နေ့စဥ်သတင်း

ဆင်းရဲမှုနှင့် အခြားရွေးချယ်စရာ မရှိသဖြင့် ဘိန်းစိုက်ပြည်သူများကို ရာဇဝတ်သားအဖြစ် မသတ်မှတ်ဟု RCSS ပြော

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ဆင်းရဲမွဲတေမှု၊ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားတရားမဝင် လုပ်ငန်းများထံ တွန်းပို့ခံရသည့် ဒေသခံပြည်သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်မည်မဟုတ်ဟု ည် – RCSS က ပြောသည်။ ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်တွင် RCSS က ယင်းကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားသော တရားမဝင် လုပ်ငန်းများထံသို့ တွန်းပို့ခံရကြောင်းကို နားလည်ထား သည့်အတွက်၊ တောင်သူများနှင့် သားကောင်ဖြစ်ရသူများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားပါသည်”ဟု RCSS က ပြောသည်။ ထိုသူများကို

မဲခေါင်၊ ဇွန် ၂၆

ဆင်းရဲမွဲတေမှု၊ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားတရားမဝင် လုပ်ငန်းများထံ တွန်းပို့ခံရသည့် ဒေသခံပြည်သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်မည်မဟုတ်ဟု ည် – RCSS က ပြောသည်။

ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်တွင် RCSS က ယင်းကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားသော တရားမဝင် လုပ်ငန်းများထံသို့ တွန်းပို့ခံရကြောင်းကို နားလည်ထား သည့်အတွက်၊ တောင်သူများနှင့် သားကောင်ဖြစ်ရသူများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားပါသည်”ဟု RCSS က ပြောသည်။

ထိုသူများကို ရာဇဝတ်သား သတ်မှတ်ပြီး ဆောင်ရွက်မည့်အစား RCSS အနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားများမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ဒေသခံ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ နိုင်ငံတကာ မိတ်ဖက်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အစားထိုးသီးနှံများနှင့် ပိုမိုကျယ်ပြန့်သော အစားထိုးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ထိရောက်စွာ ပံ့ပိုးပေးပြီး တရားမဝင် စီးပွားရေးလုပ်ငန်းများကို ရေရှည် အစားထိုးနိုင်ရန် အခြေခံခြေလှမ်းများအဖြစ် တရားဝင်ကုန်စည်များအတွက် ဈေးကွက်ရရှိရေးနှင့် ဓလေ့ ထုံးတမ်းစဉ်လာ မြေယာပိုင်ဆိုင်ခွင့်တို့ကို ကာကွယ်ပေးနိုင်မည်ဟု RCSS က ဆိုသည်။

RCSS အနေဖြင့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း ဘိန်း ၃၉၁ ဒသမ ၉၂ ဂရမ်၊ ဘိန်းဖြူ ၁၁၀ ဒသမ ၄၃ဂရမ်၊ စိတ်ကြွဆေးပြား ၁၂သန်းကျော် (၁၂,၈၅၂,၆၁၉) ပြား ဖမ်းဆီးရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ ၇၇ ဦးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ပစ္စတို ၆ လက်၊ ရိုင်ဖယ် ၃ လက်၊ AK47 ၈ လက်၊ AK47 ကျည်ကပ် ၁၃ ခု၊ ကျည်ဆံမျိုးစုံ ၄၂၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၈ လုံး၊ တယ်လီဖုန်း ၁၈ လုံး၊ မော်တော်ဆိုင်ကယ် ၂၅ စီး၊ လေးဘီးမော်တော်ယာဉ် ၂ စီးတို့ကိုဖမ်းဆီးခြင်း၊ သုံးစွဲသူ ၅၅၄ ဦးကို ပြန်ထည် ထူထောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ် ဖောက်ကားမှု စသည့် ရှုပ်ထွေးသော စိန်ခေါ်မှုများကို သီးခြားခွဲ၍သော်လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး သက်သက်ဖြင့်သော်လည်းကောင်း ဖြေရှင်း၍မရနိုင်ပဲ အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးသည်သာ အသေချာဆုံးသော ဖြေရှင်းနည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းနည်းလမ်းကို လူမှုရေး သဟဇာတဖြစ်မှုနှင့် ခိုင်မာအားကောင်းသော ဒေသန္တရ အုပ်ချုပ်ရေးအပေါ် အခြေခံ၍ တည်ဆောက်ရမည်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း သဟဇာတဖြစ်ခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ သက်ဆိုင်သူအားလုံးနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် မရှိမဖြစ် လိုအပ်သော တွန်းအားများ ဖြစ်သည်ဟု RCSS က ဆိုသည်။

#MeKongNews
#ဆင်းရဲမှု
#ဘိန်းစိုက်ပြည်သူ
#ရာဇဝတ်သား
#RCSS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now