နေ့စဥ်သတင်း

ရပ်ကွက်မီတာခများ အေးသာယာ EPC ဝန်ထမ်း လိမ်ပြေးမှု ဌာနကတာဝန်မယူသဖြင့် ပြည်သူများနစ်နာနေ

မဲခေါင် 23 Jun - 2026
မဲခေါင်၊ ဇွန် ၂၃ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့တွင် EPC ဝန်ထမ်းမှ ရပ်ကွက်များအတွင်း လိုက်ကောက်ထားသည့် မီတာခများကို ဌာနသို့ပေးသွင်းခြင် းမပြုသည့်ကိစ္စ ပြည်သူများက ဌာနသို့တိုင်ကြားရာ အေးသာယာ EPC က ၎င်းတို့တာဝန်မရှိဟု ငြင်းဆိုပြီး မီတာခ ကျသင့်ငွေများကို ထပ်မံပေးဆောင်ခိုင်းကြောင်း သိရသည်။ ယင်းဖြစ်ရပ်မှာ ရပ်ကွက်အားလုံးလိုလိုမှ ပြည်သူအချို့ထံမှ မီတာခတစ်လလျှင် ကျပ် ၃ သောင်းခန့်နှင့် အနည်းဆုံး ၃ လစာ ကျပ်တစ်သိန်းဝန်းကျင်ဖြင့် အိမ်ထောင်စုများစွာထံမှ ကောက်ယူထားပြီး ဌာနသို့ မပေးသွင်းခြင်းဖြစ်ကြောင်း သိရသည်။ ” ကျမတို့က မီတာခကို လစဉ်လတိုင်း မီတာစာရွာလာပေးပြီဆိုတာနဲ့ တစ်ခါထဲ ထည့်ဆောင်လိုက်ပါတယ်၊။ ဝန်ဆောင်ခ ပေးပီးတော့ပေါ့ ၊ ကြာပါပီ

မဲခေါင်၊ ဇွန် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့တွင် EPC ဝန်ထမ်းမှ ရပ်ကွက်များအတွင်း လိုက်ကောက်ထားသည့် မီတာခများကို ဌာနသို့ပေးသွင်းခြင် းမပြုသည့်ကိစ္စ ပြည်သူများက ဌာနသို့တိုင်ကြားရာ အေးသာယာ EPC က ၎င်းတို့တာဝန်မရှိဟု ငြင်းဆိုပြီး မီတာခ ကျသင့်ငွေများကို ထပ်မံပေးဆောင်ခိုင်းကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ ရပ်ကွက်အားလုံးလိုလိုမှ ပြည်သူအချို့ထံမှ မီတာခတစ်လလျှင် ကျပ် ၃ သောင်းခန့်နှင့် အနည်းဆုံး ၃ လစာ ကျပ်တစ်သိန်းဝန်းကျင်ဖြင့် အိမ်ထောင်စုများစွာထံမှ ကောက်ယူထားပြီး ဌာနသို့ မပေးသွင်းခြင်းဖြစ်ကြောင်း သိရသည်။

” ကျမတို့က မီတာခကို လစဉ်လတိုင်း မီတာစာရွာလာပေးပြီဆိုတာနဲ့ တစ်ခါထဲ ထည့်ဆောင်လိုက်ပါတယ်၊။ ဝန်ဆောင်ခ ပေးပီးတော့ပေါ့ ၊ ကြာပါပီ အဲလိုဆောင်နေတာ။ အဲ့မှာ ဒီ ၅ လပိုင်းမှာ မီတာခ ၃ သောင်းကျော် ကျပါတယ်။ အဲဒါနဲ့ သူလာယူမအားလို့ kpay နဲ့ လွှဲလို့ရတယ်ဆိုလို့ လွှဲလိုက်တာ နောက်လကျတော့ မီတာစာရွက်မှာ မီတာကြွေးတွေ ပါလာတယ်။ မေးတော့လဲ ကျနော် ဆောင်ပြီးပြီပြောလိုက်မယ် ဘာညာနဲ့၊ အခုလလဲ အကြွေးက ၄ သောင်းကျော် ပါလာတယ်။ အဲဒါ ပြောတော့လဲ ကျနော်ပြောလိုက်မယ် ဘာညာနဲ့ နောက်မှ အဲလိုမျိုး ခံရတဲ့သူက ကိုယ်တွေတစ်အိမ်ထဲ မဟုတ်ဘူး၊ အများကြီးပဲ၊ မီတာဆောင်ရမယ့် ငွေတွေကို မီတာမဆောင်ဘဲ ဖြတ်ခုတ်သွားတာ၊ ဟိုရက်က EPC ရုံးမှာသွားပြောတော့၊ သူတို့နဲ့မဆိုင်ဘူး အဲကောင်ကိုလဲ အလုပ်ထုတ်ပလိုက်ပြီ ဆိုတော့ လတွေစုကုန်ပီအကြွေးကျန်တွေများကုန်တာပေါ့။ အချို့ အိမ်တွေကို အကြွေးကို ၁ သိန်းကျော်လောက်ကျန်တယ်၊ ဒဏ်ကြေးတွေရော”ဟု အေးသာယာရပ်ကွက် ၁၁ နေသူတစ်ဦးက ပြောသည်။

ပြည်သူထံမှ မီတာခကောက်ပြီး အစိုးရသို့ ငွေမသွင်းသည့် အေးသာယာ EPC ဝန်ထမ်းမှာ လင်းပြည့်စုံဦး ဆိုသူဖြစ်ပြီး ၎င်းကိုတရား ဝင်ခန့်ထားပြီး တာဝန်မယူဟု ဆိုသည့် အေးသာယာ EPC အ​နေဖြင့် ပြည်သူများသို့သာမီတာခများ သွင်းခိုင်းနေပြီး ပေးသွင်းမှု မရှိပါက မီးဖြတ်််မည်ဟုသာ ခြိမ်းခြောက်နေသည်ဟု ပြည်သူများက ပြောသည်။

၎င်းကို အလုပ်ထုတ်လိုက်ပြီဟု ပြောသော်လည်း အမှန်မှာ ၎င်းကို ဟိုပုံးမြို့သို့ ပြောင်းရွှေ့လိုက်ခြင်းသာ ဖြစ်သည်ဟု ပြည်သူအချို့က ပြောသည်။

“ရပ်ကွက်မှာ၂ လည်း အိမ်တိုင်းလိုလိုကို ခုလိုပဲ အလိမ်ခံလိုက်ရတာပါ။ ကျမအိမ်ဆိုရင် တစ်နှစ်စာနီးပါ ပါသွားတာပါ၊ တချိို့အိမ်ဆိုရင် ၅ သိန်း ၆ သိန်းထိ ကြားရတယ်။ အကြွေးလက်ကျန်ငွေ ကို အမည်းရောင်နဲ့ အုပ်ဖုံးထားတာပါ၊ အိမ်ရဲ့ လူအခြေအနေကြည့်ပြီး စာရွက်တွေပေးခဲ့တာပါ၊ စာရွက်ကိုသေချာကြည့်သော်လည်း မျက်စေ့ရှန်းပြီး သတိမထားမိခဲ့တာကြောင့် နှစ်ချုပ်မှ သိရတာတွေများပါတယ်။ ရုံးကို အကျိုးအကြောင်း ပြောပြတော့လည်း အလုပ်ထုတ်လိုက်ပီချည်းပဲ ပြောတယ်၊ သူတို့ရဲ့လင်ကဖြင့် ငွေအမောင့်များတဲ့အိမ်တချို့ကို ရုံးယူနီဖောင်းနဲ့ စာရွက်လိုက်ဝေနေတုန်း၊ ကိုယ်’အ’လို့ ကိုယ်ခံရတာလို့ ခနဲ့တဲ့တဲ့ပြောဆိုတဲ့ ဝန်ထမ်းက ရှိသေး၊ ကြည့်ရတာ အလိုတူ အလိုပါ ပူးပေါင်းလုပ်စားနေတာလို့ပဲ ထင်မိတယ်။ ၃ လထိ မီတာခလာမဆောင်ရင် မီးဖြတ်မယ်ဆို.နင်တို့သာ မီးလာဖြတ်ခဲ့ရင် ငါတို့အလိမ်ခံရတာ စောသိတော့ နည်းနည်းသက်သာနိုင်သေးတယ်။ နင်တို့က လုပ်စားဂွင် တမင် ‘ဟ’ ပေးထားတာလား”ဟု ဒေသခံတစ်ဦးကဆိုသည်။

တာဝန်ရှိ အစိုးရဌာနတစ်ခုအနေဖြင့် ဖြစ်ပေါ်နေသည့် ပြဿနာကို အလွယ်တကူပင် အလုပ် ထုတ် လိုက်ပြီဟုဆိုကာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလုပ်ဆောင်မှု၊ ပြဿနာဖြစ်ပွားနေမှုကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ ပြည်သူများသို့သာ ပုံချတာဝန်ယူစေမှု၊ လုပ်ပိုင်ခွင့်သုံးပြီး ပြည်သူကို လိမ်လည်သည့်အပြင် နိုင်ငံတော်ဘဏ္ဍာငွေ ကိုပါ အပျောက်ရိုက်သည်ကို ထိထိရောက်ရောက် ဥပဒေအရ အရေးမယူမှုများဖြင့် အစိုးရဌာတစ်ရပ်အနေဖြင့် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ် ဖြစ်ပေါ်လျက်ရှိနေသဖြင့် နစ်နာနေသည့် ပြည်သူများအတွက် လိုအပ်သည်များ ရှမ်းအစိုးရက အရေးယူပေးရန် လိုလားလျက်ရှိကြကြောင်း သိရသည်။

#MeKongNews
#ရပ်ကွက်မီတာခ
#အေးသာယာ
#EPC
#လိမ်ပြေးမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now