နေ့စဥ်သတင်း

တောင်ကြီး အေးသာယာနယ်မြေစခန်းမှူး ရဲအုပ်စောဦး အမျိုးသမီးမွေးနေ့ကို KTV တွင် ကျင်းပပြီး ကျပ်သိန်း ဆယ်နှင့်ချီတန်သည့် ပန်းစည်း မွေးနေ့လက်ဆောင်ပေး၊ အေးသာယာတွင် ၄ နှစ်ကျော်ကြာသော်လည်း ပြည်နယ်ရဲချုပ်ကို ဂါနိုင်သဖြင့် မပြောင်းရ

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောဦးသည့် ၎င်း၏ အမျိုးသမီးမွေးနေ့ကို ဇွန်လ ၁၅ရက် ညပိုင်းက KTV တစ်ခုတွင် ကျင်းပခဲ့ပြီး မွေးနေ့လက်ဆောင်အဖြစ် ကျပ်သိန်း ဆယ်နှင့်ချီပါသည့် ပန်းစည်းပေးကာ စပရိုက်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းစခန်းမှူး ရဲအုပ်စောဦးသည် အေးသာယာတွင် စခန်းမှူးအဖြစ် လုပ်ကိုင်နေသည်မှာ ၄နှစ်ကျော်ကြာပြီဖြစ်ပြီး ၎င်းလက်ထက်အတွင်း အေးသာယာမြို့၌ တရားမဝင်လုပ်ငန်းများ အများအပြား ကြီးထွားခဲ့ကြောင်း၊ ယင်းလုပ်ငန်းများမှ ရသည့် လာဘ်ငွေများဖြင့် ပြည်နယ်ရဲချုပ် ရဲမှူးချုပ် ကျော်ကျော်ဟန်ကို ဂါရဝကြေး လုံလောက်အောင်ပေးနိုင်သည့်အတွက် မပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း အေးသာယာရဲစခန်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ “အခုက စပရိုက်တိုက်တာတွေက ခေတ်စားနေတာ။

မဲခေါင်၊ ဇွန် ၁၈

တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောဦးသည့် ၎င်း၏ အမျိုးသမီးမွေးနေ့ကို ဇွန်လ ၁၅ရက် ညပိုင်းက KTV တစ်ခုတွင် ကျင်းပခဲ့ပြီး မွေးနေ့လက်ဆောင်အဖြစ် ကျပ်သိန်း ဆယ်နှင့်ချီပါသည့် ပန်းစည်းပေးကာ စပရိုက်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းစခန်းမှူး ရဲအုပ်စောဦးသည် အေးသာယာတွင် စခန်းမှူးအဖြစ် လုပ်ကိုင်နေသည်မှာ ၄နှစ်ကျော်ကြာပြီဖြစ်ပြီး ၎င်းလက်ထက်အတွင်း အေးသာယာမြို့၌ တရားမဝင်လုပ်ငန်းများ အများအပြား ကြီးထွားခဲ့ကြောင်း၊ ယင်းလုပ်ငန်းများမှ ရသည့် လာဘ်ငွေများဖြင့် ပြည်နယ်ရဲချုပ် ရဲမှူးချုပ် ကျော်ကျော်ဟန်ကို ဂါရဝကြေး လုံလောက်အောင်ပေးနိုင်သည့်အတွက် မပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း အေးသာယာရဲစခန်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“အခုက စပရိုက်တိုက်တာတွေက ခေတ်စားနေတာ။ ဟိုနေ့ကမှ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ထားသေးတာကို ဂရုမစိုက်ဘူး ထပ်လုပ်တာပဲ။ သဘောကတော့ ဂရုမစိုက်ဘူးဆိုတဲ့သဘောပေ့ါဗျာ။ အေးသာယာမှာ ရောက်နေတာ ၄နှစ်ရှိပြီ။ ပြည်နယ် CP (ရဲချုပ်) ကို အိပ်ထဲထည့်ထားနိုင်တော့ ကျန်တာ ဘာမှ ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့မှာ ပြည့်တန်ဆာခန်းများအပါအဝင် တရားမဝင်လုပ်ငန်းများ အများအပြားရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အသက်မပြည်သေးသည့် အမျိုးသမီးငယ် ၂ဦးကို ပြည့်တန်ဆာခန်းတွင် ရောင်းစားသည့် ကိစ္စ ဖြစ်ပွားခဲ့သေးသည်။

“အေးသာယာစခန်းမှူးက ရေခိုင်တယ်ဗျ။ ဇလဲဘက်က မှောင်ခိုင်သစ်တွေ ဝင်တာလဲရတယ်။ ဖာဘိ၊ မူးယစ်ဆေး အကုန်ရှိနေတော့ ဝင်ငွေကောင်းတယ်။ လုပ်သမျှ တင့်တယ်တာပေါ့” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

အေးသာယာနယ်မြေ ရဲစခန်းသည် တောင်ကြီးမြို့နယ်၏ စက်မှုဇုန်နယ်မြေနှင့် အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ လုပ်ပိုင်ခွင့်အာဏာအသုံးချကာ ကိုယ်ကျိုးရှာမှု အများဆုံးဖြစ်ပွားရာ နေရာတစ်ခုအဖြစ် ဒေသတွင်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် စခန်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ကာလများအတွင်းကလည်း အေးသာယာရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့များသည် စက်မှုဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တရားမဝင် လောင်းကစားဒိုင်များနှင့် မှောင်ခိုကုန်သည်များထံမှ လစဉ်လိုင်းကြေးငွေများ ကောက်ခံခဲ့သည့်အပြင် အရပ်သားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ မတရားဖမ်းဆီးကာ ငွေကျပ်သိန်းဆယ်ချီ၊ ရာချီဖြင့် ပြန်ပေးဆွဲသကဲ့သို့ ငွေညှစ်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များကြောင့် မိဘပြည်သူများအကြား ပြင်းထန်စွာ ဝေဖန်ခံခဲ့ရဖူးသည်။

#MeKongNews
#အေးသာယာ
#တောင်ကြီးမြို့နယ်
#ရဲအုပ်စောဦး
#မွေးနေ့လက်ဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now