နေ့စဥ်သတင်း

ရွှေညောင် တာယောချောင်းရေလျှံရာမှ တောင်လေးလုံးတွင် ရေကြီး၊ လွိုင်လင်၌လည်း နေအိမ်အချို့ ရေဝင်

မဲခေါင် 6 Jun - 2026
မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့ရှိ တာယောချောင်း ရေလျှံရာမှတစ်ဆင့် တောင်လေးလုံးကျေးရွာဘက်တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၃ နာရီခန့်ကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရွှေညောင်မြို့အတွင်း ဖြတ်သန်းစီးဆင်းနေသည့် တာယောချောင်းရေလျှံကာ ချောင်းအောက်ခြေစီးဆင်းရာ တောင်လေးလုံးကျေးရွာဘက်တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ “မိုးရေကတော့ အရမ်းများတာပဲ။ တိုးဂိတ်ကနေ လမ်းပေါ်အထိ ရေတွေ လျှံတက်လာတာ။ အခုလောက်အထိ ရေတခါမှ မကြီးဖူးသေးဘူး။ အိမ်မွေးဝက်တွေ ရေထဲမျောပါတာမျိုးရှိသလို အိမ်အုတ်တံတိုင်းတွေလည်း ပြိုကျကုန်တယ်လို့ ကြားရတယ်။ လျှပ်စစ်မီးတိုင်တွေလည်း လဲကျကုန်တယ်။ မိုးဆက်မရွာရင်တော့ ရေပြန်ကျနိုင်ပေမဲ့ ဒီအတိုင်း

မဲခေါင်၊ ဇွန် ၆

ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့ရှိ တာယောချောင်း ရေလျှံရာမှတစ်ဆင့် တောင်လေးလုံးကျေးရွာဘက်တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၃ နာရီခန့်ကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရွှေညောင်မြို့အတွင်း ဖြတ်သန်းစီးဆင်းနေသည့် တာယောချောင်းရေလျှံကာ ချောင်းအောက်ခြေစီးဆင်းရာ တောင်လေးလုံးကျေးရွာဘက်တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“မိုးရေကတော့ အရမ်းများတာပဲ။ တိုးဂိတ်ကနေ လမ်းပေါ်အထိ ရေတွေ လျှံတက်လာတာ။ အခုလောက်အထိ ရေတခါမှ မကြီးဖူးသေးဘူး။ အိမ်မွေးဝက်တွေ ရေထဲမျောပါတာမျိုးရှိသလို အိမ်အုတ်တံတိုင်းတွေလည်း ပြိုကျကုန်တယ်လို့ ကြားရတယ်။ လျှပ်စစ်မီးတိုင်တွေလည်း လဲကျကုန်တယ်။ မိုးဆက်မရွာရင်တော့ ရေပြန်ကျနိုင်ပေမဲ့ ဒီအတိုင်း မိုးဆက်သည်းနေရင်တော့ အောက်ပိုင်းရပ်ကွက်တွေပါ ရေမြုပ်ကုန်နိုင်တယ်” ဟု တောင်လေးလုံးလမ်းဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၆ ရက်တွင် တောင်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တောင်ကြီးမြို့ပေါ်မှ ရွှေညောင်မြို့ဘက်သို့ ရေအလုံးအရင်းနှင့် စီးဆင်းကျရောက်လာခဲ့သည်။

ထို့ပြင် ရွှေညောင်မြို့မြောက်ဘက်ရှိ ကျီးဖြူကန်မှာလည်း ရေပြည့်လျှံလာခဲ့သဖြင့် တာယောချောင်းရေ ပြည့်လျှံကာ တောင်လေးလုံးလမ်းတစ်လျှောက်လုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင်လည်း ယနေ့ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) ရှိ နေအိမ်အချို့အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

#MeKongNews
#ရွှေညောင်
#တာယောချောင်း
#တောင်လေးလုံးကျေးရွာ
#ရေကြီးရေလျှံ
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now