နေ့စဥ်သတင်း

မိုင်းတုံတွင် စစ်တပ်အရာရှိ ကားမောင်းသယ်ဆောင်သည့် ခိုးဝင်တရုတ် ၅ ဦး ဖမ်းမိ၊ ကွင်းဆက်များကို ဖမ်းဆီးတရားစွဲဆို

မဲခေါင် 12 Jun - 2026
မဲခေါင်၊ ဇွန် ၁၂ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် တာချီလိတ်ဘက်မှ လာသည့် တရားမဝင် ခိုးဝင်တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ကားဖြင့်သယ်ဆောင်ပေးခဲ့သည့် စစ်ကောင်စီတပ်မှ စစ်ဗိုလ်များအပါအဝင် ကွင်းဆက်တရားခံများကို ဖမ်းဆီးကာ တရားရုံးတင် တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းခိုးဝင်တရုတ်နိုင်ငံသားများကို တစ်ဦးလျှင် ယွမ် ၂သောင်း (ကျပ် သိန်း ၁၂၀ခန့်)ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က မိုင်းတုံ – တာဆန်း လမ်းမပေါ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များပေါ်၌ စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “တရုတ်တွေကို လိုင်စင်မဲ့ကားတွေပေါ်မှာ ‘ရွှေသစ္စာ’ လိုင်းကားတံဆိပ်တွေ အတုကပ်ပြီး

မဲခေါင်၊ ဇွန် ၁၂

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် တာချီလိတ်ဘက်မှ လာသည့် တရားမဝင် ခိုးဝင်တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ကားဖြင့်သယ်ဆောင်ပေးခဲ့သည့် စစ်ကောင်စီတပ်မှ စစ်ဗိုလ်များအပါအဝင် ကွင်းဆက်တရားခံများကို ဖမ်းဆီးကာ တရားရုံးတင် တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းခိုးဝင်တရုတ်နိုင်ငံသားများကို တစ်ဦးလျှင် ယွမ် ၂သောင်း (ကျပ် သိန်း ၁၂၀ခန့်)ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က မိုင်းတုံ – တာဆန်း လမ်းမပေါ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များပေါ်၌ စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တရုတ်တွေကို လိုင်စင်မဲ့ကားတွေပေါ်မှာ ‘ရွှေသစ္စာ’ လိုင်းကားတံဆိပ်တွေ အတုကပ်ပြီး တာချီလိတ်ဘက်ကနေ သယ်လာတာ။ မြို့အဝင်အထွက် ဂိတ်တွေကို ဖြတ်တဲ့အချိန်ကျတော့ စစ်တပ်က စစ်ဗိုလ်တွေကိုယ်တိုင် ကားမောင်းပြီး အစစ်အဆေးမရှိအောင် ဖြတ်ပို့ပေးခဲ့တာ။ အဲဒါကို အတွင်းသတင်းအရ စရဖက ဝင်ဖမ်းတာ။ ပါဝင်ပတ်သက်တဲ့ စစ်ဗိုလ်တွေကိုတော့ တပ်မအချုပ်မှာ ထိန်းသိမ်းထားပြီး၊ တရုတ် ၅ ယောက်နဲ့ အရပ်သားဒရိုင်ဘာတွေ၊ ဂိတ်မှူးတွေကိုတော့ ရဲအချုပ်မှာ ထားတယ်။ မနေ့ ဇွန်လ ၁၁ ရက်နေ့က တရားရုံးတင်လိုက်ပြီ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ခိုးဝင်တရုတ်နိုင်ငံသား ၅ ဦးကို လဝကဥပဒေအရ တရားမဝင် ခိုးဝင်မှုဖြင့်လည်းကောင်း၊ တရားမဝင် ခိုးထုတ်သယ်ဆောင်ပေးသည့် ယာဉ်မောင်းများနှင့် ဂိတ်မှူးများကို နိုင်ငံခြားသားများအား တရားမဝင် သယ်ယူပို့ဆောင်ပေးမှုဖြင့်လည်းကောင်း တရားစွဲဆိုထားကြောင်း သိရသည်။

တရုတ်နိုင်ငံသားများကို စစ်ဆေးရေးဂိတ်များ ဖြတ်သန်းစဉ် ကိုယ်တိုင်ကားမောင်း၍ သယ်ဆောင်ပေးခဲ့သည့် အရာရှိများမှာ မိုင်းတုံအခြေစိုက် ခမရ (၅၁၉) မှ ဌာနချုပ်တပ်ခွဲမှူးနှင့် စစ်ဆေးရေးဗိုလ်တို့ဖြစ်ပြီး ၎င်းတို့ကို လက်ရှိတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တစခ) ၏ အမိန့်ဖြင့် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“လိုင်စင်မဲ့ကားတွေက လိုင်စင်ရှိတဲ့ ကားတွေလို တံဆိပ်တွေ၊ နံပါတ်ပြားတွေအတုတပ်ပြီး လုပ်စားနေကြတော့ လိုင်းဆွဲနေတဲ့ အစစ်အမှန် လိုင်းကားသမားတွေ တအားနစ်နာတယ်။ သူတို့က ခိုးသယ်ရလို့ ငွေရတာများတော့ လမ်းမှာရှိတဲ့ ဂိတ်တွေကို လမ်းကြေးတွေ အဆမတန် ပေးဖြတ်ကြတာ။ ကုန်စည်တွေကိုလည်း ဒီလိုပဲ သယ်နေကြတာ။ ကားခတွေ တက်ကုန်တဲ့အပြင် ကုန်ဈေးနှုန်းတွေပါ အဆမတန် ကြီးမြင့်နေရတာ သူတို့ကြောင့်ပဲ။ အခုလို လုပ်စားနေကြတာ ကြာလှပြီ၊ အခုမှ မိတာ” ဟု မိုင်းဆတ် – တောင်ကြီး ပြေးဆွဲနေသည့် လိုင်းကားယာဉ်မောင်းတစ်ဦးက ဖွင့်ဟသည်။

မြေပြင်အချက်အလက်များအရ Probox သို့မဟုတ် Succeed ကဲ့သို့ ယာဉ်ငယ်တစ်စီးလျှင် တရားမဝင် မှောင်ခိုကုန်စည်များ အပြည့်တင်ပါက ကားခ ငွေကျပ် သိန်း ၄၀ ခန့်ရရှိပြီး လမ်းခရီးတစ်လျှောက် လမ်းကြေးအဖြစ် ကျပ်သိန်း ၃၀ ခန့်အထိ ကုန်ကျကြောင်း သိရသည်။

တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို ခိုးသယ်ပါက တရုတ်ယွမ်ငွေ ၂ သောင်း (မြန်မာငွေကျပ် သိန်း ၁၂၀ ဝန်းကျင်) အထိ ရရှိကြောင်း၊ ယင်းကားခမှာ လင်းခေးမြို့အထိသာဖြစ်ပြီး လမ်းခရီးတွင် လမ်းကြေးအများဆုံး တောင်းခံသည့်ဂိတ်မှာ လင်းခေးမြို့အဝင်ဂိတ်ဖြစ်ကြောင်း သိရသည်။

၎င်းပြင် လင်းခေးသို့ ရောက်ရှိလာသည့် တရားမဝင်ကုန်စည်များနှင့် လူပွဲစားများကို PNO ပြည်သူ့စစ်အဖွဲ့က မောက်မယ်မြို့နယ်ဘက်မှတစ်ဆင့် လုံခြုံရေးရယူပေးကာ ဆက်လက်သယ်ဆောင်ပေးလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကြသည့် တရုတ်နိုင်ငံသားများသည် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရန်၊ တရားမဝင် သတ္တုတူးဖော်ရန်နှင့် သစ်ခိုးထုတ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

၎င်းတို့သည် မိုင်းလား – ကျိုင်းတုံ – တာချီလိတ် – မိုင်းဆတ် – မိုင်းတုံ – မိုင်းပန် – လင်းခေး လမ်းကြောင်းအတိုင်း လာကြပြီး စစ်ကောင်စီ၏ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန်အတွက် လင်းခေးမှတစ်ဆင့် မောက်မယ်လမ်းကြောင်းအတိုင်း လျှို့ဝှက်သွားလာနေကြကြောင်း သိရသည်။

#MeKongNews
#မိုင်းတုံ
#တရုတ်နိုင်ငံသား
#လူကယ်ရီ
#စစ်တပ်အရာရှိ
ပုံအညွှန်း – မိုင်းတုံ – တာဆန်း လမ်းပိုင်းတစ်နေရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now