နေ့စဥ်သတင်း

တပ်ရင်းအမည်ကို အလွဲသုံးစားလုပ်၍ ငွေတောင်း ဓားပြတိုက်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဟု ဓနု PDF သတိပေး

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယ၊ ရွာငံမြို့နယ်များတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် အမှတ် – ၁၀၀၃ ဓနု PDF တပ်ရင်းက တပ်ရင်းအမည်ကို အလွဲသုံးစားလုပ်၍ ငွေတောင်း ဓားပြတိုက်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဟု ယနေ့ ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ် ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင် – ကယား(ကရင်နီ) တိုင်းစစ်ဌာနချုပ်အောက်ရှိ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်းအနေဖြင့် ဓနုဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပြီး ဓားပြတိုက်ခြင်းများနှင့် ပတ်သက်၍ ၁၀၀၃ တပ်ရင်းသည် NUG အစိုးရအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်

မဲခေါင်၊ ဇွန် ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယ၊ ရွာငံမြို့နယ်များတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် အမှတ် – ၁၀၀၃ ဓနု PDF တပ်ရင်းက တပ်ရင်းအမည်ကို အလွဲသုံးစားလုပ်၍ ငွေတောင်း ဓားပြတိုက်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဟု ယနေ့ ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ် ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင် – ကယား(ကရင်နီ) တိုင်းစစ်ဌာနချုပ်အောက်ရှိ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်းအနေဖြင့် ဓနုဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပြီး ဓားပြတိုက်ခြင်းများနှင့် ပတ်သက်၍ ၁၀၀၃ တပ်ရင်းသည် NUG အစိုးရအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်သည်နှင့်အညီ ပြည်သူ့ထံမှ ပြည်သူ မကြည်ဖြူသည့် မည်သည့် ငွေကြေးတောင်းခံခြင်းကိုမျှ မလုပ်ဆောင်သလို ပြည်သူကို ကာကွယ်ရမည့်အစား လက်နက်အားကိုးဖြင့် အတင်းအဓမ္မ ဓားပြတိုက်ခြင်း၊ ခြိမ်းခြောက် ငွေကြေးတောင်းခံခြင်းမျိုးကို ပြုလုပ်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်ဟု ဆိုသည်။

ထို့ပြင် ဓနုဒေသအတွင်းရှိ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ရန်သူစစ်ကောင်စီကို တော်လှန်ရမည့်အစား ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်းများ ပြုလုပ်၍ ၁၀၀၃ တပ်ရင်းအမည်ဖြင့် နာမည်အလွဲသုံးစား ပြုလုပ်နေခြင်းအပေါ် ထိရောက်စွာအရေးယူ သွားမည်ဟု ဆိုသည်။

တော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေမည့် အပြု အမူများအား ရှောင်ရှားကြရန်နှင့် ဘုံရန်သူအား အဆုံးထိ တိုက်ပွဲဝင်ကြရန်ကိုသာ ရှေ့ရှုစေလိုသည်ဟု အကြံပြုထားသည်။

သို့အတွက် ဓနုဒေသအတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၁၀၀၃ တပ်ရင်းအမည်ဖြင့် အလွဲသုံးစားပြုလုပ်၍ ပြည်သူအပေါ်အတင်းအဓမ္မ ငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်းများ ပြုလုပ်မည်ဆိုပါက ၁၀၀၃ တပ်ရင်းအနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်၊ ညပိုင်းက ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောသည် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင် ၉ ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပြည်သူ့စစ်မှုထမ်းအတွက် ကောက်ခံထားသည့် ငွေများပေးရန် တောင်းခံခဲ့ရာမှ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဥ်ရှိခဲ့သည်။

ယင်းဖြစ်စဥ်ပါ လက်နက်ကိုင်အဖွဲ့သည် ဦးကျော်ဇော၏ ဖခင်နေအိမ်မှ KAMAX 110 အစိမ်းနှင့် မီးခိုးရောင် ဆိုင်ကယ် ၁ စီး၊ New ZINIC 125 Alpha အဖြူရောင်ဆိုင်ကယ် ၁ စီး၊ အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေကျပ် ၂၂ သိန်းနှင့် ရွှေလက်စွပ် ၃ ကွင်း အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ၁၉၂ သိန်း ခန့်ရှိ ငွေနှင့် ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

#MeKongNews
#တပ်ရင်းအမည်
#အလွဲသုံးစားလုပ်
#ငွေတောင်း
#ဓားပြတိုက်
#ဓနု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now