နေ့စဥ်သတင်း

တောင်ကြီးတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရပြီး ဆိုင်ကယ်နှင့် ပစ္စည်းများ ပါသွား

မဲခေါင် 23 Jun - 2026
မဲခေါင်၊ ဇွန် ၂၃ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်၊ နယ်မြေ (၃) ရှိ ရှမ်းကွင်းအနီးတွင် ဇွန်၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က အလုပ်မှ နေအိမ်သို့ ပြန်လာနေသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက် လုယက်ခံရပြီး ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေသားများ ပါရှိသည့် ပိုက်ဆံအိတ်တို့ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယင်း အမျိုးသမီးသည် ဆိုင်ကယ်မောင်းနှင်၍ နေအိမ်သို့ ပြန်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေသားများ ပါရှိသည့် ပိုက်ဆံအိတ်တို့ကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် ဖြစ်ပွားချိန်တွင်

မဲခေါင်၊ ဇွန် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်၊ နယ်မြေ (၃) ရှိ ရှမ်းကွင်းအနီးတွင် ဇွန်၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က အလုပ်မှ နေအိမ်သို့ ပြန်လာနေသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက် လုယက်ခံရပြီး ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေသားများ ပါရှိသည့် ပိုက်ဆံအိတ်တို့ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယင်း အမျိုးသမီးသည် ဆိုင်ကယ်မောင်းနှင်၍ နေအိမ်သို့ ပြန်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေသားများ ပါရှိသည့် ပိုက်ဆံအိတ်တို့ကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ရပ်ကွက်နေ ပြည်သူများက ကျူးလွန်သူအား ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏လက်ထဲတွင် ဓားကိုင်ဆောင်ထားသဖြင့် လုံခြုံရေးအရ စိုးရိမ်မှုများရှိခဲ့ကာ ဖမ်းဆီးနိုင်ခြင်း မရှိဘဲ လုယက်ယူဆောင်သွားသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“အခုနောက်ပိုင်း တောင်ကြီးမှာ ညနေပိုင်းဆိုရင် အမျိုးသမီးတွေ တစ်ယောက်တည်း သွားလာဖို့တောင် ကြောက်လာရတယ်။ လူသွားလူလာရှိတဲ့ နေရာမှာတောင် ဓားပြတိုက်တဲ့အထိ ဖြစ်လာတော့ လုံခြုံရေးကို ပိုပြီး အလေးထားဆောင်ရွက်ပေးဖို့ လိုနေပြီလို့ ထင်ပါတယ်။ အရင်က ဒီလောက်မကြောက်ရဘူး။ အခုတော့ ညနေပိုင်း အလုပ်ဆင်းပြီး အိမ်ပြန်ရင်တောင် စိုးရိမ်နေရတယ်။ လုယက်မှုတွေ များလာတော့ ပြည်သူတွေ စိတ်မအေးနိုင်တော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#အမျိုးသမီးတစ်ဦး
#ဓားပြတိုက်
#လုယက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now