နေ့စဥ်သတင်း

မိုင်းတုံမှ ကျေးရွာအုပ်ကြီး ကျော်ဇင်လတ် (ခ) သားကြီး၏ ခနောက်စိမ်းအကြောင်းပြရွှေခိုးတူးနေသည့် လုပ်ကွက်ကို ပြည်နယ်သယံဇာတဝန်ကြီး ဆင်းဖမ်း၊ ရွှေချက်ကန်၊ တရားမဝင်ခုတ်လှဲထားသည့်သစ်များနှင့် ဘက်ဟိုးများ ဖမ်းမိ

မဲခေါင် 16 Jun - 2026
မဲခေါင်၊ ဇွန် ၁၆ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ခနောက်စိမ်းတူးဖော်ခွင့် အကြောင်းပြကာ တရားမဝင် ရွှေခိုးတူးဖော်နေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည်နယ် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ် က ယနေ့တွင် တာချီလိတ်မြို့မှ အဖွဲ့စုံဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရှမ်းပြည်အစိုးရအဖွဲ့၏ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်သည် တာချီလိတ်မြို့မှ ဌာနစုံပူးပေါင်းအဖွဲ့နှင့်အတူ မိုင်းတုံ – မိုင်းဆတ် သွားကားလမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာ အနောက်ဘက်တွင် တရားမဝင် ရွှေခိုးတူးနေသည့် လုပ်ကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မဲခေါင်၊ ဇွန် ၁၆

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ခနောက်စိမ်းတူးဖော်ခွင့် အကြောင်းပြကာ တရားမဝင် ရွှေခိုးတူးဖော်နေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည်နယ် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ် က ယနေ့တွင် တာချီလိတ်မြို့မှ အဖွဲ့စုံဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရှမ်းပြည်အစိုးရအဖွဲ့၏ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်သည် တာချီလိတ်မြို့မှ ဌာနစုံပူးပေါင်းအဖွဲ့နှင့်အတူ မိုင်းတုံ – မိုင်းဆတ် သွားကားလမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာ အနောက်ဘက်တွင် တရားမဝင် ရွှေခိုးတူးနေသည့် လုပ်ကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ဖြင့် ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ် (ခ) သားကြီး က ခနောက်စိမ်းတူးဖော်ရန် အကြောင်းပြ၍ ရွှေခိုးတူးနေသည့် နေရာဖြစ်သည်။ ယင်းစီးနင်းမှုအတွင်း တရားမဝင် ရွှေချက်ကန်များ၊ ခုတ်လှဲထားသည့် သစ်တန်ပေါင်းများစွာနှင့် ဘက်ဟိုး (မြေတူးစက်) များကို သက်သေခံအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အခု ဖမ်းမိတာက အစပဲ ရှိသေးတာ။ သေချာဆက်ပြီး ဖမ်းမယ်ဆိုရင် နောက်ထပ် လုပ်ကွက်တွေ အများကြီး မိဦးမှာ။ ဒီလုပ်ငန်းတွေနောက်ကွယ်က ပတ်သက်စပ်ဆက်နေတဲ့ အရာရှိကြီးတွေလည်း အများကြီး ပါသွားနိုင်တယ်” ဟု မိုင်းတုံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လုပ်ကွက်ပိုင်ရှင် ကျော်ဇင်လတ် ဆိုသူမှာ လွယ်ခမ်းလုံကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် “ဝတီရတနာ” ကုမ္ပဏီအမည်ကိုပါ အသုံးပြု၍ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ နောင်လဲကျေးရွာရှိ နမ့်မွန်းချောင်းအတွင်း၌လည်း ခနောက်စိမ်းအကြောင်းပြကာ တရားမဝင် ရွှေတူးဖော်မှုများ ဆက်တိုက်လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။

“မနက်ဖြန်ကျရင် လွယ်ခမ်းလုံဘက်က လုပ်ကွက်ကိုပါ ဝန်ကြီးအဖွဲ့က ဝင်စစ်မယ်လို့ သတင်းကြားတယ်။ ဒါပေမဲ့ ဒီနေ့ ဖမ်းခံရပြီးကတည်းက ဟိုဘက်က ကားတွေအကုန်လုံး သိမ်းသွားကြပြီ။ ဘက်ဟိုးတွေကိုလည်း တောထဲ ဖွက်ထားလိုက်ပြီဆိုတော့ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ အခု ရွာသားတွေကိုပဲ မဲပြီး ရန်ရှာနေကြတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဖွင့်ဟသည်။

ယင်းတရားမဝင် ရွှေတူးဖော်မှု၊ ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးနေသည့်အပြင် နမ့်မွန်းချောင်းရေမှာလည်း ဓာတုဆေးရည်များကြောင့် သုံးစွဲ၍မရတော့ဘဲ ကျေးရွာများ၏ စိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

၎င်းပြင် ရွှေချက်ရာတွင် သုံးစွဲသည့် ပြဒါးနှင့် ဆိုင်ယာနိုက် စသည့် ဓာတုဆေးရည်များ ညစ်ညမ်းမှုကြောင့် ဒေသခံ တိရစ္ဆာန်များတွင်လည်း ရောဂါဆိုးများ ကူးစက်ဖြစ်ပွားနေပြီး အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုးကျိုးများမှာ မိုင်းတုံမြို့ပေါ်အထိ သက်ရောက်မှု ရှိလာနေကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#မိုင်းတုံ
#ရှမ်းအရှေ့
#ရွှေတူး
#ပြည်သူ့စစ်
#ကျော်ဇင်လတ်
#အုပ်ချုပ်ရေးမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now