပန်း
#ကြိုးဆွဲချ
#အဆုံးစီရင်








