မဲခေါင်၊ ဇွန် ၁၆
ပြီးခဲ့သည့် ဇွန် ၁၃ ရက်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မိန်းကလေးငယ်၂ ဦးကို ပြည့်တန်ဆာခန်းတွင် ရောင်းစားခဲ့သည့် အမျိုးသမီး ၂ ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
၎င်းတို့ နှစ်ဦးမှာ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ မဆိုဖီယာနှင့် အေးသာယာနေ မမိုးစက်တို့ဖြစ်ကာ ၎င်းတို့ကို ယမန်နေ့ ဇွန် ၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီးနောက် ရွှေညောင်နှင့် အေးသာယာနယ်မြေရဲစခန်းများတွင် ဖမ်းဆီးကာ ချုပ်နှောင်ထားရှိကြောင်း သိရသည်။
“လူကုန်တားကလည်း လာစစ်နေတယ်၊ နန်းရွှေရည်ပိုင်ရှင်ကိုလည်း ဆွဲထားပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
တရားခံအမျိုးသမီးများသည် တောင်ကြီးမြို့မှအရွယ်မရောက်သေးသူ မိန်းကလေးငယ် ၂ ဦးအား အေးသာယာမြို့ရှိ KTV ၌ အလုပ်အပ်ပေးမည်ဖြစ်ကြောင်းနှင့် လစာကောင်းကောင်း ရရှိမည်ဖြစ်ကြောင်း လိမ်လည်ပြောဆို၍ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး အေးသာယာမြို့ နန်းရွှေရည် ပြည်တန်ဆာခန်း၌ တစ်ဦးလျင် ၁ သိန်းကျပ်ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#အေးသာယာမြို့
#ပြည့်တန်ဆာခန်း
#မိန်းကလေးငယ်များ
#ရောင်းစား








